SME စက်သုံးဆီဆိုင်များအား စတုတ္ထအကြိမ် စက်သုံးဆီ ရောင်းချပေးမည့် ကိစ္စ ထုတ်ပြန်


SME စက်သုံးဆီဆိုင်များအား စတုတ္ထအကြိမ် စက်သုံးဆီ ရောင်းချပေးမည့် ကိစ္စ ထုတ်ပြန်

အသေးစားနှင့်အလတ်စားစက်သုံးဆီဆိုင်ရာလုပ်ငန်းကော်မတီက စာအမှတ်။SME/Info-01-06/2022 ရက်စွဲ ၁.၆.၂ဝ၂၂ ဖြင့် SME စက်သုံးဆီဆိုင်များအား စတုတ္ထအကြိမ် စက်သုံးဆီ ရောင်းချပေးမည့် ကိစ္စ ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


အကြောင်းအရာ ။ ။ SME စက်သုံးဆီဆိုင်များအား စတုတ္ထအကြိမ် စက်သုံးဆီ ရောင်းချပေးမည့် ကိစ္စ ထုတ်ပြန်ခြင်း။

၁။ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) ၏ အသေးစားနှင့် အလတ်စား စက်သုံးဆီဆိုင်ရာ လုပ်ငန်းကော်မတီ အနေဖြင့် SME စက်သုံးဆီခွဲတမ်း ကို တတိယအကြိမ်မြောက် အထိရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

၂။ လာမည့် စတုတ္ထအကြိမ်မှစ၍ SME ခွဲတမ်းစာရင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ကြေညာရောင်းချ ပေးမည်ဖြစ်ပြီး ဝယ်ယူရမည့်သတ်မှတ်ဈေးနှုန်းကို Unseen (ကြိုမသိနိုင်သေးသည့်ဈေး) ဖြစ်သော ၊ ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်နေ့ ဖြစ်သည့် အင်္ဂါနေ့ PPRD ရည်ညွှန်းလက်ကားဈေးဖြင့် ရောင်းချ ပေးသွားပါမည်။

၃။ စတုတ္ထအကြိမ်အတွက် တတိယအကြိမ်မြောက်တွင် ရောင်းချပေးခဲ့သော စက်သုံးဆီ ဆိုင် ၄၁၁ ဆိုင်ကို ဆက်လက်စာရင်းသွင်းရောင်းချပါမည် ။အကယ်၍ ထပ်မံဝယ်ယူလိုခြင်းမရှိပါက ၂.၆.၂၀၂၂ နေ့ ညနေ ၄:၀၀ နာရီနောက်ဆုံးထားပြီး အကြောင်းပြန်ကြားပေးစေလိုပါသည်။

၄။ အကယ်၍ တတိယအကြိမ်မြောက် ၄၁၁ ဆိုင်တွင်မပါဝင်သေးသော SME ဆိုင်အသစ် များက ထပ်မံလျှောက်ထားဝယ်ယူ လိုပါကလည်း အောက်ပါ Excel File ကို ပြည့်စုံစွာ ဖြည့်သွင်းပြီး ၂.၆.၂၀၂၂ ညနေ ၄:၀၀ နာရီနောက်ဆုံးထားပြီး သက်ဆိုင်ရာဒေသ အသီးသီး ရှိ ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးအရာရှိရုံး (PPRD )ရုံးများမှ တဆင့်သော် လည်းကောင်း၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း ( MPTA ) မှ တဆင့်သော်လည်းကောင်း၊ SME ကော်မတီ ဥက္ကဌ ရုံးအဖွဲ့ E-mail လိပ်စာများ ဖြစ်သော

 [email protected]
သို့လိပ်မူပြီး 

[email protected]
 နှင့် 
[email protected]

 တို့သို့ မိတ္တူပေးကာ E-mail မှတဆင့်သော်၎င်းလျှောက်ထား ရမည်ဖြစ် ပါသည်။ 

၅။ အကယ်၍ Excel Form ဖြည့်သွင်းရန် အခက်အခဲရှိပါကအောက်ပါ ပုဂ္ဂိုလ် များထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။ 

(က) ဦးအောင်ဖြိုးဝေ 
တာဝန်ခံ ဥက္ကဌရုံးအဖွဲ့ 
ဖုန်းနံပါတ် 09765421047

(ခ) ဦးဇော်ဝင်း 
တွဲဖက်အထွေထွေအတွင်းရေးမှုး 
ဖုန်းနံပါတ် 09444492234
 

Read 10498 times