ရှန်ဟိုင်းတွင် NEV ဒေါ်လာ ၁,၅၀၀ ထောက်ပံ့ကြေး သက်တမ်းတိုးမြှင့် 


ရှန်ဟိုင်းတွင် NEV ဒေါ်လာ ၁,၅၀၀ ထောက်ပံ့ကြေး သက်တမ်းတိုးမြှင့် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် နေထိုင်သူများအား အီးဗီဖြင့် ကားအစားထိုးခြင်းကို အားပေးရန်အတွက် ဒေါ်လာ ၁,၅၀၀ ထောက်ပံ့ကြေးကို သက်တမ်းတိုးမြှင့်ခဲ့သည်။
အဆိုပါမူဝါဒကို ပြီးခဲ့သည့် မေလက ရှန်ဟိုင်းတွင် ပထမဆုံးထုတ်ပြန်ခဲ့ပြီး ၂၀၂၂ နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးသည်ဟု သတ်မှတ်ခဲ့သည်။

စွမ်းအင်သစ်သုံး မော်တော်ယာဉ် new energy vehicle (NEV) ဝယ်ယူမှုများအတွက် တရုတ်အစိုးရ၏ နိုင်ငံတော်ထောက်ပံ့ငွေသည် ၂၀၂၂ နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ သို့သော် အချို့သော ဒေသန္တရအစိုးရ၏ ထောက်ပံ့ငွေများ ဆက်လက်တည်ရှိနေပါသည်။ သက်တမ်းကုန်ဆုံးသည့်အခါ သက်တမ်းတိုးမြှင့်ပေးပါသည်။ 
စီးပွားရေးတိုးတက်မှုကို တည်ငြိမ်စေရန် ထုတ်ပြန်သည့် လုပ်ဆောင်ချက်အစီအစဉ်တစ်ခုကို ရှန်ဟိုင်း ဒေသန္တရအစိုးရက ထုတ်ပြန်ကြေညာခဲ့ရာတွင် မြို့တော်သည် ကားများနှင့် အိမ်သုံးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲမှုကို မြှင့်တင်မည်ဖြစ်ပြီး NEV ဝယ်ယူမှုကို အားပေးသည့်  ထောက်ပံ့မှုများကို သက်တမ်းတိုးမည်ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။

 
ရှန်ဟိုင်းတွင် မှတ်ပုံတင်ထားသော ယာဉ်ကို ဖျက်သိမ်းရန် သို့မဟုတ် ပိုင်ဆိုင်မှုလွှဲပြောင်းပေးသည့်သူ တစ်ဦးသည် လျှပ်စစ်ကားစစ်စစ် တစ်စီးကို ၂၀၂၃ ဇွန်လ ၃၀ ရက် မတိုင်ခင် ဝယ်ယူပါက ငွေကြေးအထောက်အပံ့ ယွမ် ၁ သောင်း ($1,500) ရရှိမည် ဖြစ်သည်။

စီးပွားရေးတည်ငြိမ်စေရန် အလုံးစုံဆောင်ရွက်မှုအစီအစဉ်သည် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။

ရှန်ဟိုင်းသည် စီးပွားရေးပြန်လည်ရှင်သန်ရန် ထောက်ပံ့ကြေး ပေးအပ်ခြင်း အပါအဝင် လုပ်ဆောင်မှု အစီအစဉ်ကို ၂၀၂၂ ခုနှစ် မေလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး  ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ NEV ဝယ်ယူခြင်းအတွက် ထောက်ပံ့ကြေး ပေးသည့် နိုင်ငံတော်အဆင့် ပံ့ပိုးကူညီမှုသည် ၂၀၂၂ နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး သက်တမ်းတိုးခြင်း မပြုချေ။ 
ကုန်ဝယ်ခွန် ကင်းလွတ်ခွင့်ကို ၂၀၂၃ နှစ်ကုန်အထိ သက်တမ်းတိုးပေးခဲ့သည်။
သို့ဖြစ်ရာ ဒေသန္တရအစိုးရတို့က ကိုယ်ပိုင်အစီအစဉ်ဖြင့် ထောက်ပံ့ကြေး ပေးအပ်ကြသည်။

ရှန်ဟိုင်း၏ အစီအစဉ်တွင် ထောက်ပံ့ကြေး ပေးခြင်းအပြင် ကုန်ဝယ်ခွန် ကင်းလွတ်ခွင့်ကို လျှပ်စစ်ကားစစ်စစ်၊ ပလပ်ထိုးဟိုက်ဘရစ်ကား လောင်စာဆဲလ်ကားတို့ ဝယ်ယူခြင်းအတွက် ခံစားခွင့် ပေးထားသည်။ အစိုးရ၏ မူဝါဒနှင့်အညီ ကုန်ဝယ်ခွန် ကင်းလွတ်ခွင့်ကို ၂၀၂၃ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပေးမည် ဖြစ်သည်။

အဆိုပါ ကား ၃ မျိုးအတွက် ကားလိုင်စင်နံပါတ်ပြားကို ၂၀၂၂ တွင် အခမဲ့ ပေးအပ်ခဲ့သည်။ 

ရှန်ဟိုင်းတွင် သမားရိုးကျ အင်ဂျင်ယာဉ်ကို မှတ်ပုံတင်လိုပါက ကားလိုင်စင်နံပါတ်ပြားကို ကြိုတင်စာရင်းပေးသွင်းထားဖို့ လိုသည်။ ထို့နောက် ကားလိုင်စင်နံပါတ်ပြားကို လေလံပစ်သည့်အခါ လေလံဆွဲရသည်။ လေလံအောင်သည့်အခါ ကားလိုင်စင်နံပါတ်ပြားကို ရရှိမည်ဖြစ်သည်။ ကားလိုင်စင်နံပါတ်ပြား တစ်ခု လေလံအောင်သည့် ဈေးမှာ ယွမ် ၉၀,၀၀၀ အထက်တွင် ရှိသည်။

၂၀၂၃ ခုနှစ်မှစတင်၍ ရှန်ဟိုင်းသည် plug-in hybrid မော်ဒယ်များအတွက် အခမဲ့လိုင်စင်ပြားများကို ဆက်လက်မပေးတော့ဘဲ လျှပ်စစ်ကားစစ်စစ်များကိုသာ အခမဲ့ ဆက်လက်ပေးအပ်ပါသည်။

Source CnEVPost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 158 times