နှစ်သစ်ကူးရုံးပိတ်ရက်များတွင် မိသားစု ပျော်ပွဲစားခရီးထွက်ရန်အတွက် သင့်တော်သည့်ကားများ


နှစ်သစ်ကူးရုံးပိတ်ရက်များတွင် မိသားစုနှင့် ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ၊ ခရီးထွက်မည်ဆိုပါက အတန်အသင့်ကျယ်ဝန်းသော လူတင်ဆန့်နိုင်သော ကားများနှင် သက်တောင့်သက်ဖြစ်စေရန် အရေးကြီးပါသည်။

ထို့ကြောင့် မိသားစုနှင့် သူငယ်ချင်းတစ်ဖွဲ ခရီးသွားပါက သင့်တော်သော ကားအမျိုးအစားများကို ဖော်ပြပေးလိုက်ပါသည်။

 

၁။ Honda Fit Shuttle

Honda Fit Shuttle ကား၏ အင်ဂျင်မိုဒယ်တွင် LDA ဖြစ်သော Honda Insight နှင့် အမျိုးအစားတူပါသည်။

Honda Fit Shuttle တွင် Auto၊ Manual ဂီယာနှစ်မျိုးပါဝင်သော်လည်း Shuttle Hybrid တွင် Auto ဂီယာတစ်မျိုးသာပါရှိပါသည်။

Honda Fit Shuttle Hybrid မှာ Hybrid-C ၊ Hybrid ၊ Hybrid Smart Slection နှင့် Hybrid Navi Premium Selection စသောဂရိတ်ခွဲများပါရှိပါသည်။

ဂရိတ်အားလုံးမှာ Aircon Auto ဖြစ်ပြီး Smart Selection နှင့် Premium Selection ဂရိတ်တွေကျမှ Smart Key ဖြစ်သလို ဘက်မှန်မီးခြောက်လည်းပါသွားသည် ။

ဂရိတ်အမြင့်ဆုံးဖြစ်သည့် Premium Selection မှာ Steering Volume Control နှစ်ဖက်၊ အော်ရီဂျင်နယ် ‘ပ’ TV၊ Cruise Control ၊ Leather Steering ၊ ရှေ့နှင်းခွဲမီးနှင့် နောက်ဝိုက်ဝါ တို့ပါရှိပါသည်။

Honda Fit Shuttle Hybrib ၂၀၁၁၊ ၂၀၁၂ မိုဒယ်ကို တင်သွင်းပါက Premium ဂရိတ် ကျပ်၁၇၅ သိန်းဝန်းကျင်၊ Smart Slection စျေးနှုန်းမှာ ကျပ်သိန်း ၁၇၀ ၀န်းကျင် နှင့် ရိုးရိုး Hybrid ဂရိတ် စျေးနှုန်းမှာ ကျပ် ၁၆၅ သိန်းဝန်းကျင်ရှိကြောင်းသိရသည်။

 

၂။ Honda Fit GK3

၂၀၁၃ မိုဒယ်တွင် စတင်ထုတ်လုပ်ခဲ့သော GK Series တွင် GK3 နှင့် GK4 ကို ၁၃၀၀ စီစီ L13B အင်ဂျင်၊ GK5 နှင့် GK6 ကို ၁၅၀၀ စီစီ L15B အင်ဂျင်နှင့် ထုတ်လုပ်ထားပါသည်။

Honda Fit GK Series တွင် Manual ဂီယာ ငါးချက်၊ ခြောက်ချက်နှင့် ထုတ်လုပ်ထားခဲ့သကဲ့သို့ CVT ဂီယာခုနစ်ချက်နှင့်လည်း ထုတ်လုပ်ထားပါသည်။

GK3 နှင့် GK5 ကို 2WD၊ GK4 နှင့် GK6 ကို 4WD ဖြင့် ထုတ်လုပ်ထားပါသည်။

GK Series နှင့် GE Series သည် ရုပ်ထွက်ကွဲပြားသွားပြီး ရှဲလ်၊ မီးခွက်၊ မီးသီးနှင့် ဘေးဖောင်းလိုင်းကအစ ကွဲပြားသွားပါသည်။

မိုဒယ်မြင့်သွားသည့်အတွက် LED မီးခွက်ဖြစ်သွားပြီး အလင်းအားပိုကောင်းသွားပါသည်။

GK Series တွင် G၊ GF Package၊ GL Package၊ GS Package၊ RS နှင့် XL Package စသော ဂရိတ်များရှိပြီး GL Package၊ GS Package၊ RS နှင့် XL Package များမှာ Aircon အော်တိုဖြစ်သွားပြီး Steering Volume လည်း ပါရှိပါသည်။

၁၅၀၀ စီစီ RS  Grade တွင် ရှေ့နောက် Spoiler ပါရှိပြီး အလွိုင်းဆိုက်က ၁၆ လက်မ ဖြစ်သွားပါသည်။

ပြည်တွင်းကားစျေးကွက်တွင် Honda Fit GK3 ကိုပဲ တင်သွင်းမှုများပြီး ရန်ကုန်လိုင်စင်ကားအဖြူရောင်နှင့် ဂရိတ်ပြည့်မည်ဆိုပါက ကျပ်သိန်း သုံးရာဝန်ကျင်တွင် ရှိပါသည်။

နံပါတ်ထွက်ပြီးသား ကားများမှာ လိုင်စင်နှင့် ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ မှ ၂၈၀ ကြား အရောင်းအဝယ်ဖြစ်ပါသည်။

 

၃။ 2018 Mitsubishi ASX

၂၀၁၈ မိုဒယ် New ASX ကို Mitsubishi ၏ နာမည်ကျော် Dynamic Shield Concept ဒီဇိုင်းနှင့် အဆင့်မြှင့်တင် ထုတ်လုပ်ထားပါသည်။

ဂီယာကို CVT6-Step Sport Mode Transmission တပ်ဆင်အသုံးပြုထားပါသည်။

အသက်ကယ်လေအိတ်ခုနှစ်လုံး ၊ Forward Collision Mitigation System, Lane Departure Warning, Automatic High-Beam,Stability Control, Traction Control, Hill Start Assist အစရှိသည့် အဆင့်မြင့်လုံခြုံရေးစနစ်များကြောင့် စီးနင်းသူများကို အပြည့်အဝကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

၂၀၁၈ မိုဒယ် Mitsubishi The New ASX ကို အမေရိကန်ဒေါ်လာ ၄၆၉၀၀ နှင့်ရောင်းချသွားမည်ဖြစ်ပြီး ၀န်ဆောင်မှုများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပြီး ရိုးမဘဏ်နှင့်ချိတ်ဆက်ပြီးလည်း အရစ်ကျငွေပေးချေမှုစနစ်ဖြင့်လည်း ၀ယ်ယူနိုင်ပါသည်။

 

၄။ Kia Picanto

Kia Picanto ၏ကိုယ်ထည်ကို တံခါးငါးပေါက်ပုံစံအပြင် တံခါးသုံးပေါက်ပုစံနှင့်ပါ ထုတ်လုပ်ထားပြီး ပြည်တွင်းတွင်တော့ တံခါးငါးပေါက်ကားများသာ မြင်တွေ့ရများပါသည်။

အင်ဂျင်အမျိုးအစား Picanto သည်ရှေ့ဘီးယက်စနစ်သုံး ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်အမျိုးအစားနှစ်မျိုးကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

ဆလင်ဒါသုံးလုံးထိုး 1.0Litre ဓာတ်ဆီအင်ဂျင်နှင့် ဆလင်ဒါလေးလုံးထိုး 1.25 Liter ဓာတ်ဆီအင်ဂျင်တို့ဖြစ်ပါသည်။

ဂီယာကိုလည်း 5speed Manual နှင့် 4 Speed Automatic နှစ်မျိုးထုတ်လုပ်ထားပါသည်။

ပျမ်းမျှဆီစားနှုန်းကတော့မြို့တွင်းကို တစ်ဂါလန် ၃၉ မိုင်ဝန်းကျင်နှင့် မြို့ပြင်တွင် တစ်ဂါလန်ကို မိုင်ငါးဆယ်ဝန်းကျင် မောင်းနှင်နိုင်ပါသည်။

ကိုယ်ထည်အချိုး သေးသေးကျစ်ကျစ်ရှိပြီး ကားဘီးအလွိုင်းနှင့် အတွင်းခန်းပုံစံများကို မိုဒယ်မြင့်ကားများကဲ့သို့ ဆန်းသစ်ထားတာ တွေ့နိုင်ပါသည်။

အတွင်းခန်းမှာတော့လူငါးယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကို အမိုးခုံးပုံစံပြုလုပ်ထားသကဲ့သို့ ဒိုင်ခွက်အစုအဝေးကို ကားမောင်းသူ မြင်သာထင်သာရှိစေရန် အထောက်အပံ့ပေးထားပါသည်။

Push-start Button,မှန်ချိုးမှန်ခေါက်,Driver Control Door Lock, Steering Volume Control, Sunroof စနစ်များကိုလည်း ထည့်သွင်းပေးထားပြီး Fully Auto Aircon စနစ်ကိုအသုံးပြုနိုင်ပါသည်။

၂၀၀၅၊ ၂၀၀၆ မိုဒယ် Kia Picanto ကို ရန်ကုန်လိုင်စင်နှင့် ၀ယ်ယူနိုင်ပြီး Kilo နှင့် ကားအခြေအနေပေါ်မူတည်ပြီး သိန်း ၁၈၀ မှ သိန်းနှစ်ရာကြားတွင်ရှိပါသည်။

 

Read 727 times