ကျပ်သိန်း၁၅၀နှင့် ၂၀၀ကြားရွေးချယ်သင့်သည့် ကားများ


ကျပ်သိန်း၁၅၀နှင့် ၂၀၀ကြားရွေးချယ်သင့်သည့် ကားများကို ဖော်ပြပေးထားပါတယ်။

KIA Rio

KIA Motors သည် နိုင်ငံရှစ်နိုင်ငံတွင်ရှိသော ကားထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်း ၁၃မှ တစ်နှစ်ကို ကားအစီးရေ တစ်သန်းခွဲကျော် ထုတ်လုပ်နေပြီး နိုင်ငံပေါင်း ၁၇၂နိုင်ငံမှာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

 Hyundai Mortor မှ ရှယ်ယာ ၃၃ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသော KIA သည် ၂၀၁၃ခုနှစ်အရောက်တွင် ကားအစီးရေ ၂ဒသမ ၇၅မီလျံအထိ ရောင်းချနိုင်ခဲ့ပြီး ထိုကားများထဲမှ Rio ကလည်း လူကြိုက်များသောကားများထဲတွင် ပါဝင်လာခဲ့သည်။

 KIA Rio ကို တံခါးငါးချပ် Hatchback အဖြစ်ထုတ်လုပ်ထားသလို တံခါးလေးချပ် Sedan အနေနှင့်လည်း ထုတ်လုပ်ထားပါသည်။

***သင်စိတ်ဝင်စားနိုင်သောကျပ်သိန်း၁၃၀အထိ မြင့်တတ်လာသည့်အမည်ပေါက်စလစ်ဈေး***

 KIA Rio Hatchback ၏ အသွင်သဏ္ဍာန်သည် Ford Festiva နှင့် ဆင်ပြီး Sedan Type မှာတော့ Hyundai Accent နှင့် ဆင်တူပါသည်။

 Rio Sedan Type ကိုနောက်ပိုင်းတွင် KIA K2 ဟုဆို၍ တရုတ်နိုင်ငံတွင် ဆက်လက်ထုတ်လုပ်နေပါသည်။

ဘယ်မောင်းကားများဖြစ်သည့်အတွက် မြန်မာပြည်၏ လမ်းစနစ်နှင့် ကိုက်ညီမှုရှိသလို Push-star ဖြစ်သည့်အတွက်လည်း လုံခြုံးရေးအတွက်လည်း စိတ်ချရပါသည်။

ကား၏ဒီဇိုင်းက Ford Fiesta ST၊ Peugeot 208 GTi၊ Renaultsport Clio များနှင့်ဆင်ထားသည့်အတွက် ဥရောပအငွေ့အသက်များ ပါဝင်နေပါသည်။

 Hatchback အမျိုးအစားဖြစ်သော်လည်း လေခွင်းအားကောင်းအောင် ဒီဇိုင်းဆင်ထားပြီးဂရိတ်မြင့်ကားများတွင် Sunroof ပါသည့်အတွက်လည်း လူငယ်ကြိုက် ကားအမျိုးအစားဖြစ်ပါသည်။]

 Audio အပိုင်းမှာ MP3၊ USB များနှင့်ချိတ်ဆက်နိုင်သောစနစ်များပါဝင်ပြီး Steering Volume Control နှင့် Bluetooth စနစ်များလည်းပါရှိပါသည်။

 Rio ၂၀၁၇မိုဒယ်ကို KIA Showroom မှာ အမေရိကန်ဒေါ်လာ ၂၅၅၀၀ဝန်းကျင်ဖြင့်ရောင်းချနေပြီး ၂၀၁၅၊ ၂၀၁၆ မိုဒယ်နံပါတ်ထွက်ပြီးသား ကားများမှာ ၁၅၀နှင့် ၁၉၀ကြားတွင်ရှိပါသည်။

 

 

Subaru Trezia

 ၁၃၀၀စီစီကားဈေးကွက်ထဲတွင် ဈေးအနေအထားနှင့် အရောင်းအဝယ်သွက်သော ကားအမျိုးအစားမှာ Honda Fit နှင့် Toyota Ractis ကားနှစ်မျိုးကို ရွေးချယ်ရမည်ဖြစ်ပါသည်။

ထိုကားနှစ်မျိုးထဲမှ Toyota Ractis နှင့် ရုပ်ဆင်ပြီး အင်ဂျင်အမျိုးအစားလည်းတူသော Subaru Trezia သည်လည်း  Ractis ၏အောင်မြင်မှုနောက်ကိုလိုက်ရန် ကြိုးစားနေသော ကားအမျိုးအစားဖြစ်ပါသည်။

 Toyota ကုမ္ပဏီက Mini MPV အမျိုးအစားဖြစ်သော Ractis ကို ၂၀၀၅ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး Subaru Trezia ကို ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

