Sony + Honda အီးဗီများ  ၂၀၂၅ မှာ လမ်းများပေါ် ရောက်လာမည်


Sony + Honda အီးဗီများ  ၂၀၂၅ မှာ လမ်းများပေါ် ရောက်လာမည်

 

Sony Group က ရှယ်ယာပိုင်ရှင်များ ပုံမှန် အစည်းအဝးကို တိုကျိုမြို့မှာ ကျင်းပခဲ့ရာ၌ အကြီးအကဲ ဥက္ကဋ္ဌ   Kenichiro Yoshida က လျှပ်စစ်ကား စစ်စစ်ကို ၂၀၂၅ မှာ စတင်ထုတ်လုပ်မှာဖြစ်ကြောင်း ပြောကြားပါတယ်။

အစုရှယ်ယာရှင်တစ်ဦးက ရွေ့လျားသွားလာနိုင်မှုကဏ္ဍက ဗီဒီယိုဂိမ်းများနှင့် မတူကြောင်းဦ ဘေးကင်းရေး အလွန်အရေးကြီးကြောင်း၊ အဲဒီကဏ္ဍမှာ ပါဝင်ပတ်သက်ချင်တယ်ဆိုရင် စိတ်ပိုင်းဖြတ်ထားဖို့ လိုကြောင်း၊ တာဝန်ခံမှုအတွက် ရှေ့ကို ထွက်ပြီး တာဝန်ယူဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

Sony က Honda နှင့် အတူလက်တွဲပြီး ၂၀၂၂ မှာ  “Sony Honda Mobility”  ဖက်စပ်ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ဖက်စပ်ကုမ္ပဏီရဲ့ ပထမဆုံးကားက ၂၀၁၅ မှာ လမ်းပေါ်သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားစစ်စစ် မော်ဒယ်များ ထုတ်လုပ်ခြင်းနှင့်အတူ ဝန်ဆောင်မှုများကိုပါ ပေးအပ်မှာ ဖြစ်ပါတယ်။ 

Yoshida က လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်ဖို့ကို Sony နှင့် Honda တို့က အရင်းအနှီး ပူးတွဲထည့်ဝင်ကြောင်း၊ ဘေးကင်းရေးအတွက် ကုမ္ပဏီက အဓိကာအားဖြင့် တာဝန်ရှိကြောင်း၊ ဘေးကင်းစေရေးအတွက် မလွဲမသွေ လုံလောက်အောင် ဆောင်ရွက်ရမည်သာဖြစ်ကြောင်း ပြောကြားပါတယ်။ 

“Sony Honda Mobility”  ဖက်စပ်ကုမ္ပဏီမှ ၂၀၂၅ မှာ ထုတ်လုပ်မယ့်ကားများဟာလည်း ချွတ်ချော်မှု ကင်းပြီး စိတ်ချရတဲ့ကားများ ဖြစ်လိမ့်မယ်လို့ Yoshida က ပြောကြားပါတယ်။ 

Sony စတင်ဖွဲ့စည်းကတည်းက စာဖြင့် မရေးထားတဲ့ စည်းကမ်းတစ်ခု ရှိပါတယ်။ "လူ့အသက်နှင့် နှီးနွှယ်သောပစ္စည်းများ မလုပ်ကိုင်ရန်" ဆိုတဲ့ စည်းကမ်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ အဲဒီစည်းကမ်းကို Sony က ဘေးချိတ်ထားလိုက်ပြီလို့ ဆိုနိုင်ပါတယ်။ လူ့အသက်နှင့် ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာထုတ်ကုန်များ၊ လျှပ်စစ်ကားစစ်စစ်များကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ "Sony က ယခုအခါ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေ လုပ်ကိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများမှာ ကျွန်တော်တို့က ဘေးကင်းစေရေးကို သေချာအောင် လုပ်ပါတယ်" လို့ Yoshida က ပြောကြားပါတယ်။

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U

Read 368 times