Shell နှင့် BYD ဖက်စပ်လုပ်ငန်းမှ တရက် အီးဗီ ၃,၃၀၀ ကျော် အားသွင်းသည့် အကြီးစား အားသွင်းစခန်း ဖွင့်လှစ


Shell နှင့် BYD ဖက်စပ်လုပ်ငန်းမှ တရက် အီးဗီ ၃,၃၀၀ ကျော် အားသွင်းသည့် အကြီးစား အားသွင်းစခန်း ဖွင့်လှစ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကမ္ဘာ့အကြီးမားဆုံး ဓာတ်ဆီ လက်လီအရောင်း လုပ်ငန်း Shell က တရုတ်နိုင်ငံတွင် အကြီးစား အားသွင်းစခန်း တစ်ခုကို တရုတ်ပြည်တွင် ဖွင့်လှစ်ခဲ့ပါသည်။ Shell နှင့် BYD  ဖက်စပ်လုပ်ငန်းက ဆောင်ရွက်သည့် အားသွင်းစခန်းဖြစ်ပါသည်။

၎င်းအားသွင်းစခန်း တည်နေရာမှာ BYD ရုံးချုပ်တည်ရှိရာ ရှန်ကျန်းမြို့ရှိ ရှန်ကျန်းလေဆိပ်နှင့် ၂.၅ ကီလိုမီတာအကွာအဝေးတွင် တည်ရှိသည်။  အားသွင်းစခန်းတွင် အမြန်အားသွင်းတိုင် ၂၅၈ ခု ထားရှိသည်။

Shell အဖို့ ကမ္ဘာ့အကြီးဆုံး အီးဗီအားသွင်းစခန်း ဖြစ်ပါသည်။ စမ်းသပ်ကာလတွင် တစ်ရက်လျှင် အီးဗီ စီးရေ ၃,၃၀၀ ကျော် အားသွင်းပေးနိုင်သည်ဟု Shell က ပြောကြားသည်။

Shell နှင့်  BYD တို့သည် ၂၀၂၂ မတ်လတွင် အီးဗီ အားသွင်း ဝန်ဆောင်မှုအတွက် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး တရုတ်နိုင်ငံတွင် အားသွင်းကွန်ရက် အခြေခံအဆောက်အအုံကို တည်ဆောက်လျက် ရှိသည်။

အားသွင်းစခန်းသည် အားသွင်းခြင်းအပြင် လက်လီစတိုးဆိုင်၊ ကော်ဖီ၊ စားသောက်ဆိုင်နှင့် နားနေဆောင် ဝန်ဆောင်မှုများကိုလည်း ပေးဆောင်သည်ဟု Shell မှ ပြောကြားသည်။ 

အားသွင်းစခန်း အဆောက်အဦများ၏ ခေါင်မိုးပေါ်တွင် ဆိုလာပြားများ ပါရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား 300,000 kWh ထုတ်လုပ်ပေးသည်။

 

Shell နှင့်  BYD တို့သည် တရုတ်နိုင်ငံမှ မြို့ကြီးများတွင် အားသွင်းစခန်းများ ထူထောင်မည် ဖြစ်သည်။
 ဥရောပတွင်လည်း အားသွင်းကွန်ရက် အခြေခံအဆောက်အအုံကို တည်ဆောက်ရန် အစီအစဉ် ရှိသည်။

Shell သည် ဘက်ထရီထုပ် ဖြုတ်လဲသည့်စနစ် ကျင့်သုံးသော Nio နှင့်လည်း ဖက်စပ်လုပ်ငန်း ထူထောင်ထားသည်။ ဘက်ထရီ ဖြုတ်လဲစခန်း battery swap station များကို တရုတ်နှင့် ဥရောပတို့တွင် တည်ဆောက်ကြမည် ဖြစ်သည်။

ဥရောပတွင် နယ်သာလန်နိုင်ငံမှာ ၎င်းဖက်စပ်လုက်ငန်းမှ ဘက်ထရီ ဖြုတ်လဲစခန်းကို ယခုနှစ် မေလလယ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
Source CnEVpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1122 times