ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်း


ကားတစ်စီးကို ကိုယ်တိုင်ထိန်းသိမ်းပြုပြင်မယ်ဆိုရင် ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ အဆင့်(၁၀)ချက်ကိုရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

၁။ အင်ဂျင်ဝိုင်ကို စစ်ဆေးလဲလှယ်ပါ။ အင်ဂျင်ဝိုင်နဲ့ Filter ကို ပုံမှန်စစ်ဆေးပြီး အသစ်လဲပေးတာက အင်ဂျင်သက်တမ်းကို ကြာရှည်စေပါတယ်။

၂။ တစ်နှစ်ကို တစ်ကြိမ် ရေတိုင်ကီနဲ့ အအေးပေးစနစ်ကို ဆေးကြောပေးပြီး coolant ကိုလည်း အသစ်လဲလှယ်ပေးပါ။ coolant နဲ့ ပေါင်းခံရေကို အချိုးတူရောစပ်အသုံးပြုတာက အအေးပေးစနစ်ကို ကောင်းမွန်စေပြီး ရေတိုင်ကီနဲ့ ပိုက်လိုင်းတွေထဲမှာ အနည်ထိုင်ပျက်စီးတာကို ကာကွယ်ထားနိုင်ပါတယ်။


၃။ ဂီယာဆီတွေကိုလည်း လဲလှယ်ပေးပါ။ မကြာခဏလဲပေးဖို့ မလိုပေမယ့် သတ်မှတ်ချိန်တစ်ခုထားပြီး လဲပေးရင်အကောင်းဆုံးဖြစ်ပါတယ်။ ဆီတွေလဲတဲ့အခါမှာလည်း အမြဲတမ်း သတ်မှတ်ထားတဲ့ အမျိုးအစားကိုပဲ အသုံးပြုပါ။

၄။ သန့်စင်ဆေးကြောပေးပါ။ ကားရဲ့အပြင်ဖက်ကို ဆေးကြောတာကိုတော့ ပြောစရာမလိုလောက်ပါဘူး။ ဒါပေမယ့် အောက်ဖက်တွေကိုလည်း သန့်စင်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အညစ်အကြေးတွေကို ရေအားကောင်းကောင်းနဲ့ ထိုးပြီး ဆေးကြောပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

၅။ လှုပ်ရှားလည်ပတ်နေတဲ့အရာအားလုံးမှာ အမဲဆီလိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။ အမဲဆီသေချာမထိုးထားဘူး ဆိုရင် ဘောတွေ ဂျွိုင်းတွေက ကြာရှည်ခံမှာမဟုတ်ပါဘူး။

၆။ အရောင်တင်ဆီအသုံးပြုပါ။ အရည်အသွေးကောင်းမွန်တဲ့ အရောင်တင်ဆီတွေက သင့်ရဲ့ကားဆေးရောင်ကို သစ်လွင်လှပနေစေပြီး အရောင်မလွင့်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အနည်းဆုံး (၆)လ တစ်ကြိမ်လောက်တော့ အရောင်တင်ပေးဖို့ လိုပါတယ်။

၇။ ယူဂျိုင်း(U-Joints) တွေလိုမျိုး Driveline components တွေကလည်း ပုံမှန်ဆီထိုးပေးဖို့လိုအပ်ပါတယ်။

၈။ အတွင်းပိုင်းကိုလည်း ကာကွယ်ပါ။ ပါကင်ထိုးရပ်နားရင် အရိပ်ထဲမှာ ရပ်ပါ။ ပြတင်းမှန်တွေမှာ နေကာပြားတွေတပ်ဆင်ထားပါ။ ဒါမှ ကားအတွင်းပိုင်းက ပလတ်စတစ်တွေနဲ့ ဗီနိုင်းသားတွေ ခြောက်သွေ့ပျက်စီးတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၉။ ကားဘီးတွေမှာ ရှိတဲ့ ဆုံတွေခွက်တွေကို စစ်ဆေးသန့်ရှင်းပေးဖို့လည်း လိုပါတယ်။ ကားဘီးရဲ့ bearing တွေနဲ့ လိုအပ်တဲ့အမဲဆီလဲလှယ်ပေးတာက ဘီးအုံလိုက်ဖြုတ်လဲရတာနဲ့ယှဉ်ရဲ့ ကုန်ကျစရိတ်သက်သာပါတယ်။

၁၀။ ဘရိတ်ဆီက အစိုဓာတ်ကို စုပ်ယူနိုင်ပါတယ်။ အစိုဓာတ်များခြင်းကြောင့် အစိတ်အပိုင်းတွေ သံချေးတက်ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် ဘရိတ်ဆီလဲလှယ်ပေးပြီး ဘရိတ်စနစ်ရဲ့အစိတ်အပိုင်းတွေကို တစ်နှစ်တစ်ခါလောက် စစ်ဆေးပေးဖို့ လိုပါတယ်။
 

Read 1225 times