SKD စနစ် Suzuki Ertiga ၊ Suzuki Ciaz နှင့် Suzuki Swift အစီးတစ်သောင်းကျော် ကနဦးမှတ်ပုံတင်ပြုလုပ်ထား


ပြည်တွင်း၌ SKD စနစ်ဖြင့် တပ် လင်ထုတ်လုပ်သော Suzuki Ertiga ၊ Suzuki Ciaz နှင့် Suzuki Swift အစီးတစ်သောင်းကျော် ကနဦးမှတ်ပုံတင် ပြုလုပ်ထားပြီး ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၊ ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

Suzuki Myanmar Motor မှ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ် ဆင်ထုတ်လုပ်ထားသော Suzuki Ertiga ၊ Suzuki Ciaz တို့ကို စတင်ထုတ်လုပ်သည့် အချိန်မှစ၍ ၂၀၁၈ ခုနှစ်ကုန်အထိ ကနဦးမှတ် ပုံတင်ပြုလုပ်ခဲ့ရာတွင် Suzuki Ertiga ၅,၁၈၂ စီးထဲမှ ၄,၇၉၇စီး ၊ Suzuki Ciaz ၅,၁၀၂ စီးထဲမှ အစီး ၄,၆၀၀ နှင့် အောက်တိုဘာ ၁၅ ရက်တွင် စတင်မိတ်ဆက်ခဲ့သည့် Suzuki Swift ၆၂၆ စီးတို့ကို ကနဦး မှတ်ပုံတင်ပြုလုပ်ထားပြီးဖြစ် ကြောင်း သိရသည်။

"Suzuki Myanmar Motor ကနေ SKD စနစ်နဲ့ တပ်ဆင်ထုတ် လုပ်ထားတဲ့ Suzuki Ertiga ၄,၉ရ စီး ၊ Suzuki Ciaz အစီးကိုလည်း ၊ Suzuki Swift ၆၂၆ စီးကိုလည်း မှတ်ပုံတင်ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

တစ်ပတ်ကို SKD ကားတွေပျမ်းမျှ အစီးခြောက်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ပါတယ်””ဟု ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

ပြည်တွင်း၌ Suzuki ကား အမျိုးအစားလေးမျိုးကို တပ်ဆင် ထုတ်လုပ်နေသည့် Suzuki Myanmar Motor မှ ဇန်နဝါရီ ၁ ရက်မှ စ၍ ဈေးနှုန်းများ ပြောင်းလဲခဲ့ရာတွင် စက်ရုံထုတ်ဈေးအဖြစ် Suzuki Ciaz ကို ကျပ် ၂၅၂ သိန်း၊ Suzuki Ertiga ကို ကျပ် ၂၄၄ သိန်း၊ Suzuki Swift GLX Grade ကို ကျပ် ၂၄၁ သိန်းနှင့် Suzuki GL Grade ကို ကျပ် ၂၀၉ သိန်းသတ် မှတ်ထားကြောင်း သိရသည်။

Read 639 times