ကားသေးသေးလေးတွေမို့ လုပ်ငန်းလိုင်စင်လုပ်စရာလိုပါသေးသလား


အဓိကကတော့ ကားသေးခြင်း ကြီးခြင်းနဲ့ မဆိုင်ပါဘူး။ မိမိဟာဤကားနဲ့မည်သည့်ပစ္စည်းကိုသယ်ယူပို့ဆောင်မယ် /မပို့ဆောင်ဘူးဆိုတာနဲ့ပဲအဓိကကျပါတယ်။

ဘာပစ္စည်းမှ သယ်ယူပို့ဆောင်တာမရှိဘူးဆိုရင်တော့ လုပ်ငန်းလိုင်စင်ဆိုတာလဲမလိုပါဘူး။ မိမိက အိမ်ဆိုင်လေးဖွင့်ထားလို့ ငါးပိ၊ ငါးခြောက်၊ ဆန်၊ ဆီ၊ ဆား စသည့်ဖြင့် တနိုင်တပိုင်လေးဝယ်ခြမ်းသယ်ယူမှာမို့ ဒါမှမဟုတ် မုန့်မျိုးစုံပို့ဆောင်ချင်တာမို့အဲ့မွေးမြူရေးလေးလုပ်ချင်တာမို့ စသည်ဖြင့် အလုပ်တစ်ခုခုကြောင့် သက်ဆိုင်ရာပစ္စည်းအချို့ကို သယ်ယူပို့ဆောင်ရမယ်ဆိုရင်ဖြင့် လုပ်ငန်းလိုင်စင်လုပ်ရပါတော့မယ်။

ပုံမှာပြထားတဲ့"င"ဆိုတဲ့ကိုယ်ပိုင်စီးပွားလုပ်ငန်းလိုင်စင်မှာ ဝိုင်းပြထားတဲ့နေရာမှာ မိမိလုပ်မည့် လုပ်ငန်းပေါ်မူတည်ပြီး အမျိုးအမည်ထည့်ပေးမှာပါ။ ဥပမာ-ကုန်မာဆိုကုန်မာ၊ ကုန်မျိုးစုံဆိုကုန်မျိုးစုံ၊ စားသောက်ကုန်ဆိုစားသောက်ကုန်၊ မွေးမြူရေးဆို မွေးမြူရေး စသည်ဖြင့် လိုင်စင်လုပ်ရပါတယ်။

Credit;Nay Myo Thu Ya

 

Read 2119 times