ဆိုလာပါဝါသုံး လေအေးပေး ဘတ်စ်မှတ်တိုင် စတင်အသုံးပြု


ဆိုလာပါဝါသုံး လေအေးပေး ဘတ်စ်မှတ်တိုင် စတင်အသုံးပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံ၏ ပထမဆုံး လေအေးပေး ဘတ်စ်မှတ်တိုင် “Sabay Square” သည် ဘန်ကောက်မြို့ ပရာဝပ်ခရိုင်ရှိ Seacon Square ရှော့ပင်းမော်လ် ရှေ့တွင် တည်ရှိပါသည်။
ဧပြီလ ၂၆ ရက်တွင် စတင်အသုံးပြုခဲ့ပါသည်။

“Sabuy Square” ဘတ်စ်မှတ်တိုင်ကို Seacon Square၊ Bangkok Cool Cool Co Ltd နှင့် Bangkok Metropolitan Administration (BMA) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။
စွမ်းအင်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် စံပြအဖြစ် ရှေ့ပြေးပရောဂျက်တစ်ခုအနေဖြင့် အကောင်အထည် ဖော်ခဲ့ပါသည်။

 


 
၎င်းဘတ်စ်မှတ်တိုင်သည် အများသူငှာ သွားလာနေသူများကို အပူနှင့် လေထုထဲရှိ PM2.5 အမှုန်အမွှားများမှ ကာကွယ်ပေးပါသည်။

စတုရန်းမီတာ ၄၀ ကျယ်ဝန်းသော Sabuy Square ဘတ်စ်မှတ်တိုင်သည် ဆိုလာစွမ်းအင် အသုံးပြုထားပြီး ဘတ်စ်၊ တက္ကစီနှင့် ဗင်ကားများ စောင့်ဆိုင်းနေသူ အယောက် ၄၀ ဆံ့ပါသည်။
free WiFi ၊ USB အားသွင်းပေါက်များ၊ သောက်ရေအတွက် ရေသန့်စက်တစ်လုံး၊ CCTV ကင်မရာ၊ အရေးပေါ် အချက်ပေးစနစ်၊ အရေးပေါ် ရဲခေါ်သည့် ခလုတ်၊ မှတ်တိုင်သို့ လာနေသည့် ဘတ်စ်ကားများ အခြေအနေ ပြသခြင်းတို့ တပ်ဆင်ပေးထားပါသည်။ 

 


နေ့စဉ် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ဘတ်စ်ကားမှတ်တိုင်ကို အသုံးပြုနိုင်သည်။
Source bangkokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 349 times