ဆလင်ဒါ Head တွင်ရှိသော ရေလိုင်း၊ ဆီလိုင်းများ အပြစ်အနာအဆာရှိ / မရှိ Pressure Test ပြုလုပ်၍ စမ်းသပ်စစ်ဆေးရသည်။
အလူမီနီယမ် Head တွင် အက်ကွဲကြောင်းများရှိလျှင် Head တစ်ခုလုံးကို သန့်ရှင်းဆေးကြောပြီး အက်ကြောင်းနေရာကို TIG Welding ဂဟေဆော်၍ ဖာထေး ပြုပြင်နိုင်သည်။
TIG Welding ဆိုသည်မှာ သံထည်၊ သံချောင်း၊ သံပြားများကို ဂဟေဆော်သော သံဂဟေဆော်ခြင်းနှင့် မတူပါ။
တန်စတင်သတ္ထုကိုအသုံးပြုပြီး သံဂဟေဆော်သော Tungsten Inert Gas (TIG) Welding ဂဟေဆော်နည်း ကို သံထည်မဟုတ်သော အလူမီနီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီသတ္ထုစပ် (Copper alloys)နှင့်Stainless Steel ပစ္စည်းများကို ဂဟေဆော်ရာတွင် အသုံးပြုပါသည်။
ဂတ်စ် Weld-ing ဆော်ရာတွင်သုံးသော အောက်ဆီ အက်ဆစ်တလင်း ဓာတ်ငွေ့မျိုးကို မသုံးပါ။
TIG Welding တွင် အာဂွန်ဓာတ်ငွေ့ (Argon Gas) နှင့် ဟေလီယမ် (Helium) ဓာတ်ငွေ့ကို အသုံးပြုသည်။
TIG Welding နည်းဖြင့် ဂဟေဆော် ခြင်းသည် အကောင်းဆုံးဂဟေသား အရည်အသွေးကို ရရှိနိုင်သဖြင့် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်မှုလုပ်ငန်းများတွင်သာမက လေယာဉ်တည်ဆောက်မှုစက်မှုလုပ်ငန်း (Aerospace Industry) များ၌ပါ တွင်ကျယ်စွာ အသုံးပြုနေပါသည်။
ဆလင်ဒါ Head ပျက်စီးစေသော အခြားအကြောင်းတစ်ခုမှာ အင်ဂျင်မီးခေါက်သံ ဖြစ်ပေါ်ခြင်းဖြစ်သည်။
မီးခေါက်သံ ပြင်းထန်ပါက ပစ္စတင်များ ပျက်စီးရုံသာမက ဗားများနှင့် ဆလင်ဒါ Head ကိုပါ ထိခိုက် ပျက်စီးစေသည်။
အရည်အသွေးညံ့သော ဓာတ်ဆီသုံးခြင်း၊ မီးတိုင်မင်စောလွန်းခြင်း၊ Misfire ဖြစ်ခြင်းများကြောင့် အင်ဂျင်မီးခေါက်သံဖြစ်ပေါ်ရသည်။
ဆလင်ဒါ Head ကို ပြင်းထန်စွာပျက်စီးစေနိုင်ရန် အခြားအကြောင်းတစ်ခုမှာ ကားမောင်းနေစဉ် Timing Belt ကြိုး ပြတ်သွားခြင်းဖြစ်သည်။
Timing Belt ပြတ်လျှင် Valve အဖွင့် အပိတ်တိုင်မင်နှင့် Piston အတက် / အဆင်းတိုင်မင်များ လွဲချော်သွားပြီး Piston နှင့် ဗားများ ထောက်မိကာ ပျက်စီးခြင်းဖြစ်သည်။ ဗားများ ကောက်ပြီး ဗားဆီး၊ဗားဂိုက်အထိုင် များ ပျက်နိုင်သည်။ Camshaft ကောက်သွားနိုင်သည်။ Camshaft ထက်ပိုင်းကျိုးသွားနိုင်သည်။ ထို့ကြောင့် Timing Belt သုံးစွဲမှုသက် တမ်းကို ဂရုစိုက်ရသည်။
ကားဟောင်းအင်ဂျင်များတွင် Timing Belt သက်တမ်းခရီးမိုင် (၆၀၀၀၀) ခန့်မောင်း ပြီးပါက အသစ်အစားထိုးလဲသင့်သည်။
ကားသစ်အင်ဂျင်များတွင် Timing Belt လဲရန် သတိပေးမီးလင်းသော အချက်ပြစနစ်ပါသည်။ သို့ သော်လည်း ခရီးအကွာအဝေးကီလို မီတာ (၁၀၀၀၀၀) ခန့်သုံးပြီးပါက Timing Belt အသစ် အစားထိုးလဲလှယ်ပေးသင့်သည်။
အကြောင်း အမျိုးမျိုးကြောင့် ဆလင်ဒါ Head ဖွင့်၍ပြုပြင်ပြီးတိုင်း Timing Belt အဟောင်းကို ပြန်မသုံးဘဲ အသစ်တစ်ချောင်းကိုသာ လဲပေးသင့်သည်။
Timing Belt သည် အင်ဂျင်၏ အသက်ဖြစ်သည်။ Timing Belt လဲလျှင် မူလအော်ရီဂျင်နယ် Belt ကြိုး ရအောင်ရှာပါ။
Timing Belt အရည်အသွေးညံ့၍ သက်တမ်းစေ့ အသုံးမခံဘဲ ကြိုးပြတ်လျှင် သင့်ကား အင်ဂျင်ပျက်စီးမည်။
