စင်ကာပူ ကားပိုင်ဆိုင်ခွင့်လက်မှတ် အမေရိကန်ဒေါ်လာ ၁၀၆,၀၀၀ အထိ မြင့်တက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
စင်ကာပူသည် နိုင်ငံဧရိယာ ကျဉ်းကျဉ်းလေးတွင် မော်တော်ယာဥ် အသုံးပြုသည့် အစီးရေကို ကန့်သတ်ရန် သက်တမ်း ၁၀နှစ်ကြာ ကားပိုင်ဆိုင်ခွင့်လက်မှတ် certificate of entitlemen' (COE) စနစ်ကို ၁၉၉၀ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည်။ ၎င်းစနစ်အရ ကားတစ်စီး ပိုင်ဆိုင်လိုပါက COE လက်ဝယ် ရှိဖို့ မဖြစ်မနေ လိုအပ်သည်။
စင်ကာပူတွင် မော်တော်ယာဉ်စီးရေ စုစုပေါင်း ၉၅၀,၀၀၀ ခန့်ထက် မပိုအောင် ချုပ်ကိုင်ထားသည်။
COE အသစ်ရဖို့သည် ကားအို အစီးရေ မည်မျှ မှတ်ပုံတင် ဖျက်သိမ်းသနည်း ဆိုသည့်အပေါ် မူတည်နေသည်။
ယခုအခါ စင်ကာပူတွင် ကားတစ်စီး ပိုင်ဆိုင်ဖို့ ကားဝယ်ယူသူသည် COE ရရန် ကန်ဒေါ်လာ ၁၀၆,၀၀၀ ဖြင့် ဝယ်ယူရမည် ဖြစ်သည်။ ဆင်ဖိုးထက် ချွန်းဖိုး အဆမတန် ကြီးနေသည်။
ကန်ဒေါ်လာ ၁၀၆,၀၀၀ ဖြင့် အမေရိကန်တွင် Toyota Camry ဟိုက်ဘရစ် အသစ်ကျပ်ချွတ် ၄ စီး ဝယ်စီးနိုင်သည်။
ကပ်ရောဂါပြီးနောက် ပြန်လည်ကောင်းမွန်လာမှသည့်အခါ မြို့နိုင်ငံ စင်ကာပူ၏ ယာဉ်အစီးရေ ခွဲတမ်းစနစ်အတွက် ကုန်ကျစရိတ်သည် ခေါင်ခိုက်အောင် မြင့်မားသွားသည်။
လေလံစနစ်ဖြင့် ကမ်းလှမ်းထားသော ခွဲတမ်းကြောင့် ကမ္ဘာပေါ်တွင် ကားဝယ်စီးရန် ကုန်ကျစရိတ် အကြီးဆုံးမြို့ဖြစ်လာသည်။
အင်ဂျင်ကြီးသော ကားတစီးအတွက် COE သည် ၂၀၂၀ ခုနှစ် ဈေးနှုန်းထက် ၄ ဆကျော် ဖြစ်လာသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်တွင် စင်ဒေါ်လာ ၁၄၆,၀၀၂ (ကန်ဒေါ်လာ ၁၀၆,၃၇၆) သို့ ရောက်ရှိသည်။
Toyota Camry Hybrid အသစ်တစီးသည် စင်ကာပူတွင် COE ၊ ကနဦး မှတ်ပုံတင်ကြေးများ၊ အခွန်များ အပါအဝင် စင်ဒေါ်လာ ၂၅၁,၃၈၈ (ကန်ဒေါ်လာ ၁၈၃,၀၀၀) ကုန်ကျမည် ဖြစ်သည်။
နှိုင်းယှဎ်ကြည့်မည်ဆိုလျှင် ---
• အမေရိကန်တွင် ကန်ဒေါ်လာ ၂၈,၈၅၅ ကုန်ကျသည်။
• စင်ကာပူရှိ အစိုးရထောက်ပံ့မှု ပါဝင်သည့် အသေးစား၊ တိုက်ခန်းတစ်ခန်းသည် စင်ကာပူဒေါ်လာ ၁၂၅,၀၀၀ ခန့် ကုန်ကျသည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလတွင် COE သည် စင်ဒေါ်လာ ၃၀,၀၀၀ အထိ ဈေးကျခဲ့သည်။
ကိုဗစ် လွန်မြောက်သောအခါ ကားဝယ်စီးသူ ပြန်များလာသည့်အလျောက် COE ဈေးတက်လာခြင်းဖြစ်သည်။
Source fmt
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL