ကားသင်္ဘော မလုံလောက်သဖြင့် တရုတ် အီးဗီများ ဥရောပ တင်ပို့ရန် အခက်ကြုံနေ


ကားသင်္ဘော မလုံလောက်သဖြင့် တရုတ် အီးဗီများ ဥရောပ တင်ပို့ရန် အခက်ကြုံနေ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


     

ကားတင်သင်္ဘော မလုံလောက်သဖြင့် ပို့ဆောင်ခ စျေးနှုန်းများ စံချိန်တင်အဆင့်အထိ မြင့်တက်သည့်အပြင် သင်္ဘော မရသဖြင့် တရုတ်နိုင်ငံမှ ဥရောပသို့ လျှပ်စစ်ကား တင်ပို့ရာ၌ အခက်အခဲများ ဖြစ်ပေါ်နေသည်။

ကိုဗစ်  ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ကားစက်ရုံများ ပုံမှန် ထုတ်လုပ်ပြီး ပြည်ပသို့ ပုံမှန်တင်ပို့ နိုင်ခြင်း မရှိကြသဖြင့် ကားတင်သင်္ဘောကုမ္ပဏီများသည် သယ်ပို့ရန် ကားစီးရေ လျော့ကျနေသောကြောင့် သင်္ဘောစီးရေ လျှော့ချပြီး ချိန်ညှိခဲ့ကြရာ၌ သင်္ဘောအိုများကို ၂၀၂၀ ပြည့်နှစ်အတွင်း သင်္ဘောဖျက်သည့် သင်္ဘောကျင်းများသို့ ရောင်းချခဲ့ကြသည်။ 

ကားတင်သင်္ဘောအသစ်များသည် သင်္ဘောကျင်းများတွင် တည်ဆောက်ဆဲ ဖြစ်ပြီး နောက်ထပ် ၃ နှစ်ကြာမှ လျော့နည်းနေသည့် အရေအတွက် ပြန်ပြည့်မည် ဖြစ်သည်။ 
၂၀၂၃ ခုနှစ်တွင်  ကားတင်သင်္ဘော အသစ် တည်ဆောက်ရန် သင်္ဘောကျင်းများသို့ အမှာစာအသစ် အစီး ၈၀  မှာကြားခဲ့  တည်ဆောက်မှု ပြီးမြောက်ရန် သုံးနှစ်ခန့် ကြာမည် ဖြစ်သည်။

လက်ရှိတွင် ကိုဗစ်အကြိုကာလထက် ၁၀% ဝန်းကျင် လျော့နည်းနေစဉ် တရုတ်နိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ကားအစီးရေသည် တဟုန်ထိုး ကြီးထွားနေသည်။ 

ပင်လယ်ရပ်ခြားသို့ ရေကြောင်းမှ တင်ပို့သည့် ကားအရေအတ‌ွက်သည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှသ်ထက် ၁၇ % ပိုများသည်။ အစီးရေ ၂၃.၄ သန်းသို့ စံချိန်တင် မြင့်တက်ခဲ့သည်။ 

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ တင်ပို့သည့် ကားအစီးရေသည် ၁ သန်းအောက်သာ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၄.၃ သန်း တင်ပို့ခဲ့သည်။

အာရှတွင် ပြည်ပသို့ ကားတင်ပို့မှု များပြားသည့် နိုင်ငံများမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်းတို့ ဖြစ်ပါသည်။ 
    
ဥရောပကားတင်သွင်းမှုသည် အခြားဒေသလအသီးသီးထက် တိုးသည့်အရေအတွက် ပိုများသည်။ ၂၀၂၃ ခုနှစ်တွင် ၄၀% ပိုများခဲ့သည်။

ကားတင်သင်္ဘော မလုံလောက်ဖြင့် သင်္ဘောငှားရမ်းခ နှုန်းထားသည် ပျမ်းမျှအားဖြင့် တရက်လျှင် ကန်ဒေါ်လာ ၁၁၅,၀၀၀ သို့ မြင့်တက်လာသည်။  ၂၀၁၉ ခုနှစ်ထက် ၇ ဆ ဖြစ်လာသည်။  ၂၀၂၂ ခုနှစ်ထက် ၁၀% ပိုများသည်။

 

Source FT

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 164 times