ကားတစ်စီးတွင်အခြေခံသိထားသင့်သည့်အချက်များကို ဖော်ပြအပ်ပါသည်၊
ကား၏ Power Window
ကား၏ Power Window ပုံမှန်မဟုတ်သည့်အပူချိန်ဖြစ်နေပါကကား၏ပါဝါမှန်အီလက်ထရွန်နစ်စနစ်နှင့် ဟိုက်ဒရောလစ်စနစ်ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်ပါသည်။
ပါဝါမှန်မှာသာမန်အပူချိန်ထက်ပိုပူနေပါကပါဝါမှန်မော်တာထဲတွင်ထည့်သည့်အမဲဆီတစ်မျိုးကအပူဒဏ်ခံနေရ မည်ဖြစ်ပါတယ်။
စနစ်နှစ်ခုဖြင့်ပေါင်းစပ်တပ်ဆင်ထားသည့်အတွက် အမဲဆီနည်းသည့်အချိန်တွင်စနစ်တစ်ခုကချို့ယွင်းလာပါက စနစ်တစ်ခုကပါအလုပ်မလုပ်တော့တာမျိုး ကြုံတွေ့ရနိုင်ပါသည်။
ပါဝါမှန်ပူလာပြီဆိုပါကပါဝါမှန်ထဲကိုဆီထိုးပေးရမှာဖြစ်ပြီးဆီထိုးပေးသည့်နေရာတွင်ပါဝါမှန်အတွက် သတ်မှတ်ထားသည့်ဆီအမျိုးအစားကိုသာထည့်ပေးရမှာဖြစ်သည်။
အကောင်းဆုံးမှာကားဝပ်ရှော့တစ်ခုခုတွင်သွားပြသင့်ပြီးကားပါဝါမှန်အတွင်းသို့သတ်မှတ်ထားတဲ့ ဆီမထည့်ဘဲအခြားဆီအမျိုးအစားတွေကိုထည့်ပါကခဏတာအတွက်ကောင်းနိုင်သော်လည်းကြာရှည်တွင်ပါဝါ မှန်ကိုပျက်စီးစေနိုင်ပါသည်။
ကားစက်မနှိုးခြင်း
ကားတစ်စီးမှာဖြစ်နေကျနောက်ထပ်ပြဿနာတစ်ခုမှာကားစက်ကောင်းကောင်းမနှိုးခြင်းဖြစ်ပါသည်။ ကားသော့ကိုတစ်ချက်လောက်လှည့်ရုံဖြင့်ကားစက်နှိုးမလာဘဲတဟည်းဟည်းမြည်နေတာမျိုးတွေ ကြုံတွေ့ဖူးကြမည်ဖြစ်ပါသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ကားဘက်ထရီ၏ချို့ယွင်းချက်နှင့်engine starting function တစ်ခုခုချို့ယွင်းချက်တို့ ကြောင့်ဖြစ်နိုင်ပါသည်။
ကားစက်နှိုးတဲ့အချိန်တွင်စက်ကအလွယ်တကူနှိုးမလာဘူးဆိုပါကကားဘက်ထရီကြိုးလွတ်နေလားဟုအရင်ဆုံးစစ်ဆေးသင့်ပါသည်။
ဘက်ထရီကြိုးမလွတ်ပါကဘက်ထရီမကောင်းတာဟုသတ်မှတ်နိုင်ပြီးအင်ဂျင်နှိုးရခက်သည်ကိုကျွမ်းကျင်သူတွေနဲ့ပြပြီးပြုပြင်သင့်ပါသည်။
ရုတ်တရက်ကားစက်ရပ်ရင်
နောက်ထပ်ပြဿနာတစ်ခုမှာကားမောင်းနေရင်းရုတ်တရက်စက်ရပ်သွားပါကအင်ဂျင်ရပ်သွားခြင်းဖြစ်ပါသည်။
အင်ဂျင်ရပ်ရသည့်အကြောင်းမှာအင်ဂျင်၏ဆီလမ်းကြောင်းပိတ်ဆို့မှုကြောင့်လို့အကြမ်းဖျင်းသတ်မှတ်နိုင် ပါသည်။
ထိုသို့ဖြစ်ပါကအရင်ဆုံးဆီလှည့်စနစ်၏ဆီပိုများကိုစစ်ဆေးရမည်ဖြစ်ပြီးဆီတိုင်ကီထဲတွင်ဆီလက်ကျန်ရှိ၊ မရှိကိုလည်း စစ်ဆေးရမည်ဖြစ်သည်။
ထို့ပြင်ဆီထဲတွင်ရေကဲ့သို့တခြားပစ္စည်းများပါဝင်မှုရှိ၊မရှိကိုလည်းစစ်ဆေးရမှာဖြစ်ပြီး အကောင်းဆုံးမှာကား၏ ဆီလှည့်စနစ်ကိုကျွမ်းကျင်သူများနှင့်ပြပြီးပြုပြင်ပေးသင့်ပါသည်။