Silk-FAW က ယူရို ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး အီတလီမှာ အိမ်စီး လျှပ်စစ်ပြိုင်ကားများ ထုတ်လုပ်မည်


Silk-FAW က ယူရို ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး အီတလီမှာ အိမ်စီး လျှပ်စစ်ပြိုင်ကားများ ထုတ်လုပ်မည်

အမေရိကန်နိုင်ငံမှ မော်တော်ယာဉ် အင်ဂျင်နီယာနှင့် ဒီဇိုင်း လုပ်ငန်းသစ် Silk EV နှင့် တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီး FAW တို့ ပူးပေါင်း ထူထောင်ထားတဲ့ Silk-FAW က ယူရို ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး အီတလီမှာ အိမ်စီး လျှပ်စစ်ပြိုင်ကားများ ထုတ်လုပ်မှာ ဖြစ်ကြောင်း  တနင်္လာနေ့ (ဇူလိုင် ၂၅) မှာ ထုတ်ပြန်ကြေညာပါတယ်။ 

Silk-FAW က စက်ရုံအသစ် တစ်ခု တည်ဆောက်ဖို့  အီတလီနိုင်ငံ Reggio Emilia မြို့မှာ မြေဝယ်ယူဖို့ ဆောင်ရွက်လျက်ရှိရာ  ဩဂုတ်လ ၅ ရက်မှာ အရောင်းအဝယ်ကိစ္စ ပြီးပြတ်မယ်လို့ ဆိုပါတယ်။ 

စက်ရုံ ဝင်းထဲမှာ  စက်ရုံအပြင် ကုမ္ပဏီရုံးချုပ်ကိုလည်း တည်ဆောက်မှာ ဖြစ်ပါတယ်။ သုတေသနဌာနကိုလည်း ထားရှိမယ်လို့ ဆိုပါတယ်။ စက်တင်ဘာလဆန်းမှာ ဆောက်လုပ်ရေးလုပ်ငန်း စတင်ဖို့ လျာထားပါတယ်။ 

Silk-FAW က တရုတ်နိုင်ငံနှင့် အီတလီတို့မှာ လျှပ်စစ်နှင့် ဟိုက်ဘရစ် စည်းစိမ်ရှိ ဟိုက်ပါအိမ်စီးပြိုင်ကားများကို တရုတ်ကား brand ဖြစ်တဲ့ Hongqi ဖြင့် ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ 

Reggio Emilia မှာ အီတလီရဲ့ ကျော်ကြားတဲ့ မော်တော်ကား တောင်ကြားလွင်ပြင် "Motor Valley" တည်ရှိပါတယ်။ ၎င်းနေရာမှာ Ferrari RACE.MI, Lamborghini, Maserati, Ducati အစရှိတဲ့ ကားbrand တို့ရဲ့ လုပ်ငန်းများ တည်ရှိပါတယ်။ 

#MyanmarAutomobileGuide 

Telegram Channel

https://t.me/Guid4U

Read 621 times