စလစ်ဈေးများပြန်လည်ကျဆင်းလာသည့်အတွက် ၁၃၀၀ စီစီကားအချို့ကိုစလစ်ကပ်၍ ပြန်လည်တင်သွင်း


စလစ်ဈေးများပြန်လည်ကျဆင်းလာသည့်အတွက်အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားအချို့ကိုစလစ်ကပ်၍ ပြန်လည်တင်သွင်းလာကြောင်းကားတင်သွင်းသူများထံမှသိရသည်။

စလစ်ဈေးကျဆင်းသွားခြင်းကြောင့်အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားအချို့ကိုစလစ်ကပ်၍ ရန်ကုန်လိုင်စင်ဖြင့် ပြန်လည်တင်သွင်းလာကြသော်လည်းနယ်လိုင်စင်ကားများမှာ ယခင်ထက်ပိုပြီးအရောင်းအဝယ်အေးနေသည်။

နယ်လိပ်စာကားများမှာဝယ်လိုအားတဖြည်းဖြည်းနည်းသွားသောကြောင့်ဈေးတန်းတစ်ခုတွင်တန့်နေပြီး ရန်ကုန်လိပ်စာပေါက်ကားများသာဆက်လက်ဈေးမြင့်တက်နိုင်ဖွယ်ရှိကြောင်းသိရသည်။

ကားတင်သွင်းခွင့်မိုဒယ်တင်းကြပ်ပြီးနောက်သွင်းစရာကားရှားပါးလာသည့်အတွက် ၁၃၀၀ စီစီကားတစ်ချို့ကို စလစ်ကပ်ပြီးတင်သွင်းလာကြပါသည်။

ကျန်သည့်ကားများမှာလည်းသိန်းသုံးရာ၊ သိန်းလေးရာနီးပါးဖြစ်သောကြောင့်အဝယ်မနိုင်တော့သောကြောင့် ၁၃၀၀ စီစီကားများကိုသာစလစ်ကပ်ပြီးတင်သွင်းလာကြပါသည်။

စလစ်ကပ်ပြီးတင်သွင်းပါကဈေးနှုန်းအနည်းဆုံးသိန်း ၂၅၀ ဝန်းကျင်လောက်ဖြစ်သွားပြီး ဝယ်သူများမှာလည်း ၁၃၀၀ စီစီကားများကိုသိန်းနှစ်ရာအောက်သာရှာဝယ်ကြတာများပါသည်။

၁၉၉၅ မိုဒယ်အောက်ဘတ်စ်ကားများကို ဇွန် ၂၀ ရက်နောက်ဆုံးထားအပ်နှံရန်သတ်မှတ်ခဲ့ပြီးနောက်စလစ် ဈေးများပြန်လည်ကျဆင်းသွားပြီး အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ် ၈၈ သိန်းဝန်းကျင်နှင့်သက်တမ်းနှစ် နှစ်ဆယ်စလစ်တစ်စောင်လျှင်ကျပ် ၉၂ သိန်းဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။

Read 4037 times