 Trezia ဆိုသော အမည်နာမသည် အင်္ဂလိပ်ဘာသာစကား Treasure  (ရတနာတစ်ပါး) မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။

Subaru Terzia နှင့် Toyota Ractis သည် ရှေ့ရှဲလ်နည်းနည်းပြောင်းလဲသွားသည်မှလွဲ၍ ရုပ်ထွက်ဆင်တူပါသည်။

၂၀၁၂ မိုဒယ် Trezia တွင် 1.3I၊ 1.3I-L၊ 1.3I-S၊ 1.5L၊ 1.5I-S၊ 1.5I-L Panorama၊ 1.5 I-L Sport Limited စသောဂရိတ်များရှိပါသည်။

ထိုကားက Toyota Ractis နှင့်အတွင်းခန်းဖွဲ့စည်းပုံချင်းဆင်ပြီး 1.3 I နှင့် 1.5I ဂရိတ်မှလွဲ၍ ကျန်ဂရိတ်များတွင် Digital Aircon၊  Push-start ဖြစ်သွားသကဲ့သို့ ရှေ့နောက် Spoiler နှင့် နှင်းခွဲမီးပါသွားပါသည်။

 I-S ဂရိတ်များနှင့် Sport ဂရိတ်များတွင် အလွိုင်းဆိုက် ၁၆လက်မ ဖြစ်သွားပါသည်။

 Subaru ၂၀၁၂မိုဒယ်မှာ အင်ဂျင်ပါဝါ ၁၅၀၀စီစီမှာ တင်သွင်းမှုနည်းပြီး ၁၃၀၀စီစီကို ဝယ်ယူမည်ဆိုပါက အက္ခရာနှင့် ရန်ကုန်လိုင်စင်ဖြစ် ၊မဖြစ်ပေါ်မူတည်၍ ကျပ်သိန်း၁၃၅သိန်းမှ သိန်း၁၅၀ကြားတွင်ရှိပါသည်။

 

Suzuki Swift Sport

Subcompact Car အမျိုးအစားဖြစ်သော Suzuki Swift ကို ၂၀၀၀ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Swift Sport ကိုတော့ ၂၀၁၁မိုဒယ်မှစပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Swift Sport သည် Swiftရိုးရိုး၏ပုံစံကို အခြေခံထားပြီး Sport Type ဆန်ဆန် ထုတ်လုပ်ထားသည့်အတွက် လူငယ်ကြိုက်ကားအမျိုးအစား ဖြစ်ပါသည်။

ပြိုင်ကားတင်သွင်းခွင့်များ ပိတ်ထားသည့်အချိန်တွင် Sport ဆန်သော Swift Sport သည် လူငယ်များကြားတွင် ရေပန်းစားသောကားဖြစ်ပြီး ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော Drift ပြိုင်ပွဲများတွင်လည်း ထိုကားများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်ကို တွေ့ရပါသည်။

 Suzuki Swift Sport သည် Swift တတိယမျိုးဆက်ဟုလည်း ဆိုနိုင်ပြီး ၂၀၁၁ခုနှစ်တွင် ကျင်းပခဲ့သော Australian International Motor Show တွင် Swift ၏ S-Concept အနေနှင့် ပြသခဲ့ပါသည်။

ကြီးမားသောရှေ့ရှဲလ်၊ Body Kit၊ HID ရှေ့မီးကြီးများနှင့် နောက် Spoiler များကြောင့် Swift Sport သည် ပြိုင်ကားဆန်ဆန် လှပနေပါသည်။

Original Alloy Size သည်လည်း ၁၇လက်မအထိ ရှိသည့်အတွက် Swift ရိုးရိုးနှင့်ယှဉ်ပါက  ပိုမိုခန့်ညားနေပါသည်။

ဂရိတ်အမြင့် Suzuki Swift များတွင် ပါဝင်သည့်အတိုင်း Digital Aircon၊ Push-start ဖြစ်သွားပြီး ထိုင်ခုံများ၊ လက်ကိုင်နှင့် စတီယာရင်များတွင်လည်း ကြိုးချုပ်ထားသော ကြိုးချုပ်အနီတန်းများ ပါဝင်သည့်အတွက် ပုံမှန် Swift ကားများနှင့် ကွဲပြားစေပါသည်။

၁၆၀၀စီစီ ဖြစ်သည့်အတွက် Swift ရိုးရိုးနှင့် အခွန်ကွာခြားမှုရှိသည့်အတွက် တင်သွင်းသူနည်းပါသည်။

နယ်လိပ်စာဖြစ်ပါက Manual သည် ကျပ်သိန်းနှစ်ရာဝန်းကျင်၊ Auto Gear သည် ကျပ်သိန်းနှစ်ရာ့နှစ်ဆယ်ဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပါသည်။

Read 1941 times