Sony ပထမဆုံး လျှပ်စစ်ကား Afeela ကို ပြသ


Sony ပထမဆုံး လျှပ်စစ်ကား Afeela ကို ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Sony Group ၏ ပထမဆုံးကားသည် ခေတ်မီနည်းပညာများဖြင့်  မောင်းသူမဲ့ စွမ်းရည်များကို Qualcomm ချစ်ပ်များဖြင့် ဖန်တီးပေးထားပြီး ဗီဒီယိုဂိမ်းထုတ်လုပ်သူ  Epic Games က ကားအတွင်း ဖျော်ဖြေရေးကို ပူးပေါင်းဆောင်ရွက်ပေးထားသည်။ 

ဂျပန်မှ ဖျော်ဖြေရေး မဟာလုပ်ငန်းကြီး Sony က နောက်ဆုံးဘိတ် ရှေ့ပြေးပုံစံ လျှပ်စစ်ကားကို brand အမည် "Afeela" ဖြင့် ပွဲထုတ်ထားသည်။  ဗုဒ္ဓဟူးနေ့ (ဇန် ၁၁) တွင် အမေရိကန်နိုင်ငံ လပ်စ်ဗေးဂတ်စ်မြို့
တွင် ကျင်းပသည့်  CES 2023 စားသုံးသူနည်းပညာပြပွဲအကြိုအဖြစ် ပွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ 

Sony  သည်  Afeela  ကို Honda Motor နှင့် အတူလက်တွဲပြီး လုပ်ကိုင်လျက် ရှိသည်။ ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဈေးကွက်တွင် စတင်ရောင်းချရန် ရည်မှန်းထားသည်။ 
Sony Honda Mobility ဖက်စပ်လုပ်ငန်း၏ စီအီးအို Yasuhide Mizuno က မော်တော်ယာဉ် ဒီဇိုင်းကို သမားရိုးကျ တွေးခေါ်ပုံများ၏ အပြင်ဘက်သို့ ထွက်ပြီး ဒီဇိုင်းထုတ်ထားကြောင်း ပြောကြားသည်။ 

  Afeela  သည် အလိုအလျောက် ထိန်းကျောင်းမောင်းနှင်နိုင်စွမ်း Level 3 self-driving အဆင့် ရှိသည်။ 

Level 3 အဆင့်တွင် ယာဉ်က ပတ်ဝန်းကျင်ကို သိနိုင်စွမ်း ရှိသည်။ ၎င်းဘာသာ ဆုံးဖြတ်ပြီး ကားကို ဘေးမသီအောင် မောင်းနှင်ပေးမည်။ နှေးသည့်ကားကို ကျော်တက်မည်။ သို့သော် အရေးကြုံလာပါက မောင်းသူ လူက ချက်ချင်း ကားကို ထိန်းကျောင်းပေးနိုင်အောင် စီစဉ်ပေးထားသည်။ သို့ဖြစ်ရာ ယာဉ်မောင်းသည် နိုးနိုးကြားကြား ရှိဖို့ လိုအပ်သည်။ ပုံမှန်အခြေအနေများတွင် ကားက ၎င်းဘာသာ ဆုံးဖြတ်ပြီး ကားကို မောင်းနှင်ပေးနေမည် ဖြစ်သည်။ ယခုလို စွမ်းရည်ရရှိဖို့  Qualcomm ချစ်ပ်ကို သုံးစွဲမည် ဖြစ်သည်။ ပင်ကိုမောင်းနှင် စွမ်းရည်အတွက် ကင်မရာနှင့် စင်စာ ၄၅ ခု တပ်ဆင်ထားသည်။ 


ယာဉ်တွင်း ဖျော်ဖြေမှုများ ထည့်ပေးထားသည်။ ရှေ့ထိုင်ခုံနှင့် နောက်ထိုင်ခုံ နှစ်နေရာစလုံးတွင် စီးနင်းလိုက်ပါသူက ဗီဒီယိုရုပ်ရှင် ကြည့်နိုင်အောင် စီစဉ်ပေးထားသည်။ ဗီဒီယို ဂိမ်းလည်း ကစားနိုင်သည်။ ထို့အတွက်  Sony က အမေရိကန် ဂိမ်းလုပ်ငန်း Epic Game နှင့် ပူးပေါင်းလုပ်ကိုင်ထားသည်။ 
Source  asia.nikkei

 

 

 

 

 

Read 1566 times