မနေ့ကထုတ်ပြန်ကြေငြာခဲ့တဲ့ဝန်ထမ်းပါမစ်မှာ အောက်ဆုံးအဆင့်တွေအတွက် SKD ကားများသာဝယ်ယူနိုင်မယ်လို့ဆိုတာကြောင့် ရွေးချယ်နိုင်အောင် လက်ရှိမြန်မာပြည်မှာတပ်ဆင်ထုတ်လုပ်နေတဲ့ SKD ကားများကိုသိသလောက်ဖော်ပြပေးလိုက်ပါတယ်၊ လိုတာရှိရင်ဖြည့်စွက်ပေးနိုင်ပါတယ်။
SKD ဆိုတာကတော့ Semi Knocked Down ဖြစ်ပြီး ပြည်ပမှအစိတ်အပိုင်းများတင်သွင်းလာပြီး မြန်မာနိုင်ငံမှာ တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်တဲ့ကားများဖြစ်ပါတယ်။
လက်ရှိမှာတော့ Car Company ၁၀ ခုမှထုတ်လုပ်လျှက်ရှိပြီး Toyota ကတော့လာမယ့် 2021 ခုနှစ်ကျရင် Hilux Pickup ကားများထုတ်လုပ်သွားမှာဖြစ်ပါတယ်။ SKD ကားများကိုအထူးအခွင့်အရေးအနေနဲ့ ရန်ကုန်လိုင်စင်ပေးပြီး CBU (Complety Built up) လို့ခေါ်တဲ့ပြည်ပမှအစီးလိုက်တင်သွင်းလာတဲ့ ကားတွေကတော့ ရန်ကုန်လိုင်စင်လိုချင်ရင် စလစ်ကပ်ရပါမယ်။
လက်ရှိမြန်မာပြည်မှာ SKD စနစ်နဲ့ထုတ်လုပ်လျှက်ရှိတဲ့ကားများမှာ (ဝန်ထမ်းပါမစ်ကတော့ သိန်း ၃၀၀ အထိဘဲခွင့်ပြုထားလို့ရနိုင်တဲ့ကားတွေကို * ပြထားပါတယ်)
Kia : *Picanto, Rio, Cerato, Optima, Sportage, Sorento
Hyundai : *Grand i10, *Accent, Creta, Tucson
Suzuki : *Ciaz, *Swift, *Ertiga
Ford: Everest, Ranger
Nissan : *Sunny
Soueast : *A5, DX-3, DX-7 Prime
Brilliance : *V3, V6, V7
Lifan : *X50, X60, X70
BAIC : *D50, D70, X55
Jetour: X70
Toyota: Hilux Revo (Coming soon)
Swan Htet Paing