ကားမောင်းသူတိုင်း လွယ်ကူစွာအသုံးပြုနိုင်မည့် ကားနည်းပညာသစ် (၆) မျိုး


ယနေ့ခေတ်တွင် ပေါ်ထွက်လာသော IT နည်းပညာရပ်နှင့် ပေါင်းစပ် လုပ်ဆောင်ရသော Safety System infotainment system နှင့် navigation system များကို ထည့်သွင်းထုတ်လုပ်လာခဲ့ကြပါသည်။

ခေတ်မီနည်းပညာများကို ရှုပ်ထွေးမှုမရှိစေဘဲ ယာဉ်မောင်းတိုင်း လုပ်ဆောင်သွားနိုင်စေရန် ရည်ရွယ်ပြီး ရိုးရှင်းသော နည်းပညာခြောက်မျိုးကို ကားထုတ်လုပ်သော ကုမ္ပဏီများက မိတ်ဆက်ပေးခဲ့ပါသည်။

1. Piloted Parking (ပါကင်ထိုးရာတွင် ထိန်းကျောင်းပေးသော စနစ်)

အားလပ်ရက် ညနေခင်းအချိန်တွင် Supermarket များကို ဈေးဝယ်ထွက်လျှင် ကားပါကင်အတွက် နေရာရှာရခြင်းမှာ စိတ်ဒုက္ခဖြစ်စေပါသည်။

ထိုကဲ့သို့ စိတ်ပင်ပန်းမှုများကို ဖြေလျှော့ပေးနိုင်ခြင်းများမှာ Audi ကားများတွင် တပ်ဆင်အသုံးပြုမည့် Piloted Parking System သာ ဖြစ်ပါသည်။

Smart phone app ကို အသုံးပြုပြီး လွတ်နေသော ပါကင်နေရာကို ရှာဖွေသွားနိုင်ပါသည်။

ကားက အလိုအလျောက်မောင်းပြီး ပါကင်နေရာလွတ်တွင် နေရာယူနိုင်ရန် Phone နှင့် ညွှန်ကြားသွားနိုင်ပါသည်။

ထို System တွင် Light Detection and Ranging (LIDAR) ကင်မရာနှင့် လမ်းကြောင်းကို ထောက်လှမ်းရှာဖွေပြီး ပါကင်ထိုးမည်ဖြစ်ပါသည်။

Piloted Parking System တွင် အဓိကလိုအပ်ချက်နှစ်ခုမှာ Self-Driving Car (ကိုယ်တိုင်မောင်းနိုင်သောကား) နှင့် တခြားကားများ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ပေးနိုင်သော Laser Sensor များသာဖြစ်ပါသည်။

ဈေးဝယ်ပြီးချိန်တွင် ကားကို ပါကင်နေရာမှ Phone နှင့် ပြန်လည်ရှာဖွေခေါ်ယူနိုင်ပါသည်။

Ford နှင့် Toyota ကားများမှာလည်း ထိုစနစ်ကို တပ်ဆင်သွားမည်ဟု သိရပါသည်။

Piloted parking system တပ်ဆင်ထားမည်ဆိုလျှင် ကားမှ စတီယာရင်ကွင်းက အလိုအလျောက်ထိန်းကျောင်းပေးသွားပါလိမ့်မည်။

2. In Car WiFi Hotspot ( ကားအတွင်း၌ WiFi အသုံးပြုနိုင်ခြင်း)

ယနေ့ခေတ်အချိန်အခါတွင် လူအများစုသည် အိမ် (သို့မဟုတ်) အလုပ်တွင် Online အသုံးပြုနေကြပါသည်။

ကားအတွင်းတွင်ရှိနေချိန် Online ကိုသုံးချင်လျှင် Smart Phone နှင့်သာ E-mail စစ်ဆေးခြင်း (သို့မဟုတ်) Facebook ကြည့်ခြင်းလောက်သာ လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။

ရုံးအလုပ်များကို Laptop အသုံးပြုပြီး ကားထဲတွင် ဆောင်ရွက်လိုလျှင် (သို့မဟုတ်) Tablet အကြီးစားတစ်ခုနှင့် Website များကို ရှာဖွေကြည့်ချင်ခဲ့မည်ဆိုလျှင် ရှာဖွေမှုကိုလွယ်ကူစွာဆောင်ရွက်ပေးနိုင်မည့် 2013 Ram 1500 ကားရှိနေပြီဖြစ်ပါသည်။

U Connect Access System ကို အသုံးပြုထားသော Ram 1500 ကားက Mobile office တစ်ခုလို ဆောင်ရွက်ပေးသွားနိုင်ပါလိမ့်မည်။

3G cellular online network ကို ချိတ်ဆက်ထား၍ WiFi စနစ်ကောင်းမွန်ပါသည်။

ပေ ၁၅၀ အကွာအဝေးအတွင်းက Device များနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

2013 SRT Viper ကားနှင့် 2014 Jiip Cherokee ကားများတွင်လည်း လစဉ်ကြေး ပေးသွင်းပြီး U Connect Access System ကို အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။

2013 Audi A6, A7 နှင့် A8 ကားများတွင်လည်း 3G WiFi Hotspot ကို အသုံးပြုသွားနိုင်မည်ဖြစ်ပြီး 2015 GM ကုမ္ပဏီ၏ Model အသစ်ကားများတွင် 4G LTE ချိတ်ဆက်စနစ်ကို တပ်ဆင်အသုံးပြုသွားနိုင်မည်ဟု ဆိုပါသည်။

3. Airless Tires (လေမဲ့တာယာ)

ယာဉ်မောင်းအများစုက ယာဉ်ကိုမောင်းနှင်နေစဉ်အတွင်း မိမိ၏ တာယာအခြေအနေကို ပြန်လည်စစ်ဆေးနိုင်ခြင်းမရှိကြောင်းသိရပါသည်။

လေယိုစိမ့်နေသော တာယာအခြေအနေနှင့် တာရှည်စွာ မောင်းမိမည်ဆိုလျှင် လောင်စာဆီကို ပိုမိုသုံးစွဲရမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးစနစ်လည်း အားနည်းလာမည်ဖြစ်ပါသည်။

ဘီးမှ ခါယမ်းနေသည့်အခါအ တာယာအပူချိန်နှင့် လေပေါင်ဖိအားကို ထိခိုက်လာစေပါသည်။

လေပေါင်နည်းနေခြင်းနှင့် များနေခြင်းတို့သည် တာယာ၏ အရည်အသွေးကို ထိခိုက်စေပါသည်။

Bridgestone တာယာကုမ္ပဏီက လေထိုးသွင်းရန်မလိုသော လေမဲ့တာယာကို တီထွင်ထုတ်လုပ်ခဲ့သည့်အတွက် ထိုပြဿနာကို ဖြေရှင်းသွားနိုင်တော့မည်ဖြစ်ပါသည်။

လေမဲ့တာယာက ပြန်လည်အသုံးပြုနိုင်သော Fully recyclable အမျိုးအစားဖြစ်၍ ပတ်ဝန်းကျင်သန့်ရှင်းပေးလုပ်ငန်းစဉ်ကိုလည်း အထောက်အကူပြုသွားနိုင်ပါလိမ့်မည်။

တာယာ၏ အတွင်းပိုင်း thermoplastic resin နှင့် ထောက်ကန်ပေးခြင်းကြောင့် ကား၏ အလေးချိန်ကို အထောက်အပံ့ပေးနိုင်သော ကြံ့ခိုင်မှုမျိုးကို ရရှိစေပါသည်။

တာယာ၏ အပေါ်ဘက်မျက်နှာပြင်မှာ ရာဘာဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ထိုတာယာအမျိုးအစားများကို ခရီးသည်တင်ကားများတွင် အသုံးပြုမည်မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ ကားများတွင် တပ်ဆင်အသုံးပြုသွားမည်ဟု ဆိုပါသည်။

4. Easy Fill Tire Alert (လေဖြည့်သွင်းရာတွင် လွယ်ကူစေသော သတိပေးစနစ်)

Nissan ကုမ္ပဏီက လေသွင်းတာယာများ လေဖြည့်သွင်းချိန်တွင် လွယ်ကူစေမည့် Easy Fill Tine Alert System ကို တီထွင်ခဲ့ပါသည်။

လေဖြည့်မည့်တာယာကို လေစတင်ဖြည့်ချိန်တွင် Filling process တစ်ခုလုံးကို Emergency lights flash နှင့် ညွှန်ပြပေးသွားမည်ဖြစ်ပါသည်။

သတ်မှတ်ထားသော လေပေါင်ဖိအားကိုရောက်ချိန်တွင် ကားဟွန်းသံမြည်လာမည်ဖြစ်ပါသည်။

အကယ်၍ ယာဉ်မောင်းက လေဖြည့်သွင်းခြင်းမျာသွားခဲ့လျှင် ကားဟွန်းသံက အဆက်မပြတ်မြည်နေမည်ဖြစ်ပြီး ယာဉ်မောင်းက Air hose နှင့် ချိတ်ဆက်ထားခြင်းကို ဖြတ်ပစ်မှသာ ဟွန်းသံက ပြန်ရပ်သွား မည်ဖြစ်ပါသည်။

လေပေါင်ဖိအားတိုင်းကိရိယာအစား ဟွန်းသံနှင့် အစားထိုးသွားမည်ဖြစ်ပါသည်။

5. Smart Headlight

ညအခါ ယာဉ်မောင်းနေစဉ်အတွင်းတွင် မိုးရွာခြင်း (သို့မဟုတ်) နှင်းများကျနေခြင်းများနှင့် ကြုံလာခဲ့ပါက ကားရှေ့မီးခွက်များသည် အလင်းရောင်ပေးနိုင်စွမ်းအားလျော့နည်းလာပြီး လမ်းပေါ်က အခြေအနေကို အသိရှိနိုင်ရန် ခက်ခဲလာပါလိမ့်မည်။

Carnegie Mellon University က Headlight System နည်းပညာသစ်ကို တီထွင်ပြီး ထိုပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ပါသည်။

System တွင် Camera, Projector, Beam splitter နှင့် Intel Based Processor တို့ပေါင်းစပ် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

မီးလုံး၏ ရှေ့မျက်နှာပြင်တွင် တင်နေသော မိုးရေစက်များကို ကင်မရာက ထောက်လှမ်းပေးပြီး နေရာမှ ဖယ်ရှားပစ်ရန် Processor က လုပ်ဆောင်ပေးပါသည်။

Projector က ရေမှုန်လေးများကြောင့် မီးအလင်းရောင်အားနည်းနေသည်ကို ထွန်းလင်းတောက်ပလာအောင် ပြန်လည် လုပ်ဆောင်ပေးသွားပါလိမ့်မည်။

ထို Function တစ်ခုလုံး၏ လုပ်သွားကြသည့် ကြာချိန်မှာ ၁၃ မီလီစက္ကန့်သာ ဖြစ်ပါသည်။

Smart Headlights စနစ်ကို Dodge Dart ကားတွင် တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ရှေ့မှလာသော ကား၏ ယာဉ်မောင်းကို အမြင်အာရုံပျက်ပြားစေခြင်းမဖြစ်အောင် ထိန်းညှိလုပ်ဆောင်ပေးသွားနိုင်ပါသည်။

6. Hydrophobic Windows (ရေကိုအမြန်ခြောက်သွေ့စေသော ကားမှန်စနစ်)

2014 KIA cadenza ကားတွင် hydrophobic Windows များကို ပထမဆုံး တပ်ဆင်အသုံးပြုခဲ့ပါသည်။

ထိုမှန်ကို အသုံးပြုခြင်းကြောင့် မိုးရေများကို လျင်မြန်စွာခြောက်သွေ့ပြီး မှန်ကို ကြည်လင်သန့်စင်သွားစေပါသည်။

KIA Candenza ကားတွင် adaptive Cruise Control, blind spot နှင့် Lane departure warning system ကို ထပ်မံပေါင်းစပ်ထားပါသည်။

အသုံးပြုခြင်းကို ရိုးရှင်းလွယ်ကူစေမည့် နည်းပညာသစ်များ ပေါင်းစပ်ပါဝင်သော ကားအမျိုးအစားများကို ရွေးချယ်အသုံးပြုကြမည်ဆိုလျှင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းမြေ့မှုကို ပိုင်ဆိုင်နိုင်ကြပါလိမ့်မည်။

 

Read 1573 times