လွယ်မယောင်နှင့် ခက်နေသည့် ထိုင်းအီဗီဈေးကွက်
ထိုင်းပြည်တွင်း EV စျေးကွက်အတွက် ဖြေရှင်းပေးရမယ့် အခက်အခဲများစွာ ကျန်ရှိနေပါတယ်။
အစိုးရက လျှပ်စစ်ကား ဝယ်စီးသူများအတွက် မက်လုံးပေးသည့် ပက်ကေ့ချ်ကို ပေးအပ်သော်လည်း စျေးနှုန်းကြီးမြင့်မှုနှင့် အားသွင်းမှုဆိုင်ရာ အခြေခံအဆောက်အအုံများ မရှိခြင်းသည် ဝယ်သူများကို လက်တွန့်နေစေပါတယ်။
အဖြေမပေါ်သေးတဲ့ မေးခွန်းက ယခုနှစ်အစောပိုင်းတွင် ထိုင်းအစိုးရရဲ့ လျှပ်စစ်မော်တော်ကား (EV) မက်လုံးပေးအစီအစဉ်ကို စတင်ခဲ့ပြီးတဲ့နောက်မှာ သက်သာသွားသောစျေးနှုန်းများသည် အီးဗီဝယ်ဖို့ အလားအလာသူရှိများကို ဆွဲဆောင်နိုင်မှာလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
အစိုးရက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နောက်မျိုးဆက်သစ်အီးဗီများသည် ကားဈေးကွက်ကို ကြီးစိုးထားတာ ဆယ်စုနှစ်များ အတော်ကြာခဲ့ပြီဖြစ်တဲ့ စက်သုံးဆီ သုံးစွဲတဲ့ကားများကို လုံး၀ အစားထိုးနိုင်မယ်လို့ လောင်းကြေးထပ်ထားပါတယ်။
ထိုင်းစက်မှုအသင်းချုပ် Federation of Thai Industries (FTI) ရဲ့အမြင်မှာတော့ အီဗီ ရောင်းဈေးနှုန်းများက အစိုးရမျှော်လင့်ထားသလို အကြီးအကျယ် ပြောင်းလဲလောက်အောင် ဆွဲဆောင်မှု မရှိဘူး။ တစ်ချိန်တည်းမှာပဲ အားသွင်းရုံတွေ မရနိုင်သေးတာကလည်း အီးဗီအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှု ဖြစ်နေတယ်။
ထုတ်လုပ်ပေးသွင်းတဲ့ဘက်မှာလည်း မော်တော်ယာဉ် စက်ပစ္စည်း အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းများအနေဖြင့် အီးဗီနည်းပညာကို ရယူသုံးစွဲဖို့ အချိန်ပိုမို လိုအပ်နေတယ်လို့ အသင်းကြီးက ပြောကြားပါတယ်။
ဈေးကြီးနေတဲ့ အီးဗီ
အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) သုံးစွဲတဲ့ကားများနှင့် ယှဉ်လိုက်ရင် အီးဗီမော်ဒယ် အများအပြားတို့က ရောင်းဈေး ပိုမြင့်နေတယ်။ ဈေးကြီးနေတယ်။ ဘတ်တစ်သန်း ကျော်နေတယ်။ ကားဝယ်စီးမယ့်သူ အများစု ဘတ်ဂျက် မတတ်နိုင်ကြဘူး။ လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေ ဖြစ်နေပါတယ်လို့ FTI ရဲ့ ကားကလပ်အတွက် ပြောရေးဆိုရေးတာဝန်ခံ Surapong Paisitpatanapong က ပြောပြပါတယ်။

Mr Surapong Paisitpatanapong
"EV စျေးနှုန်းကြီးမြင့်နေရခြင်း နောက်ကွယ်မှ အဓိကအချက်များထဲမှာ ရွေ့လျားသွားလာေရးနည်းပညာအသစ်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး စရိတ်ကြီးမားတာကလည်း အကြောင်းတစ်ချက် ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
'ရောင်းဈေးနှုန်းများက ဝယ်ယူလိုသူတေွအတွက် ယခုအခါ အဓိက အတားအဆီးတစ်ခု ဖြစ်နေပေမဲ့ FTI ယုံကြည်တာက ရေရှည်မှာ အီးဗီတွေကို လူအများ ဝယ်စီးဖို့ တတ်နိုင်မယ့် ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်တဲ့ အခြေအနေသို့ ဆိုက်ရောက်သွားလိမ့်မယ်။ အဲဒီအခါ အမြောက်အမြား စီးရေ သန်းချီရောင်းချတဲ့ ဈေးကွက် ဖြစ်လာဖို့ လမ်းကြောင်း ပေါ်သွားမယ်" လို့ သူက ပြောပါတယ်။
ထိုသုိ့ ပိုရှည်ကြာသောအချိန်ဘောင် ပေးထားခြင်းဖြင့် မော်တော်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်ရောင်းချသူများက ၎င်းတို့ရဲ့ ထုတ်လုပ်မှုကို နောက်ဆုံးပေါ် EV နည်းပညာနှင့်အညီ ချိန်ညှိနိုင်ဖို့ အချိန်ပိုရစေသင့်တယ်လို့ Mr Surapong က ပြောကြားပါတယ်။
သူဌေးတွေ စီးတဲ့ကား
EV တွေကို ချမ်းသာတဲ့သူတွေ ဝယ်စီးတဲ့ ကားများလို့ ထင်မြင်ယူဆထားကြပြီး အားသွင်းဖို့ နေရာတွေကလည်း လက်ချိုးရေလို့ ရအောင် နည်းနေသေးတော့ အကန့်အသတ် ဖြစ်နေတယ်လို့ ၎င်းက ပြောကြားပါတယ်။
ဝင်ငွေအဆင့်အတန်း မြင့်မားကြတဲ့ လူနည်းစုကသာ ဝယ်စီးကြတယ်။ သူတို့က အိမ်မှာ အားသွင်းဖို့ အဆင်ပြေတယ်။ အားသွင်းဖို့ နေရာ ရှိတယ်။ ဈေးကြီးတဲ့ ဆိုင်တန်းတွေမှာ၊ အထက်တန်းစား ကော်ဖီဆိုင်တွေမှာ အားသွင်းဖို့ နေရာတွေ ရှိတယ် လို့ Mr Surapong က ပြောကြားပါတယ်။
အစိုးရက EV ဝယ်စီးသူတေွကို မက်လုံးများေပးအပ်ေနတာအတွက် ရည်မှန်းချက်တစ်ရပ်က ေရနံလောင်စာများအပေါ် မှီခိုမှုနည်းသော တိုင်းပြည် ဖြစ်လာစေရန် ဖြစ်ပါတယ်။
အမျိုးသား အီးဗီ ပေါ်လစီ ကော်မတီ National EV Policy Committee က ၂၀၂၁ မတ်လမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၃၀ မှာ ပြည်တွင်း ထုတ်လုပ်စီးရေရဲ့ ထက်ဝက် ၅၀% ဟာ အီးဗီဖြစ်ရမယ်လို့ ကြေညာချက်မှာ အသိပေးထားပါတယ်။
"EV တွေကို သူဌေးတွေ စီးကြတဲ့ကားလို့ ရှုမြင်နေကြတုန်းပဲ။ EV တွေက တသီးတသန့် ဈေးကွက်မှာ ရောင်းဖို့ စစချင်းမှာ ရည်ရွယ်ချက် ထားရှိကြပါတယ်။ အမြောက်အမြား စီးရေ သိန်းသန်းချီ ရောင်းချတဲ့ ဈေးကွက်အတွက် မဟုတ်ဘူး" လို့ Mr Surapong က ပြောပါတယ်။
အီးဗီ ဝယ်ယူလိုသူများအတွက် စျေးနှုန်းသည် အဓိကအတားအဆီး ဆက်ဖြစ်နေဦးမယ် လို့ Mr Surapong က သုံးသပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အိမ်ထောင်စုကြွေးမြီများ မြင့်မားနေတာကြောင့် ဝယ်ယူနိုင်စွမ်းအား အကန့်အသတ်ရှိနေပါတယ်။
ထိုင်းနိုင်ငံက လတ်တလောမှာ အိမ်ထောင်စုကြွေးမြီများ အကြွေးထူနေတာ GDP ရဲ့ ၉၀% ကျော်အထိ ရှိနေလို့ ကြွေးမြီများနှင့် နပန်းလုံးနေကြပါတယ်။
ထိုင်းနိုင်ငံက အလယ်အလတ်တန်းဝင်ငွေမှာ လူအများစု တန်းဆုံးပြီး အထက်ကို ထပ်မတက်တော့တဲ့ အလယ်အလတ်တန်း ထောင်ချောက် middle-income trap ထဲမှာ ပိတ်မိနေတာကို လွတ်မြောက်ဖို့ ကြိုးမ်းနေတဲ့ အခြေအနေမှာ ရှိပါတယ်။ နောက်ဘိတ်ဆုံး အမျိုးသား မဟာဗျူဟာ အစီအစဉ်မှာ အစိုးရက တစ်ဦးချင်းအရ ပျမ်းမျှဝင်ငွေကို ၂၀၁၉ မှာ ၂၉၀,၀၀၀ ရှိခဲ့တာကို ဘတ် ၇၀,၀၀၀ တိုးသွားပြီး၂၀၂၃ မှာ ဘတ် ၃၆၀,၀၀ ရောက်ဖို့ ရည်မှန်းချက်ထားရှိပါတယ်။
ရည်မှန်းချက်အတိုင်း ဝင်ငွေမြင့်တက်ပြီးချိန်မှာ EV တွေက ICE ပါဝါကားတွေကို ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ကြလိမ့်မယ်လို့ Mr Surapong က ပြောကြားပါတယ်။
အားသွင်းပွိုင့် များများစားစား ရှိဖို့လို
အီးဗီကဏ္ဍ ကြီးထွားဖို့အတွက် အခြေခံအဆောက်အအုံကလည်း သေရေးရှင်ရေးတမျှ အရေးပါတယ်။ အီးဗီ ဝယ်စီးမှာလား မစီးဘူးလားဆိုတာ စဉ်းစားဆုံးဖြတ်တဲ့အခါ ထည့်သွင်း စဉ်းစားကြတဲ့ အချက်ဖြစ်ပါတယ်။ တကယ်လို့ အီးဗီအားသွင်းရုံတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေမယ်ဆိုရင် လူအများတို့ ဘက်ထရီ အားသွင်းဖို့ မပူပန်ကြတော့ဘူး။ သွားရင်းလာရင်း ဘက်ထရီ အားကုန်ခါနီး ဖြစ်လာရင် အားသွင်းရုံတွေ အနီးအနား ရှိနေလို့ စိတ်ပူစရာ မလိုဘူး။ တစ်နယ်တကျေး ခရီးထွက်ရင်လည်း ရောက်ရာအရပ်မှာ အားသွင်းလို့ ရနေမယ်။
"အီးဗီရောင်းဈေးနှုန်းများ၊ အားသွင်းရုံများ၊ အီးဗီ ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ ပံ့ပိုးမှု အင်္ဂါရပ်များအပေါ် ယုံကြည်စိတ်ချမှုတို့ဟာ အီးဗီကဏ္ဍ ကြီးထွားရေးအတွက် ပဓာနကျတဲ့အချက်တွေလို့ သူက ပြောပါတယ်။
ဘက်ထရီပါဝါကားတွေအတွက် အားသွင်းစနစ်များ ရောင်းချတဲ့ Sharge Management Co ရဲ့ အဆိုအရ လက်ရှိအနေအထားမှာ အားသွင်းပွိုင့် ၆,၀၀၀ ဝန်းကျင်က အီးဗီ ၄၀,၀၀၀ ကို အားသွင်းပေးနေတယ်။
အီးဗီစီးရေ ၃၀၀,၀၀၀ ဖြစ်လာခဲ့ရင် အားသွင်းပွိုင့် ၁၀၀,၀၀၀ ကို နိုင်ငံတဝှမ်း ထားရှိပေးရမှာ ဖြစ်ပါတယ်လို့ Sharge Management က ပြောကြားပါတယ်။
သူဌေးပံ့ပိုး
ဖေဖော်ဝါရီလမှာ ထိုင်းအစိုးရက အီးဗီမက်လုံးပက်ကေ့ခ်ျကို အတည်ပြုပေးခဲ့ပါတယ်။
၂၀၂၂-၂၀၂၃ ကာလအတွက် ပက်ကေ့ခ်ျမှာ အခွန်ဖြတ်တောက်လျှေိာ့ချခြင်း၊ အီးဗီ ထုတ်လုပ်မှု၊ အီးဗီသုံးစွဲမှုများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းတို့ ပါဝင်ပါတယ်။
ထောက်ပံ့ကြေးက အီးဗီတစ်စီးအတွက် ဘတ် ၇၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ဖြစ်ပါတယ်။ မော်တော်ယာဉ် အမျိုးအစားနှင့် မော်ဒယ်ပေါ် မူတည်ပြီး ထောက်ပံ့ကြေး ပမာဏ အနည်းအများ ကွာခြားပါတယ်။
အီးဗီကို ထိုင်းနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ဖို့ CKD (completely knocked-down) တင်သွင်းရင် စည်းကြပ်တဲ့ အခွန်များ လျှော့ချပေးထားပါတယ်။ CBU(Completely Built Up) အစီးလိုက် တင်သွင်းရောင်းချမယ်ဆိုရင်လည်း အခွန်များ လျှော့ပေးထားပါတယ်။
အီးဗီအတွက် အစိတ်အပိုင်းများ ဖြစ်ကြတဲ့ လပ်ထရီ ၊ ဘီးယက်မော်တာ၊ ဘက်ထရီအီးဗီအတွက် ကွန်ပရက်ဆာ၊ ဘက်ထရီစီမံမှုစနစ် အစိတ်အပိုင်းများ၊ မောင်းနှင်မှု ထိန်းချုပ်စနစ် အစိတ်အပိုင်းများ၊ အမြန်နှုန်းလျှော့ ဂီယာများ အစရှိသည်တို့အပေါ် စည်းကြပ်မယ့် အခွန်နှုန်းထားများကိုလည်း လျှော့ချပေးထားပါတယ်။
ထောက်ပံ့ကြေး အလကားရလို့ အီးဗီရောင်အား တက်စေတာမှန်ပေမယ့် အီးဗီရောင်းဈေးနှုန်းများနှင့် ICE ပါဝါကား ရောင်းဈေးနှုန်းများအကြား ကွာဟချက်က ကြီးမားနေလို့ အီးဗီဘက်သို့ အုံနှင့်ကျင်းနှင့် အစုလိုက်အပြုံလိုက် ခုန်ကူးကြဦးမှာ မဟုတ်ဘူး။ သူဌေးတွေ အီးဗီစီးဖို့ သူဌေးပံ့ပိုး လုပ်နေသလိုတော့ ဖြစ်နေဦးမယ်လို့ သုံးသပ်ကြပါတယ်။
အီးဗီမက်လုံးပေး ပက်ကေ့ချ် အကျိုးသက်ရောက်မှု ထင်ရှားပေါ်လွင်လာမယ့် ဒုတိယနှစ်ဝက်မှာ အီးဗီဈေးကွက် ရုပ်ပုံလွှာ ပိုကြည်လင်ပြတ်သားလာမယ်လို့ ခန့်မှန်းထားကြောင်း Mr Surapong က ပြောကြားပါတယ်။
ICE ကြီးစိုး
ယခုနှစ်မှာ ကျင်းပဲ့တဲ့ (၄၃) ကြိမ်မြောက် ဘန်ကောက် နိုင်ငံတကာ ကားပြပွဲမှာ ရရှိခဲ့တဲ့ ကြိုတင်အမှာစာများမှာ ICE ပါဝါကားတွေက အရေအတွက် ပိုများခဲ့ပါတယ်။
အမှာစာ စီးရေ ၃၃,၉၃၆ ရရှိခဲ့ရာမှာ ၃၁,၈၉၆ စီးက ICE ပါဝါကားတွေ ဖြစ်ပါတယ်။
သူ့နောက်မှာ
တို့ ရှိနေကြပါတယ်။
အီးဗီ အမှာစာ ရရှိတဲ့ အရေအတွက် အများဆုံးက MG ကားတွေ ထုတ်လုပ်ဖြန်ချိတဲ့ SAIC Motor-CP (၂,၀၄၀ စီး) ၊ သူ့နောက်မှာ တရုတ်ကားထုတ်လုပ်ေရးလုပ်ငန်း sport utility vehicle (SUV) ထုတ်လုပ်တဲ့ Great Wall Motor (GWM) ရှိနေပါတယ်။
ပြပွဲကျင်းပရေး တာဝန်ခံ Mr Jaturont က "brand နှစ်ခုစလုံး ဝယ်သူတွေ များတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက ထိုင်းအစိုးရ မက်လုံး အစီအစဉ်မှာ ပါဝင်ဖို့ သဘောတူညီချက် လက်မှတ်ထိုးထားကြလို့ ဖြစ်ပါတယ်"လို့ ပြောကြားပါတယ်။
အစိုးရထောက်ပံ့ကြေးများကြောင့် MG ထံမှ အီးဗီ ဝယ်ရင် ဘတ် ၁၅၀,၀၀၀ ဈေးသက်သာတယ်။
GWM ထံမှ အီးဗီဝယ်ရင် ဘတ် ၁၆၀,၅၀၀~၂၆၁,၀၀၀ ဈေးသက်သာတယ်။
မော်တော်ယာဉ် ကနဦး မှတ်ပုံတင် စာရင်းကို ကြည့်ရင် အီးဗီ ၅,၇၈၁ စီး မှတ်ပုံတင်ခဲ့ပါတယ်။
တို့ ပါဝင်ပါတယ်။
ယာဉ်ပစ္စည်း ထုတ်လုပ်ရေး
ယာဉ်ပစ္စည်း ထုတ်လုပ်သူများက အီးဗီ နည်းပညာသစ်ကို အမီလိုက်ဖို့ ကြိုးပမ်းတဲ့အခါ ချိန်ညှိရတဲ့ အတိုင်းအတာ အမျိုးမျိုး လိုအပ်ကြောင်းထိုင်း လျှပ်စစ်မော်တော်ယာဉ်အသင်း Electric Vehicles Association of Thailand (EVAT) EVAT ဥက္ကဋ္ဌ Krisda Utamote က ပြောကြားပါတယ်။
“ကုမ္ပဏီတော်တော်များများက သူတို့ရဲ့ ထုတ်လုပ်မှုကို EV တွေအတွက် ကောင်းကောင်း ချိန်ညှိနိုင်ပေမယ့် ကျန်တဲ့ ကုမ္ပဏီတွေက အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပေးဖို့ ပျက်ကွက်ရင် ပြိုင်ပွဲမှာ အရေးမလှ ဖြစ်ကြရလိမ့်မယ်" လို့ သူက ပြောပါတယ်။
ICE ပါဝါကားတွေအတွက် အခရာကျတဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အင်ဂျင်၊ ပစ္စတင်၊ ပစ္စတင်ကွင်း စတာတွေ ထုတ်လုပ်တဲ့ လုပ်ငန်းများအဖို့ လုပ်ငန်းဖျက်သိမ်းရမယ့်အရေး ရှိနေပါတယ်။
FTI ရဲ့ အဆိုအရ ထိုင်းမှာ ယာဉ်ပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ၂,၅၀၀ ဝန်ူကျင် ရှိနေပါတယ်။ ကမ္ဘာ့လုပ်ငန်းကြီးများ၊ အသေးစားနှင့် အလတ်စား အရွယ်အစား လုပ်ငန်းများ (small and medium-sized enterprises SME ) တွေက မူရင်းပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ original equipment manufacturers (OEMs) အဖြစ် ကုန်ထုတ်လုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ ထုတ်ကုန်တွေကို ပြည်တွင်းဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက်သို့ ရောင်းချကြပါတယ်။ အသင်းချုပ်မှာ အသင်းဝင်ထားတဲ့လုပ်ငန်း ၇၀၀~၈၀၀ ရှိပါတယ်။
OEM ယာဉ်ပစ္စည်းအစိတ်အပိုင်းတွေ ၈၀% ကို မော်တော်ယာဉ် ထုတ်လုပ်တဲ့ ကမ္ဘာ့လုပ်ငန်းကြီးများထံ ရောင်းချပါတယ်။ ကျန်တဲ့ ၂၀% ကို ယာဉ်အပိုပစ္စည်း ရောင်းချတဲ့ လုပ်ငန်းတွေထံ ရောင်းချပါတယ်။
#MyanmarAutomobileGuide
Source:.bangkokpost.com