Sony, Honda ဖက်စပ်လုပ်ငန်း သဘောတူညီ လက်မှတ်ရေးထိုး 


Sony, Honda ဖက်စပ်လုပ်ငန်း သဘောတူညီ လက်မှတ်ရေးထိုး 

ဂျပန်နိုင်ငံမှ Sony  နှင့် Honda Motor  တို့က ၂၀၂၅  ခုနှစ်တွင် လျှပ်စစ်ကားများ စတင်ရောင်းချမည့်  ဖက်စပ်လုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု ဆတူ ထည့်ဝင်ပြီး ထူ‌ထောင်ကြရန်  ကြာသပတေးနေ့(ဇွန် ၁၆ ရက်)တွင် တရားဝင် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Honda Motor ကလည်း  Toyota Motor  နည်းတူ လျှပ်စစ်မော်တော်ယာဉ်  electric vehicles (EV) သို့ ကူးပြောင်းဖို့ အခြားကမ္ဘာ့မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီးများထက် နှေးကွေး နေပါတယ်။

ရင်းနှီးမြှုပ်နှံသူများက လျှပ်စစ်ကားများ ထုတ်လုပ်ရန်၊ ပင်ကိုမောင်းနှင်နိုင်သော ဉာဏ်ရည်မြင့်ကားများ ထုတ်လုပ်ရန် ဖိအားပေးခြင်း ခံနေရပါတယ်။

 Honda Motor မှာ Honda e  အီးဗီတစ်မျိုးတည်းသာ ရှိပါသေးတယ်။ ဒါပေမဲ့ ၂၀၃၀ မှာ အီးဗီမော်ဒယ် ၃၀ ခု ရှိနေမှာ ဖြစ်ပြီး တစ်နှစ်လျှင် အီးဗီ စီးရေ ၂ သန်း ထုတ်လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။

ဖက်စပ်လုပ်ငန်းကို မတ်လမှာ ပထမဆုံးအကြိမ် အသိပေးကြေညာခဲ့ပါတယ်။ ဖက်စပ်လုပ်ငန်း အမည်က  Sony Honda Mobility ဖြစ်ပါတယ်။

Honda က ကားတွေ ထုတ်လုပ်ဖို့နှင့် ရောင်းချဖို့အတွက် ၎င်းရဲ့ အတွေ့အကြုံများဖြင့် တာဝန်ယူ မှာ ဖြစ်ပါတယ်။

 Sony က ဆော့ဖ်ဝဲလ်နှင့် နည်းပညာပိုင်းကို တာဝန်ယူမှာ ဖြစ်ပါတယ်။

Honda နှင့် Sony တို့က ဖက်စပ်လုပ်ငန်းမှာ ယန်း ၅ ဘီလီယံ ($37.52 million)စီ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

Honda မှ အကြီးတန်းအရာရှိ Yasuhide Mizuno, က ဖက်စပ်လုပ်ငန်း Sony Honda Mobility ရဲ့ စီးအီးအို တာဝန်ကို ရယူပါမယ်။ 

Sony မှ တွဲဘက် ဒုဥက္ကဋ္ဌ Izumi Kawanishi က Sony Honda Mobility ရဲ့ ဥက္ကဋ္ဌ နှင့် လုပ်ငန်းလည်ပတ်မှု အရာရှိချုပ် (CFO) အဖြစ် တာဝန်ထမ်းဆောင်ပါမယ်။

#MyanmarAutomobileGuide 

Read 934 times