အခဲဘက်ထရီသုံး အီးဗီခေတ်သို့ ဦးတည်ရွေ့လျား


အခဲဘက်ထရီသုံး အီးဗီခေတ်သို့ ဦးတည်ရွေ့လျား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကားကုမ္ပဏီများသည် အခဲအခြေအနေ Solid-state ဘက်ထရီများ ဖွံ့ဖြိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် သုတေသနလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လာသည်နှင့်အမျှ အခဲချည်းသာ ပါသည့် all-solid-state ဘက်ထရီများကို ၂၀၃၀-၂၀၃၅ ခုနှစ် ကာလတွင် အမြောက်အမြား ထုတ်လုပ်ကြမည်ဟု သုတေသနလုပ်ငန်း TrendForce မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအခါ၌  လီသီယမ်ဘက်ထရီများ၏ စွမ်းအင်သိပ်သည်းဆသည် 500 Wh/kg သို့ရောက်ရှိနိုင်သည်။ အရည်လစ်သီယမ်ဘက်ထရီများထက် နှစ်ဆမှ သုံးဆရှိမည့် ခရီးတာအထိ မောင်းနှင်နိုင်မည်။

လက်ရှိတွင် အီးဗီများနှင့် ဟိုက်ဘရစ်ကားများသည် အရည်လစ်သီယမ်ဘက်ထရီများကို အဓိကအသုံးပြုသည်။
အရည်လစ်သီယမ်ဘက်ထရီများကို အဓိက အမျိုးအစား နှစ်မျိုးကို အမလျှပ်ခေါင်း ကက်သုတ်တွင် သုံးသည့် ပစ္စည်းအရ ခွဲခြားထားသည်။
တမျိုးမှာ နီကယ် ကိုဘော့ မဂ္ဂနိစ် nickel-cobalt-manganese (NCM) ဖြစ်ပြီး ကျန်တစ်မျိုးမှာ လစ်သီယမ် သံ ဖော့စဖိတ် lithium iron phosphate (LFP) ဖြစ်သည်။
၎င်းဘက်ထရီ နှစ်မျိုးစလုံး စွမ်းအင်သိပ်သည်းမှုကို အစွမ်းကုန်အထိ မြှင့်တင်နိုင်ခဲ့ကြပြီ ဖြစ်သဖြင့် ထပ်တိုးဖို့ ခဲယဉ်းနေပြီဟု TrendForce က ဆိုသည်။

ယခုအခါ ယေဘုယျအားဖြင့် NCM ဘက်ထရီ သုံးသော အီးဗီသည် ခရီးတာ 500-600 km သွားနိုင်သည်။ LFP ဘက်ထရီ သုံးသော အီးဗီသည် ခရီးတာ 300-500 km သွားနိုင်သည်။
ဆီစားသက်သာသော ဓာတ်ဆီကားသည် ခရီးတာ 600-1,200 km သွားနိုင်သည်။
သို့ဖြစ်ရာ ဓာတ်ဆီကားကို ဘက်ထရီကားများက မမီချေ။ အပြတ်အသတ်ကွာနေသည်။ ထိုအားနည်းကို အခဲဘက်ထရီက ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ ဓာတ်ဆီကားနည်းတူ ဘက်ထရီကားများ ခရီးတာ ဝေးဝေးလံလံ သွားနိုင်စေမည် ဖြစ်သည်။ 

အဖိုလျှပ်ခေါင်း anode နှင့် အမလျှပ်ခေါင်း cathode တို့ ပိုကောင်းအောင် လုပ်လျှင် စွမ်းအင် ပိုများများ သိုလှောင်နိုင်သော်လည်း အားသွင်းချိန်၊ အားပြန်ထုတ်သုံးချိန်တို့တွင် အပူအထွက်များသည်။ 


အခဲအခြေအနေ ဘက်ထရီကို လျှပ်လိုက်ပစ္စည်း electrolyte အမျိုးအစားအရ ယခုအခါ ၃ မျိုး ခွဲခြားနိုင်သည်။ ဆာလဖိုဒ် sulfide ၊ အောက်ဆိုဒ် oxide ၊ ပိုလီမာ polymer ဟူ၍ ၃ မျိုး ရှိသည်။
နောက်ထပ်ခွဲခြားပုံမှာ တဝက်တပျက် အခဲ အခြေအနေ semi-solid-state နှင့် အပြည့်အဝ အခဲ အခြေအနေ all-solid-state ဟူ၍ ဖြစ်သည်။
စွမ်းအင် သိပ်သည်းမှု၊ အားသွင်းခြင်းနှင့် အားပြန်ထုတ်သုံးခြင်းတို့တွင် ထိရောက်မှု ရှိခြင်း၊ ဘေးကင်းခြင်းတို့အရဆိုလျှင် ဆာလဖိုဒ်နှင့် အောက်ဆိုဒ်တို့သည် အခဲအခြေအနေ ဘက်ထရီအတွက် အသင့်တော်ဆုံး ဖြစ်သည်။

ဂျပန်ကုမ္ပဏီများသည် လက်ရှိတွင် ဆာလဖိုဒ်လမ်းကြောင်းကို အာရုံစိုက်နေကြသည်။ ၎င်းကဏ္ဍတွင် Toyota သည်  မူပိုင်ခွင့်များ အများအပြား ရရှိထားသည်။  Solid-state ဘက်ထရီများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် Panasonic နှင့် ဖက်စပ်လုပ်ကိုင်လျက် ရှိသည်။


Toyota သည် ၂၀၂၇ ခုနှစ်တွင် အပြည့်အဝ အခဲဘက်ထရီ all-solid-state battery ကို အမြောက်အမြား စတင်ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

Mercedes-Benz က အခဲဘက်ထရီဖြင့် အီးဗီများကို ၂၀၂၅ တွင် စတင်ထုတ်လုပ်မည်ဟု ဆိုသည်။ 

တရုတ်ကားထုတ်လုပ်သူများသည် အောက်ဆိုဒ်လမ်းကြောင်းကို အာရုံစိုက်နေကြသည်။ semi-solid ဘက်ထရီများ အမြောက်အမြား ထုတ်လုပ်နေကြပြီ ဖြစ်သည်။
ယခုနှစ်အတွင်းမှာ  Nio , Dongfeng Motor, Seres တို့သည် semi-solid ဘက်ထရီဖြင့် အီးဗီများ စတင်ထုတ်လုပ်ကြလိမ့်မည်။

semi-solid-state battery ၏ စွမ်းအင်သိပ်သည်းမှုမှာ 300~400 Wh/kg ခန့် ဖြစ်သည်။

Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 887 times