ယာဉ်အိုယာဉ်ဟောင်း စလစ်အား ရန်ကုန်လိုင်စင် အတွက်သာ အသုံးပြုရတော့မည်


၂၀၀၁ မော်ဒယ်လ် ကားများအား ယာဉ်အိုယာဉ်ဟောင်းအဖြစ် လာမည့်နှစ်ဆန်းတွင်စတင်အပ်နှံခွင့်ပြုမည်။

မော်တော်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်း စီမံချက်အရ လာမည့်နှစ် ၂၀၂၁ ဇန်နဝါရီလ ၁ရက်မှစ၍ သက်တမ်းနှစ် ၂၀ ပြည့်ပြီးဖြစ်သည့် ၂၀၀၁ မော်ဒယ်လ် ကားများအား ယာဉ်အိုယာဉ်ဟောင်း စတင်အပ်နှံခွင့်ပေးမည် ဖြစ်ကြောင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

သက်တမ်းနှစ် ၂၀ ပြည့်ပြီးသည့် မော်တော်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင်း စီမံချက်အား ၂၀၁၁ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ရာ ယာဉ်ကြံ့ခိုင်မှု အားနည်းပြီး အများပြည်သူလမ်းမ များပေါ်တွင် မောင်းနှင်ခြင်းမရှိစေရန် ယာဉ်အိုယာဉ်ဟောင်း တစ်စီးအပ်နှံ၍ ပြည်ပနိုင်ငံမှ ယာဉ်အသစ် တစ်စီး အစားထိုး တင်သွင်းနိုင်ရန် လူစီးစလစ် ထုတ်ပေးခဲ့သည်။

မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ၂၀၂၁ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရန် မူဝါဒသတ်မှတ်ချက် ထုတ်ပြန်ရာတွင် ယခင်နှစ်များတွင် ထုတ်ပြန်ပေးနေသည့် ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်အစီအစဉ် {Consignment စနစ်အပါအဝင်} ဖြင့် ပြည်ပမှကားတင်သွင်းခြင်းအား ထည့်သွင်းဖော်ပြထားခြင်း မရှိတော့ဘဲ ယာဉ်အိုယာဉ်ဟောင်း စလစ်အား ရန်ကုန်လိုင်စင် အတွက်သာ အသုံးပြုရတော့မည်ဖြစ်သည်

Read 18829 times