ကား မမောင်းတတ်သေးသော စာဖတ်သူများအတွက် ဗဟုသုတ နှင့် အခြေခံနားလည်ရန် ရည်ရွယ်၍ တင်ပြပေးလိုက်ပါသည်။
ရိုးရိုးဂီယာ ( manual gear type )ကို ဖော်ပြ ပါမည်။
manual gear ကားများတွင် ခြေနင်း ၃ ခု ပါရှိပြီး ညာဘက်အစွန်းသည် လီဗာ၊ အလယ်သည် ဘရိတ်၊ ဘယ်ဘက်တွင် ကလပ် ရှိသည် ။
ဘရိတ်နှင့် လီဗာကို ညာခြေဖြင့် သုံးရမည်ဖြစ်ပြီး ကလပ်ကိုဘယ်ခြေဖြင့် သုံးရမည်။
လီဗာကို ကား အရှိန်မြှင့်ရန်၊ ဘရိတ် ကို အရှိန် လျှော့ရန်၊ ကလပ် ကို gear free ပြုလုပ်ရန် အသုံးပြုပါသည်။
ဂီယာ number အားသိရန်စမ်းသပ် ပုံမှာ ကလပ် ကိုနင်း၍ gear တံကို ဘယ်ညာ လှုပ် ရမ်းကြည့် လိုက်ပါက အနည်းငယ်သာ လှုပ်၍ရပြီး ထောက်နေပါက gear ၀င်နေသည်။
ပုံကို ကြည့် ၍လေ့လာပါ။
ဂီယာ တည် ရှိ ရာ နေရာ ကို ထို ပုံကို ကြည်.၍ ခန့်မှန်းနိုင်ပါသည်။
ဂီယာတံအား N နေရာရောက် အောင် ကလပ် နင်းပြီး ရွှေ့ကြည့်ပါ။
ဂီယာ တံကို ဘယ်ညာ လှုပ်ကြည့်ပါက ချောင်ချောင်ချိချိ လှုပ်၍ရ ပြီဆိုပါက gear free အနေအထားပင် ဖြစ်သည်် ။
ကားကို စက်စနှိုး တော့မည် ဆိုပါက gear ကို free အနေအထားရှိရမည်။
ကလပ်ကိုနင်း ၍နှိုး ရမည်ဖြစ်ပြီး gear free ဖြစ်ပါက နှိုး ၍ရသောကြောင့် N နေ ရာတွင် ထား လျှင်လည်း ရသဖြင့် N နေရာသို့ ရွှေ့ထားပါက ပို ကောင်းသည်။
မြေ မညီပါက ကား လိမ့် နိုင် သဖြင့် brake ကို လည်း နင်းထားပြီးနောက် သော့ကို ညာလှည့် ပြီ း စက်နှိုး လိုက်ပါ။
စက်နှိုး ပြီးပါက ကလပ် ကို နင်းထားရင်း gear ကို 1နေရာသို့ထိုးလိုက်ပါ။
လီဗာကို အနည်း ငယ်နင်း ထားပြီးကလပ်ကို ဖြေးဖြေးချင်း လွှတ်လိုက်ပါ။
ကားသည် ဖြေးဖြေးချင်းရွှေ့သွားပါက ကလပ်ကိုလွှတ်ရင်း လီဗာကို အနည်းငယ်ထပ်နင်းပါ (လီဗာ ကို မနင်းထားပါက စက်ရပ်သွားမည်)။
ကလပ်ကို အဆုံးလွှတ်ပြီး လီဗာကို နင်းထားပါက ကား စတင် ပြေးမည် ဖြစ်သည်။
လီဗာကို မြှင့်မောင်းရင်းကားသည် လိုသလောက် မပြေးဘဲ လေးနေပါက ကလပ်ကို နင်း၍ ဂီယာကို 2,3,4,5 အစဉ်လိုက်တင်၍ မောင်းနှင့်နိုင်ပါသည်။
အရှိန် နည်းနည်းဖြင့် ဘရိတ်အုပ်လျှင် ကလပ်တွဲနင်းသင့်ပါသည်။
ဂီယာ နံပါတ်အသေးသည် အကြီးလောက် မမြန်သော်လည််း ရုန်းအားပိုကောင်းပါသည်။(ဂီယာ ပင်နယံ ကို မဆိုလိုပါ။ နံပါတ် ၁ သည် ၄ လောက် မမြန်)
အမြင့်တက်ရာတွင် နံပါတ်အသေးပြောင်းသင့်ပါသည်။ဂီယာ ကို လို သလို ပြောင်းလဲ အသုံး ပြုနိုင်ရန် လေ့ကျင့်သင့်ပါသည်။ကားကို နောက်ဆုတ်မည်ဆိုပါက R နေရာတွင် ဂီယာကို ထားရပါမည်။ နောက်ကြည့်မှန်ကို ကားမောင်းတိုင်း ကြည့်ရပါမည်။ထိုမှန်မှသာ ကြည့်၍ နောက်မှအရာများကို မထိအောင် မောင်းရမည် ။
ကုန်းတက်တွင် ရပ်ထားမယ်ဆိုပါက ကလပ်နှင့် ဘရိတ်ကို တွဲနင်းထားပါ။နံပါတ် ၁ ထိုးထားပြီး ဟန်းဘရိတ်ဆွဲထား၍ စက်သတ်ပါ။
ပြန်ထွက်ချင်ပါက ဟန်းဘရိတ်ကောင်းလျှင် ကလပ်နင်း၊ စက်နှိုး လီဘာမှေးပြီး ဟန်းဘရိတ်ဖြုတ်၍ တက်သွားနိုင်ပါသည်။ဟန်းဘရိတ် မကောင်းပါက လီဘာနှင့် ဘရိတ်ကိုတွဲနင်းထားပြီး ကလပ်နင်း၊စက်နှိုး၊ ဟပ်ကလပ်သုံး၍ တက်ရပါမည်။
ကလပ်နှင့်လီဘာကို ကျွမ်းကျင်အောင် အသုံးပြုနိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် ကားမောင်းမည့် စာဖတ်သူများသိထားရမည့်အချက်မှာ ကားစမောင်းပါက မိမိ ကိုယ်ကို ယုံကြည်မှုထားပြီး မကြောက်လန့်ဘဲ စိတ်ကိုရဲရဲတင်းတင်းထားရပါမည်။
ထို gear အမျိုုးအစားသည် အိမ်သုံး (ယေဘုယျ သုံးစွဲနေသောကား)များ၏ gear ဖြစ်ပါသည်။
ကုန်တင် ကား၊busကားများ၏ gear နှင့် မတူဘဲ ၎င်းတို့သည် ဂီယာ ပြောင်းပြန် ဖြစ်ပါသည်။