စက်သုံးဆီလက်လီအရောင်းဆိုင် ၂၁၆ ဆိုင်မှာ Shell Malaysia က ဆိုလာပြားများ တပ်ဆင်


စက်သုံးဆီလက်လီအရောင်းဆိုင် ၂၁၆ ဆိုင်မှာ Shell Malaysia က ဆိုလာပြားများ တပ်ဆင်

မလေးရှားနိုင်ငံမှာ Shell Malaysia က မလေးရှားနိုင်ငံ တဝှမ်းရှိ ၎င်းရဲ့ စက်သုံးဆီ အရောင်းဆိုင် ၂၁၆ ဆိုင်မှာ ဆိုလာပြားများ တပ်ဆင်ပါတယ်။
ရေနံကုမ္ပဏီ Shell က ပြန်ပြည့်မြဲစွမ်းအင်များကို ပေါင်းစပ်အသုံးပြုတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

Shell က Cleantech Solar။ နှင့်အတူလုပ်ကိုင်ကာ ဆိုလာပြားများကို Shell Malaysia ရဲ့ စက်သုံးဆီ အရောင်းဆိုင်များမှာ ထားရှိပါတယ်။ ဆိုင်ပေါင်း ၂၁၆ ဆိုင်ရဲ့ ခေါင်မိုးပေါ်မှာ ဆိုလာပြားsolar photovoltaic (PV) panels စုစုပေါင်း ၂၃,၅၀၅ ခု တပ်ဆင်ပြီး ဓာတ်အားထုတ်လုပ်နိုင်စွမ်း ပမာဏစုစုပေါင်း ၁၀.၁၂  MWp (megawatt-peak) ရှိပါတယ်။ 
ယခုလို ဆိုလာပါဝါ တပ်ဆင်ထားတဲ့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်းမှ ရယူသုံးစွဲတဲ့ ပမာဏ လျော့ကျသွားတဲ့အတွက်  ဓာတ်အားခ ပေးဆောင်ရတဲ့ပမာဏ သက်သာတဲ့အတွက် ရေရှည်မှာ ဆိုင်စရိတ်သက်သာတဲ့ ကျေးဇူးများ ရရှိမယ်လို့ ဆိုပါတယ်။
Shell ရဲ့ ထွေ/ဂျာ Seow Lee Ming က ဆိုင်ပေါင်း ၃၅၀ အထိ ယခုနှစ်အတွင်း ဆိုလာပါဝါ ထားရှိဖို့ လျာထားကြောင်း ပြောကြားပါတယ်။

 မလေးရှားမှာ Shell က ၂၀၁၉ မှာ ၎င်းရဲ့ စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်မှာ ဆိုလာပါဝါ စတင် အသုံးပြုခဲ့ပါတယ်။

Shell Group က ၂၀၅၀ မှာ net-zero emissions စွမ်းအင်လုပ်ငန်းဖြစ်လာဖို့ ရည်မှန်းချက် ထားရှိပါတယ်။

 

 

Read 1019 times