အင်ဂျင်ရေဆူပြီး အလွန်အမင်း အပူချိန် မြင့်တက်ပါက ဆလင်ဒါ Head မျက်နှာပြင်သည် အပူကြောင့် ထုထည်ကျယ်ပြန့်ပြီး မညီမညာဖြစ် သွားတတ်သည်။
ဆလင်ဒါ Head မျက်နှာပြင် ကော့တက်၍ မညီမညာ ဖြစ်နေပါက မျက်နှာပြင်တစ်ဖြောင့် တည်းဖြစ်စေရန် ပြန်လည်ပြုပြင်ပေး ရသည်။
မျက်နှာပြင် ညီညာစေရန် Surface Grinding စက်စားပေးရ သည်။ အလူမီနီယမ်ဆလင်ဒါ Head မျက်နှာပြင်ညှိရာတွင် အထူးသတိ ထားရသည်။
အလူမီနီယမ်သတ္ထုသည် ပျော့သောသတ္ထုအမျိုးအစားဖြစ်၍ ကျောက်တိုက်စားပြီး မျက်နှာသစ်လျှင် အနည်းဆုံးလိုအပ်ချက်မျှသာ စက်စားသင့်သည်။
ကျောက်တိုက်စားမှုများသွားလျှင် မျက်နှာပြင်နိမ့်သွားပြီး အင်ဂျင် Compression အချိုး တတ်သွားမည်။
Compression မြင့် လျှင် အင်ဂျင်မီးခေါက်သံထွက်လာ တတ်သည်ကို သတိထားသင့်သည်။
ဆလင်ဒါ Head ပြုပြင်ရာတွင် အဓိက အရေးကြီးသောအရာမှာ Intake Valve နှင့် Exhaust Valve များဖြစ်သည်။
ဗား seat ဗားဂိုက် ( Guide) များ ဗားမျက်နှာပြင်အထိုင် ကျစေရန် တိကျသောအတိုင်းအတာ များဖြင့် အနုစိတ်ဆောင်ရွက်ရသည်။
ဆလင်ဒါ Head သည် ပြန်လည် ပြုပြင်၍ မရလောက်အောင် ဆိုးဆိုးဝါးဝါး ပျက်စီးနေပါက အသစ်တစ်လုံး အစားထိုးလဲလှယ်ခြင်းသာ အကောင်းဆုံးဖြစ်သည်။
သို့သော်ဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော Head မှာ တစ်ပတ်ရစ်သုံးပြီးသော Used Head များသာဖြစ်၍ ကျွမ်းကျင်သော မက္ကင်းနစ်စက်ဆရာနှင့် သေချာစွာ စစ်ဆေး၍ဝယ်သင့်သည်။
ဂျပန်ကျ၊ ပီနံကျဆိုသော Used Spare Partsများသည် ပစ္စည်းအသစ်လောက် စိတ်မချရပါ။ အသစ်ဝယ်ယူ၍ရလျှင် အကောင်းဆုံး ဖြစ်သည်။
တစ်ပတ်ရစ်သုံးပြီး ဆလင်ဒါဟတ် Head များကို အစားထိုး အသုံးပြုမည်ဆိုလျှင် ဗားဆီး၊ ဗားဂိုက်နှင့် ဗားမျက်နှာပြင်များကို အသေးစိတ် ပြန်လည်စစ်ဆေးသင့် သည်။
Camshaft နှင့် ကမ်ရှပ်ဘွတ်ချ် အထိုင်များ ပွန်းစားမှုရှိ / မရှိစစ်ဆေး သင့်သည်။ Head မျက်နှာပြင်ကိုလည်း လိမ်ကောက်နေခြင်းရှိ / မရှိအားလုံး ကို စစ်ဆေးသင့်သည်။ ဂျပန်ကျ Used Head ကိုအစားထိုးသုံးသော် လည်း လိုအပ်သည်များကို အားလုံး စစ်ဆေးပြုပြင်ပြီးမှသာ သုံးသင့်သည်။ ဆလင်ဒါ Head (အင်ဂျင် Head) ပြုပြင်ခြင်းကို အထူးသီးသန့်ပြုပြင် ဆောင်ရွက်ပေးသော Head Serviceဆိုင်များရှိပါသည်။
ထိုသို့သော Head Service ဆိုင်များတွင် မိမိကားအင်ဂျင် Head အခြေအနေကို ပြောပြ၍ ပြုပြင်ရန် လုပ်ငန်းအပ်နှံနိုင်ပါသည်။
ကားစက်ပြင် ဝပ်ရှော့ပ်များသည် အင်ဂျင်အစိတ်အပိုင်းများအား စက်ခုတ်စားခြင်းလုပ်ရသော ကရိုင်း ရှပ်သခြင်း၊ စလစ်ဘိုးရင်းထိုးခြင်း၊ ဘလောက်ပြုပြင်ခြင်း၊ ဆလင်ဒါ Head ပြုပြင်ခြင်းများကို သီးသန့် ဆောင်ရွက်ပေးသော နေရာ / ဌာနများတွင် လုပ်ငန်းများအပ်နှံပြီး အင်ဂျင် ပြုပြင်ပေးခြင်းကို လုပ်ကိုင်လေ့ရှိကြ ပါသည်။
ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း များအနေဖြင့် ကားအင်ဂျင်တစ်လုံးမှ အရေးကြီး အစိတ်အပိုင်းဖြစ်သော ဆလင်ဒါ Head တစ်လုံး၏ ဖြစ်လေ့ဖြစ်ထရှိသော ချွတ်ယွင်းချက်ပြဿနာများနှင့် ပြုပြင်စစ်ဆေးမှုများကို သိရှိ နားလည်ထားလျှင် မိမိကိုင်တွယ်သော ကားတစ်စီးကို ထိန်းသိမ်းဂရုစိုက်ရာ တွင် အထောက်အကူပြုနိုင်ပါသည်။