Sony နှင့် Honda တို့ရဲ့ အီးဗီ ၂၀၂၅ အမှာစာ စတင်လက်ခံမည်ဟုဆို


 

Sony နှင့် Honda တို့ရဲ့ အီးဗီ ၂၀၂၅ အမှာစာ စတင်လက်ခံမည်ဟုဆို

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U


 

 Sony Group နှင့် Honda Motor တို့ ထူထောင်ထားတဲ့ ဖက်စပ်လုပ်ငန်း Sony Honda Mobility မှ ထုတ်လုပ်မယ့် အီးဗီအတွက် အမှာစာများကို ၂၀၂၅ မှာ စတင်လက်ခံမည်ဖြစ်ပြီး ၂၀၂၆ နွေဦးမှာ အမေရိကန်ဈေးကွက်မှာ ကားများ စတင်ပေးအပ်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

 

အီးဗီမော်ဒယ်အသစ်က ကားဖြင့် သွားလာပို့ဆောင်ရေးအပြင် ဂီတနှင့် ဂိမ်း ဖျော်ဖြေရေး ကဏ္ဍများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှာ ဖြစ်ပါတယ်။ 

 

"အမှာစာများထံ ပထမဆုံးအသုတ် ပေးပို့မှုကို ၂၀၂၆ နွေဦးပေါက်မှာ မြောက်အမေရိကမှာ စတင်ဖို့ မျှော်လင့်ပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကားတွေကုိ မှာကြားထားသူများထံ စတင်‌ပေးပို့ဖို့ အစီအစဉ်ရေးဆွဲထားပါတယ်"လို့ ဖက်စပ်လုပ်ငန်း Sony Honda Mobility  ဥက္ကဋ္ဌ Yasuhide Mizuno က ပြောကြားပါတယ်။

အီးဗီများကို အမေရိကန်နိုင်ငံရှိ Sony Honda Mobility ကားစက်ရုံမှာ ထုတ်လုပ်မှာဖြစ်လို့ အမေရိကန်ဈေးကွက်ထဲ အရင်ဆုံး ဖြန့်ဖြူးတာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေဖြင့် ဥရောပဈေးကွက်သို့ ဝင်ရောက်မှာ ဖြစ်ပါတယ်။ 

Sony Honda Mobility  ဖက်စပ်လုပ်ငန်းကို အရင်းအနှီး ယန်း ၁၀ ဘီလီယံ ဖြင့် ထူထောင်ထားပြီး Sony နှင့် Honda တို့က ဆတူ ၅၀% စီ ပိုင်ဆိုင်ပါတယ်။

Source Asia Nikkei

Read 256 times