အီးဗီကိုယ်ထည်ပေါ်မှာ ဆိုလာပြား တပ်ဆင်မှု အလားအလာများ 


အီးဗီကိုယ်ထည်ပေါ်မှာ ဆိုလာပြား တပ်ဆင်မှု အလားအလာများ 

အီးဗီ Lightyear 0 မော်ဒယ် ကိုယ်ထည်ရဲ့ အမိုးနှင့် ရှေ့ဖုံးပေါ်မှာ ဆိုလာပြား ကပ်ပေးထားတာ စုစုပေါင်း ဧရိယာ ၅ စတုရန်းမီတာ ရှိပါတယ်။

 

မြို့တွင်း ခရီးတို သွားလာမှုများအတွက် ကားကိုယ်ထည်ပေါ်မှ ဆိုလာပြားများက လျှပ်စစ်စွမ်းအင် လုံလောက်အောင် ထုတ်ပေးနိုင်ကြတာကြောင့် ရံဖန်ရံခါမှသာ ကားဘက်ထရီကို အားသွင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။  တစ်နေ့တာမှာ ကိုယ်ထည်ပေါ်မှ ဆိုလာပြားများကို ၇၀ ကီလိုမီတာအထိ မောင်းနှင်နိုင်မယ့် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးပါတယ်။ 

ကားကိုယ်ထည်ပေါ် ဆိုလာပြား တပ်ဆင်ထားတဲ့ လျှပ်စစ်ကားမော်ဒယ်တွေ ပိုများလာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ 

Toyota က ၎င်းရဲ့ ရောင်းအား တအားကောင်းတဲ့ ဟိုက်ဘရစ်မော်ဒယ် Prius မှာ ဆိုလာပြား တပ်ဆင်ပေးဖို့ စီစဉ်နေပါတယ်။  BZ4X အပါအဝင် ရာနှုန်းပြည့် လျှပ်စစ်ကားမော်ဒယ်တွေမှာလည်း ဆိုလာပြားတွေ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ 

Tesla က လာမယ့်နှစ်မှာ စတင်ထုတ်လုပ်မယ့် ပစ်ကပ်ကားမှာ ဆိုလာပြားတပ်ဆင်နိုင်ဖို့ စီစဉ်နေပါတယ်။ 

 

Mercedes က စည်းစိမ်ရှိ အီးဗီမော်ဒယ် EQXX  ရဲ့ အမိုးမှာ ဆိုလာပြား တပ်ဆင်ပါတယ်။ ဆီဒင်ကား အမျိုးအစားဖြစ်ပြီး ခရီးတာ ကီလိုမီတာ ၁,၀၀၀ အထိ သွားနိုင်ပါတယ်။ 

ကားကိုယ်ထည်ပေါ်  ဆိုလာပြား တပ်ဖို့  ကုန်ကျစရိတ်ကလည်း အမေရိကန်ဒေါ်လာ ရာဂဏန်း ဈေးသက်သာလာပြီ ဖြစ်ပါတယ်။ 

ဆိုလာပြားတပ်တာအတွက် ကုန်ကျစရိတ်ပမာဏက ကားတစ်စီးလုံးရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်းမှာ အစွန်းထွက်လောက်သာ  ရှိပါတော့တယ်။ 

 ဆိုလာပြား တပ်ထားခြင်းရဲ့ အဓိက အကျိုးကျေးဇူးက အီးဗီ သွားနိုင်တဲ့ ခရီးတာကို တိုးစေတာ ဖြစ်ပါတယ်။ တစ်ရက်တာ ရရှိတဲ့ အားဖြင့် ဘက်ထရီကို အားအပြည့် ဖြည့်မပေးနိုင်ပေမဲ့ မြို့တွင်းခရီးတိုတွေ သွားလာဖို့အတွက်တော့  လုံလောက်အောင် အားဖြည့်ပေးနိုင်ပါတယ်။ 

အနည်းဆုံးအနေဖြင့် ဆိုလာပြားများထံမှ ရရှိတဲ့ လျှပ်စစ်စွမ်းအင်ဖြင့် ကားအဲကွန်း သုံးစွဲဖို့ လုံလောက်တဲ့အပြင် ပိုလျှံပါတယ်။ ဒီတော့ ကားကို နေပူကြီးထဲ ရပ်ထားခဲ့ရလို့ ကားထဲ ပူလောင်နေမှာကို ကာကွယ်ဖို့ အဲကွန်း ဖွင့်ထားခဲ့လို့ ရနေစေမှာ ဖြစ်ပါတယ်။ ကားဆီ ပြန်ရောက်လာလို့ ကားထဲဝင်ထိုင်လိုက်တဲ့အခါ ပူကျွတ်ရွနေတဲ့ အဖြစ်ကို မကြုံရတော့ဘဲ အေးမြနေမှာဖြစ်ပါတယ်။ ထို့ပြင် ပိုလျှံတဲ့ ဓာတ်အားတွေကို ဘက်ထရီအားသွင်းပေးထားမှာ ဖြစ်ပါတယ်။ 

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U

Read 3600 times