အလိုအလျောက်မောင်းနှင်နိုင်သော Concept ကား


Volkswagen ကုမ္ပဏီမှ Sedric အမည်ရသောအလိုအလျောက်အမောင်းနှင်နိုင်သော concept ကားကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါ

Sedric တွင် စတီယာတိုင် (သို့မဟုတ်) ခြေနင်းများမပါဝင်သောကြောင့် ဒရိုင်ဘာပါဝင်ရန်မလိုအပ်ပေ။

ကားစီးသူများအနေဖြင့် ကျယ်ဝန်းသောနေရာတွင် ထိုင်ရမည်ဖြစ်ကြောင်းသိရသည်။

Sedric မှာလျှပ်စစ်ကားဖြစ်ပြီး နေရာများစွာရယူသော အင်ဂျင်မပါဝင်ပေ။

ကားအတွင်းလေထုကိုသန့်စင်ပေးရန် အပင်အစစ်များကို ကားနောက်ကျောတွင်ထည့်သွင်းထားသည်။

ကားစီးနင်းသူသည် ကားကိုအသံဖြင့်စေခိုင်းနိုင်ပြီး ကား၏ လေကာမှန်ကိုကွန်ပျုတာ display အဖြစ်အသုံးပြုထားပြီး မြေပုံများနှင့် အခြားအချက်အလက်များပြသပေးမည်ဖြစ်ကြောင်းသိရသည်။

သုံးစွဲသူများက ကားကိုဆင့်ခေါ်ရန် အဝေးထိန်းခလုတ်တစ်ခုကိုနှိပ်ရမည်ဖြစ်ပြီး ယင်းခလုတ်မှာ သီအိုရီပိုင်းအရ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို နှိပ်နိုင်ကြောင်းသိရသည်။

Volkseagen သည်ယင်းကားကို Audi,Bentley နှင့် Skoda အပါအဝင်ကုမ္ပဏီမှပိုင်ဆိုင်သော အမှတ်တံဆိပ်အမျိုးမျိုးဖြင့် အနာဂတ်တွင်ထုတ်လုပ်သွားရန်စီစဉ်ထားကြောင်းသိရသည်။

Read 2416 times