ဆိုနီ ဟွန်ဒါ ဖက်စပ်လုပ်ငန်း အီးဗီမော်ဒယ် ၃ ခု ထုတ်လုပ်မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Honda Motor Co နှင့် Sony Group တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း Sony Honda Mobility သည် ၂၀၂၅ ခုနှစ်မှစ၍ ၅ နှစ်တာအတွင်း အီးဗီမော်ဒယ် ၃ ခု ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။
၂၀၂၅ ခုနှစ်တွင် ဆီဒင်မော်ဒယ်ကို စတင်ထုတ်လုပ်မည်။
၂၀၂၇ ခုနှစ်တွင် SUV မော်ဒယ်ကို စတင်ထုတ်လုပ်မည်။
၂၀၂၈ ခုနှစ်နှင့် ၂၀၃၀ ပြည့်နှစ်အတွင်းမှာ ဈေးသက်သာသည့် ကားအငယ်စားမော်ဒယ် ထုတ်လုပ်မည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် Sony Honda Mobility သည် "Afeela" အမှတ်တံဆိပ်အမည်ဖြင့် ၂၀၂၅ နှစ်ကုန်တွင် ဆီဒင်ကားကို စတင်ရောင်းချတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြောက်အမေရိက ဈေးကွက်တွင် တာစထွက်မည်ဖြစ်သည်။
Afeela Sedan ဈေးနှုန်းသည် ယန်း ၁၀ သန်း ($66,413) အထက်တွင် ဖြစ်မည်ဟု ခန့်မှန်းထားသည်။
Sony Honda Mobility ဖက်စပ်လုပ်ငန်းကို ၂၀၂၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး Honda ၏ အင်ဂျင်နီယာနှင့် မော်တော်ကားများ တည်ဆောက်ရာတွင် အတွေ့အကြုံများကို Sony ၏ ဆော့ဖ်ဝဲလ်နှင့် ဂိမ်းကျွမ်းကျင်မှုများဖြင့် ပေါင်းစပ်ကာ အီးဗီ ထုတ်လုပ်မည် ဖြစ်သည်။
Sony Honda Mobility သည် ယာဉ်အတွင်း ဂိမ်းကစားနိုင်ရန် အမေရိကန်နိုင်ငံအခြေစိုက် Epic Games ထံမှ ကွန်ပျူတာ အဆင့်မြင့် ဂရပ်ဖစ်နည်းပညာကို သုံးစွဲမည် ဖြစ်သည်။
Source Asia Nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL