ရှန်ဟိုင်းဆိပ်ကမ်း  ၂၀၂၃ ခုနှစ်တွင် ကားများ စံချိန်တင် တင်ပို့ခဲ့


ရှန်ဟိုင်းဆိပ်ကမ်း  ၂၀၂၃ ခုနှစ်တွင် ကားများ စံချိန်တင် တင်ပို့ခဲ့

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်ကားများကို ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား မြင့်တက်နေချိန်တွင် ယမန်နှစ်က Shanghai Haitong အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်တင်ပို့မှု ဆိပ်ကမ်းမှ မော်တော်ယာဉ်များကို စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး မော်တော်ကား-ပို့ကုန် ဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်သည့် Waigaoqiao ဆိပ်ကမ်းဧရိယာရှိ Haitong ဆိပ်ခံတံတားမှတစ်ဆင့် ၂၀၂၃ ခုနှစ်တွင် မော်တော်ကားအစီးရေ ၁.၀၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယင်းမှာ မော်တော်ကားအစီးရေ ၁ သန်းကျော်အား ၂ နှစ်ဆက်တိုက် တင်ပို့နိုင်ခဲ့သည့် အထိမ်းအမှတ်ဖြစ်ကြောင်း ရှန်ဟိုင်း အကောက်ခွန်ဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယမန်နှစ်တွင်ယင်းဆိပ်ခံတံတားမှ ပြည်ပကုန်သွယ်မှု ကားအတက်အဆင်းပြုလုပ်နိုင်သော သင်္ဘော အစင်းရေ ၈၀၀ ကျော် ထွက်ခွာခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမလဝက်အတွင်း Waigaoqiao ဆိပ်ကမ်းဧရိယာမှ ပို့ကုန်ကားအစီးရေ ၅၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒေသဆိုင်ရာ အကောက်ခွန် အာဏာပိုင်များက အကောက်ခွန် ရှင်းလင်းမှုဆိုင်ရာ လွယ်ကူချောမွေ့စေရေး အစီအမံများကို ချမှတ်ခဲ့သည်။

အဆိုပါ ဆိပ်ကမ်းသည် ယမန်နှစ်က တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု အရှိန်အဟုန်မြင့်မားလာသည့် စံနမူနာဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် ကားအစီးရေ ၄.၉၁ သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး၊ ၂၀၂၂ ခုနှစ်ကထက် ၅၇.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း တရုတ် မော်တော်ယာဉ် ထုတ်လုပ်သူများအသင်းမှ သိရသည်။
Source Xinhua
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 436 times