နေပူပြီး မိုးရွာချလျှင် လမ်းများ ချော်ရသည့် အကြောင်းအရင်း


လမ်းခင်းရာ၌ လမ်းပေါ်ရေမတင်အောင် ထည့်သွင်းစဉ်းစားပြီး ခင်းကြရပါသည်။

လမ်းအများစုသည် လမ်းဘေးသို့ အနည်းငယ်နိမ့်ဆင်းပေးထားပြီး အလယ်သို့ အနည်းငယ်မြင့်တက်သွားပါသည်။

သို့မှသာ လမ်းပေါ်တင်နေသောရေများသည် လမ်းဘေးမြောင်းထဲသို့ စီးဆင်းသွားမည်ဖြစ်ပါသည်။

နိုင်လွန်ကတ္တရာသည် နေကြဲကြဲတောက်ပူနေသော ရက်များတွင် မျက်နှာပြင် အရည်ပျော်နေပြီး ကပ်စေးစေးဖြစ်နေတက်ပါသည်။

နိုင်လွန်ကတ္တရာကို ခင်းစဉ်က ကတ္တရာတွင်ပါသော ထိုဆီတို့ အပေါ်ယံသို့ တက်လာခြင်းဖြစ်ပါသည်။

သို့သော် ကားများသွားလာခြင်းကြောင့် ကားဘီးများက နေရာအနှံ့ပျံ့နှံ့သွားအောင် ဖြန့်ပေးလိုက်ကြပါသည်။

ထိုသို့ ကြွပ်ကြွပ်ပူနေရာမှ မိုးကြီးရွာချလိုက်သောအခါ လမ်းမျက်နှာပြင်သည် လျင်မြန်စွာအေးသွားသည်။

ထိုအခါ ပူပွအေးကျုံ့ခြင်းဖြစ်စဉ်အရ အနည်းငယ်မျှလျင်မြန်စွာ ကျုံ့သွားသည်။

ထို့အခါ နိုင်လွန်ကတ္တရာသားအတွင်းရှိ ကတ္တရာနှင့် ဆီတို့သည် သာမန်ထက်လွန်ကဲသောနှုန်းဖြင့် ညှစ်ထုတ်ခံရပြီး ဆီတို့သည် လမ်းသားအပေါ်သို့ တက်လာပေသည်။

ဆီသည် ရေထက် သိပ်သည်းဆနည်းပါးသဖြင့် လမ်းပေါ်စိုနေသည့်ရေပေါ်သို့ရောက်လာကြခြင်းဖြစ်ပါသည်။

ထိုသို့အဆီလွှာရှိနေခြင်းကြောင့် ကားတာယာသည် လမ်းသားကို ခြောက်သွေ့နေစဉ်တုန်းကလို ကောင်းစွာ မကုတ်နိုင်ချေ။

တာယာရှိ ပန်းသားများ မကောင်းလျှင် လုံးဝကုတ်နိုင်တော့မည်မဟုတ်ပေ။

ကုတ်နိုင်မှု သုံညအခြေဆိုက်သဖြင့် လမ်းချော်၍ ဘီးချော်ရလေတော့သည်။

ထိုသို့အခြေအနေတွင် ကားတာယာပန်းက ကောင်းမွန်နေခဲ့လျှင် ထို့အပြင် လမ်း၏ ရေနှုတ်မြောင်းများလည်း ကောင်းမွန်နေခဲ့လျှင် လမ်းပေါ်ရေပါးပါးလေးသာရှိသောကြောင့် တာယာက ရေကိုဘေးသို့ ခွဲထုတ်နိုင်ပြီး

နောက်ဘက်သို့လည်းပက်ထုတ်ပြီး ဖယ်ရှားနိုင်ပါသည်။

သို့သော် ကားတာယာပန်းသားများက ပါးနေခဲ့လျှင် တာယာက သူ့အောက်တွင်ရှိသောရေကို မဖယ်ရှားနိုင်ဘဲ ၎င်းရေတို့ကို ကားအလေးချိန်ဖြင့် တာယာကဖိသိပ်လျက်ရှိရာ ဖိသိပ်ထားသောရေအလွှာထုက

တာယာအတွက် စကိတ်စီးသလိုဖြစ်နေပြီး အချိန်မရွေးစလစ်ဖြစ်နိုင်ပါသည်။

 

Read 899 times