စမတ်ကားများ ပွဲထုတ်ကြတဲ့ ပြပွဲ


စမတ်ကားများ ပွဲထုတ်ကြတဲ့ ပြပွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမှာ ပြသတဲ့ အကြိမ်(၂၀) မြောက် ကွမ်ကျိုး နိုင်ငံတကာ ကားပြပွဲ 20th Guangzhou International Automobile Exhibition မှာ Tesla China အပါအဝင် တရုတ်နိုင်ငံမှ စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများက နောက်ဘိတ်ဆုံး မော်ဒယ်အသစ်တွေ ပြသကြပါတယ်။ 
ဧရိယာ ၂၂၀,၀၀၀ စတုရန်းမီတာရှိသော Canton Fair Complex တွင်ကျင်းပသည့် တရုတ်နိုင်ငံရဲ့ အကြီးဆုံး မော်တော်ကားပြပွဲကြီးတစ်ခုဖြစ်ပါတယ်။
ဈေးနှုန်းအမြင့်တန်း လျှပ်စစ်ကားစစ်စစ် ဉာဏ်ရည်ပါ စမတ်ကားမော်ဒယ်များကို ပွဲထုတ်ကြပါတယ်။ 
ကွမ်ကျိုး နိုင်ငံတကာ ကားပြပွဲကို သောကြာနေ့ (ဒီဇင်ဘာ ၃၀) မှာ စတင်ဖွင့်လှစ်ပြသခဲ့ပါတယ်။


တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းကြီး Baidu Inc နှင့် ထိပ်တန်းကားထုတ်လုပ်သူ Geely Holding Group တို့ ၂၀၂၁ မတ်လမှာ ဖက်သပ်ထူထောင်ခဲ့တဲ့ ဉာဏ်ရည်ပါ လျှပ်စစ်မော်တော်ယာဉ် ကုမ္ပဏီ Jidu က ၎င်းရဲ့ ပထမဆုံးဖြစ်သော ရိုဘိုကား robocar မော်ဒယ် Robo-01  ကို ပြပွဲမှာ ပြသပါတယ်။ ယခုနှစ် ၂၀၂၃ မှာ Robo-01 ကို စတင်ရောင်းချမယ်လို့ Jidu က ဆိုပါတယ်။
Jidu က ပြပွဲမှာ ဒုတိယမြောက်မော်ဒယ် Robo-02 ကိုလည်း ပြသပါတယ်။ 

 

ကွမ်ကျိုးအခြေစိုက် GAC Group ရဲ့ လက်အောက်ခံ လုပ်ငန်း GAC Aion က ၎င်းရဲ့ နောက်ဆုံးမော်ဒယ် Hyper GT ကို ပြသပါတယ်။
စွမ်းအင်သစ်ကားဈေးကွက်ရဲ့ ဈေးအမြင့်တန်း မော်ဒယ် ဖြစ်ပြီး ဈေးအမြင့်တန်းမှာ ဦးဆောင်သူနေရာ ရဖို့ ရည်မှန်းထားပါတယ်။
GAC Group လက်အောက်မှ GAC Aion နှင့် GAC Motor တို့က ၂၀၂၂ မှာ စီးရေ ၆၂၀,၀၀၀ ထုတ်လုပ်ခဲ့ပြီး ၄၃%က စွမ်းအင်သစ်မော်တော်ယာဉ်များ ဖြစ်ပါတယ်။
GAC Motor က စိတ်ကူးပုံဖော်အဆင့် Green Space မော်ဒယ်ကို ပြသပါတယ်။ "သမားရိုးကျ လောင်စာဆီမောင်းနှင်တဲ့ ကားထုတ်လုပ်သူအနေနဲ့ ကျွန်တော်တို့ ကားတွေကို လျှပ်စစ်နဲ့ အဆင့်မြင့် ဉာဏ်ရည်ဉာဏ်သွေး နည်းပညာများဖြင့် အဆင့်မြှင့်တင်သွားမှာပါ" လို့ GAC Motor ၏ဥက္ကဋ္ဌ Zhang Yuesai က ပြောကြားပါတယ်။
Source chinadaily

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1063 times