တပ်ဆင်ထုတ်လုပ်မည့်ကားများကို ဒီဇင်ဘာလအတွင်းမှစ၍ SKD 2 စနစ်ဖြင့်သာ ခွင်ပြုတော့မည်


မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ဥပဒေကို လာမည့် ဒီဇင်ဘာလအ တွင်း ထုတ်ပြန်မည်ဖြစ်ပြီး ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း တပ်ဆင် ထုတ်လုပ်မည့်ကားများကို SKD 2 စနစ်ဖြင့်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရ သည်။

မော်တော်ယာဉ် ထုတ်လုပ်မှု ဆိုင်ရာ ဥပဒေတွင် SKD စနစ်နှင့် CKD စနစ်တို့အတွက် အဓိပ္ပာယ် ဖွင့်ဆိုချက်များပါရှိပြီး SKD စနစ် ဖြင့် တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပ ဏီများကို ဥပဒေထုတ်ပြန်ပြီးချိန်၌ SKD 2 စနစ်ဖြင့်သာ ခွင့်ပြုတော့မည် ဖြစ်သည်။ 

ထို့ပြင် CKD စနစ်နှင့် SKD စနစ်တို့ဖြင့် တပ် ဆင်ထုတ်လုပ်မှုများအတွက် အခွန် အခ သက်သာခွင့်များကိုလည်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

“မော်တော်ယာဉ် ထုတ်လုပ် မှုဆိုင်ရာဥပဒေကို လာမယ့် ဒီဇင် ဘာလထဲမှာ ထုတ်ပြန်ကြေညာ သွားမှာ ဖြစ်ပါတယ်၊ ဥပဒေမှာ SKD 1 နဲ့ သွားနေတဲ့ ကုမ္ပဏီ အနေနဲ့ SKD 2 အတိုင်း တပ်ဆင် ထုတ်လုပ်ရမှာ ဖြစ်ပါတယ်၊ နည်း ဥပဒေမှာလည်း CKD နဲ့ SKD ကြား အခွန်အခ သက်သာခွင့်ကို ခွဲခြားသတ်မှတ်ထားပါတယ်၊ ပြည် ၊ တွင်းထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် CKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကို အကျိုးခံစားခွင့် ပိုပြီးပေးသွားမှာ ဖြစ်ပါတယ်”ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


မော်တော်ယာဉ် ထုတ်လုပ်မှု ဆိုင်ရာဥပဒေတွင် SKD 2 စနစ် ဖြင့် တပ်ဆင်ရမည့် အစိတ်အပိုင်း များမှာ (၁) Engine Assembly ၊ Transmission & Clutch System (၂) Welded/Painted Body with Including Chassis Group (Combination Meteri Interior Trimming Parts 1 Lamps Windshield and Wire Harness များ မတပ်ဆင်ရပါ)၊ (၃) FrontAxles ၊ Front Independent Suspensioni Rear Axles (၄) Suspension Componenti (၅) Steering Wheel and Related Parts (၆) Exhaust System (၇) Wheels & Tyres (၈) Seat Assembly (၉) Trimming Parts ၊ Dashboard Instrument Panel ၊ Windshields Wire Hamess and Other Accessories နှင့် (၁၀) Door Group (Front or Rear) Without Accessories တို့ဖြစ်ကြောင်း သိရသည်။

Read 3372 times