ကားထဲ ခဏတစ်ဖြုတ် တစ်မှေးအိပ်တဲ့အခါ ပူအိုက်တာ သက်သာစေဖို့ အဲကွန်းဖွင့် မှန်တွေ အလုံပိတ်ပြီး အိပ်လေ့ရှိတယ်။
အဲကွန်းဖွင့်ဖို့ ကားအင်ဂျင် စက်နှိုးထားရင်း အိပ်စက်ရာမှ ပြန်မနိုးတော့တဲ့ အဖြစ်ဆိုးကို ကြုံရတတ်တယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၂၀ ပြည့်နှစ်မှာ မလေးရှားနိုင်ငံမှာ တက္ကသိုလ် ကျောင်းသားသုံးယောက်တို့ ကားရပ်ထားပြီး စက်နှိုးထားရင်း အဲကွန်းဖွင့်ကာ တစ်ရေးအိပ်လိုက်ကြတာ ကာဗွန်မိုနောက်ဆိုက် carbon monoxide (CO) ဓာတ်ငွေ့ အဆိပ်သင့်ခံရတယ်။ သူတို့သုံးယောက် ကားထဲမှာ သတိလစ် မေ့မျောလျက်သားဖြင် တွေ့ရှိခဲ့ပြီး ကျောင်းသူ Sharifah Fariesha က အသက်မရှိတော့ဘူး။
ကျောင်းသားနှစ်ဦးဖြစ်တဲ့ , Ayuni Shazwanie နဲ့ Nor Adilah တို့ဟာ အသက်ငွေ့ငွေ့ ရှိနေသေးတာမို့ နီးရာဆေးရုံသို့ မြန်မြန်ဆန်ဆန် ပေးပို့ခဲ့ပေမဲ့လည်း ပြန်မနိုးကြတော့ဘူး။
ပြီးခဲ့တဲ့ နှစ်မှာ ဂျာကာတာမြို့ အရှေ့ပိုင်းမှာ အမျိုးသားတစ်ဦီး ယာဉ်ရပ်နားတဲ့ နေရာမှာ အဲကွန်းဖွင့်ထားတဲ့ ကားထဲ သေနေတာ ရဲက တွေ၌ရှိခဲ့တယ်။
အလောင်းကို ဆေးစစ်ကြည့်တဲ့အခါ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ အဆိပ်သင့်ပြီး သေဆုံးသွားတာဖြစ်ကြောင်း သိရတယ်။
၂၀၁၈ ခုနှစ်မှ ထိုင်းအမျိုးသမီး နှစ်ဦး ကားထဲမှာ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ကြောင့် သေဆုံးခဲ့ကြတယ်။ အာဆီယံဒေသအတွင်းမှာတင် စာရင်းက ရှည်လျားနေနိုင်တယ်။
ကားစက်နှိုးထားရင်း အဲကွန်းဖွင့်ထားတဲ့ ကားထဲ အိပ်ပျော်နေတဲ့သူ သေဆုံးရတာရဲ့ တရားခံဟာ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ ဖြစ်ပါတယ်။ အိပ်ပျော်နေမှသာ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ အဆိပ်သင့်နိုင်တာ မဟုတ်ပါဘူး။ မှန်တွေ အလုံပိတ် အဲကွန်းဖွင့်ထားတဲ့ ကားထဲမှာ နိုးနိုးကြားကြား ရှိနေတဲ့သူတွေကိုလည်း ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ အဆိပ်သင့်နိုင်ပါတယ်။
ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ ဟာ အရောင်နှင့်အနံ့မရှိသော ဓာတ်ငွေ့ဖြစ်လို့ ရှူသွင်းမိနေတာကို မသိရဘူး။
ကားအင်ဂျင်မှ ထွက်တဲ့ ဓာတ်ငွေ့တွေထဲမှာ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ ပါဝင်ပြီး တစ်နည်းနည်းဖြင် လူထိုင်စီးတဲ့ ကားအတွင်းသို့ ရောက်ရှိလာခဲ့ရင် ကားထဲ ရှိနေတဲ့သူတွေကို ဒုက္ခလှလှ ပေးပါလိမ့်မယ်။
လူတစ်ဦးက ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ ကို ရှူရှိုက်မိပါက ခန္ဓာကိုယ်တစ်လျှောက်ရှိ သွေးဆဲလ်များကို အောက်ဆီဂျင်အလုံအလောက် သယ်ဆောင်ခြင်း မပြုနိုင်ရန် ဟန့်တားတယ်။
ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ အဆိပ်ဖြစ်စေသောရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရင်ဘတ်နာခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်ပါတယ်။
ကြောက်စရာကောင်းတာက အဲဒီလက္ခဏာတွေ ပြသဖို့ အချိန်မရခင်မှာပဲ သေဆုံးသွားစေတတ်တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ကားရပ်ထားချိန် စက်နှိုးထားရင်း ကားထဲမှာ တစ်ရေးအိပ်တာကို ရှောင်ကြဉ်သင့်ပါတယ်၊
Myanmar Automobile Guide
theaseanpost.com