Smart #1 တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချ 


Smart #1 တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချ 

Geely နှင့် Mercedes-Benz တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Smart Automobile ရဲ့  ပထမဆုံး မော်ဒယ် အပြည့်အဝ လျှပ်စစ်ကား Smart #1 SUV ကို ဧပြီလ၂၇ ရက်မှာ   Smart #1 SUV ကို ပွဲထုတ် ပြသခဲ့ပြီး ကြိုတင်ဝယ်ယူသည့် အမှာစာများ စတင်လက်ခံခဲ့ရာ  ၂၄ နာရီအတွင်းမှာ စီးရေ ၁၀,၀၀၀ အမှာစာ ရရှိခဲ့ပါတယ်။ 


Smart #1 ကို ဗားရှင်း ၃ မျိုး Pure+, Pro+ , Premium ထုတ်လုပ်ထားပါတယ်။
ဇွန်အထိ ကြိုတင်ရောင်းချခဲ့ပြီး ဩဂုတ်လတွင် ရောင်းဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
ကုန်ကြမ်းပစ္စည်းများ ဈေးတက်တဲ့အတွက် ဗာရှင်းတိုင်းကို ယွမ် ၅,၈၀၀ ဈေးမြှင့်လိုက်ပါတယ်။

  • Pure+ ရောင်းဈေး ယွမ် ၁၉၄,၂၀၀
  • Pro+ ရောင်းဈေး ယွမ် ၂၀၉,၂၀၀
  • Premium ရောင်းဈေး ယွမ် ၂၄၅,၀၀၀

သတ်မှတ်ထားပါတယ်။

စက်တင်ဘာလကုန်မှာ ဘေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ရှန်ကျန်၊ နန်ကျင်း၊ ဟံကျို၊ ချန်ရှ အစရှိသည့် မြို့များမှ ကြိုတင်ဝယ်ယူထားသူများထံ ကားများ ပို့ပေးခဲ့ပါတယ်။ 

Smart #1 SUV က အသေးစား SUV ဖြစ်ပြီး အလျား 4,270 mm ၊ အကျယ် 1,822 mm ၊ အမြင့် 1,636 mm ရှိပါတယ်။ ရှေ့နှင့် နောက်ဘီးတို့အကြား အကွာအဝေး 2,750 mm ရှိပါတယ်။
 66-kWh lithium-ion ဘက်ထရီ သုံးစွဲထားပြီး ခရီးတာ 560 km အထိ သွားနိုင်ပါတယ်။

 

Mercedes-Benz နှင့် Geely ပူးပေါင်းထုတ်လုပ်သည့် Smart #1

https://www.automobiledirectory.com.mm/article/mercedes-benz-geely-smart-1-pic.html

 


၈၀% အားပြည်ဖို့ အနှေးအားသွင်းလျှင် ၇ နာရီခွဲ ကြာပါတယ်။ DC ဖြင့် 150-kW အားသွင်းစနစ် အမြန်အားသွင်းလျှင် မိနစ် ၃၀ ကြာပါတယ်။ 
Source cnevpost

Read 1960 times