ပထမနှစ်ဝက် အာဆီယံ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ အခြေအနေကောင်းခဲ့


ပထမနှစ်ဝက် အာဆီယံ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ အခြေအနေကောင်းခဲ့

အာဆီယံ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍ ပထမနှစ်ဝက်တွင်ခိုင်မာသော စွမ်းဆောင်ရည်ကို မြှင့်တင်ထားနိုင်ခဲ့ပါတယ်။

အာဆီယံ မော်တော်ယာဉ်အသင်းချုပ် ASEAN Automotive Federation (AAF) မှ ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၂၂ ပထမနှစ်ဝက်တွင် ထုတ်လုပ်မှု ကြီးထွားခဲ့တဲ့ အာဆီယံနိုင်ငံများနှင့် ကြီးထွားနှုန်းအသီးသီးမှာ မြန်မာ (၁၈၇.၁%)၊ မလေးရှား (၃၁.၈%)၊ ဗီယက်နမ် (၂၈.၃%)၊ အင်ဒိုနီးရှား (၂၈%)၊နှင့် ထိုင်း (၇.၉%) တို့ ဖြစ်ပါတယ်။

၂၀၂၂ ပထမနှစ်ဝက်တွင် မော်တော်ယာဉ် ရောင်းအားမြင့်တက်ခဲ့တဲ့ နိုင်ငံများနှင့် မြင့်တက်တဲ့ ရာခိုင်နှုန်း အသီးသီးမှာ ဗီယက်နမ် (၃၄.၁%)၊ မလေးရှား (၃၃%)၊ ထိုင်း (၂၂.၆%)၊နှင့် အင်ဒိုနီးရှား (၂၀.၈%) တို့ ဖြစ်ပါတယ်။

ရောင်းအားကျဆင်းခဲ့တဲ့ နိုင်ငံများနှင့် ကျဆင်းနှုန်းအသီးသီးမှာ စင်ကာပူ (-၃၄.၂%) နှင့် မြန်မာ (-၈.၃%) တို့ ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်မှုမှာ ထိုင်းနိုင်ငံက ၇% လျော့ကျပြီး မလေးရှားက ၂၁.၂% မြင့်တက်ခဲ့ပါတယ်။

၂၀၂၂ ဇန်နဝါရီမှ ဇွန်လအတွင်း အာဆီယံနိုင်ငံများတွင် မော်တော်ဆိုင်ကယ်များနှင့် စကူတာများ ရောင်းအားမြင့်တက်ခဲ့ပါတယ်။

 AAF အချက်အလက်များက ဖော်ပြထားတဲ့ ရောင်းအားအရဖိလစ်ပိုင် ဆိုင်ကယ်များနှင့် စကူတာများ‌ေရာင်းအား၂၀၂၂  ခုနှစ် ပထမခြောက်လအတွင်း ရောင်းအား ၆.၁% မြင့်တက်ခဲ့ပါတယ်။

 မလေးရှားက ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ စင်ကာပူက ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာပြီး ထိုင်းက ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

 အာဆီယံဒေသတွင်း မော်တော်ကားလုပ်ငန်းကဏ္ဍကို ခြုံငုံသုံးသပ်ကြည့်ရင် ယခုနှစ် ပထမနှစ်ဝက်တွင် ရောင်းအားနှင့် ထုတ်လုပ်မှု ပမာဏ အားကောင်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတစ်ခုတည်းသာ  ထုတ်လုပ်မှုပမာဏ အနုတ်လက္ခဏာဆောင်ခဲ့ပါတယ်။

 အာဆီယံ မော်တော်ကား အဖွဲ့ချုပ် (AAF) ၏ အချက်အလက်များအရ ဒေသတွင်း မော်တော်ကား ထုတ်လုပ်သည့် နိုင်ငံများသည် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကာလအတွင်း အစီးရေ ၂,၀၅၅,၅၄၈စီး ထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နှစ် အလားတူ ကာလက ၁,၇၄၀၉,၃၂၂ စီးထုတ်လုပ်ခဲ့တာထက် ၁၈.၁ ရာခိုင်နှုန်း မြင့်မားပါတယ်။

ဒေသအတွင်း မော်တော်ကားရောင်းချရမှုမှာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ အစီးရေ ၁,၃၃၈,၈၆၄ စီး ရောင်းချခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်မှာ အစီးရေ ၁,၆၄၈,၈၅၆ ရောင်းချခဲ့တဲ့အတွက် ယခုနှစ်ရောင်းအား  ၂၃ ဒသမ ၂၁ ရာခိုင်နှုန်း မြင့်တက်ပါတယ်။

အာဆီယံ မော်တော်ယာဉ်အသင်းချုပ် ASEAN Automotive Federation (AAF) မှ ထုတ်ပြန်တဲ့ စာရင်းဇယားကို အောက်ခြေမှာ ဖော်ပြပေးထားပါတယ်။ 

၎င်းစာရင်းဇယားကိုကြည့်ရင် ထိုင်းနိုင်ငံကို အာဆီယံမော်တော်ယာဉ် ထုတ်လုပ်မှု အချက်အချာအဖြစ် တွေ့မြင်နိုင်ပါတယ်။ ထိုင်းက စီးရေ ၉၁၁,၀၈၇ ထုတ်လုပ်ခဲ့ပြီး ဒေသအတွင်း အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ 

ဈေးကွက်အရွယ်အစားအရကြည့်ရင် အင်ဒိုနီးရှားဈေးကွက်က အကြီးမားဆုံး ဖြစ်ပါတယ်။ စီးရေ ၆၅၈,၂၈၅ ရောင်းချခဲ့ပါတယ်။

 မလေးရှားနိုင်ငံက စီးရေ ၃၁၇,၉၃၃ ထုတ်လုပ်ခဲ့ပါတယ်။ 

 ဗီယက်နမ်က စီးရေ ၁၂၄,၉၄၆ ထုတ်လုပ်ခဲ့ပါတယ်။

ယခုအခါ မော်တော်ယာဉ် ထုတ်လုပ်မှုများ ရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံက ယခုနှစ် ပထမ နှစ်ဝက်မှာ စီးရေ ၂,၉၆၃ ထုတ်လုပ်ခဲ့ပါတယ်။

ထုတ်လုပ်မှု လျော့ကျတာ ဖိလစ်ပိုင် တစ်နိုင်ငံတည်း ဖြစ်ပြီး စီးရေ ၄၀,၃၃၄ ထုတ်လုပ်ခဲ့ပါတယ်။

ရောင်းအားအများဆုံး အင်ဒိုနီးရှားမှာ စီးရေ ၄၇၅,၃၂၁ ရောင်းချခဲ့ပြီး ဒုတိယနေရာမှ ထိုင်းမှာ စီးရေ ၄၅၇,၆၂၂ ရောင်းချခဲ့ပါတယ်။

မလေးရှားမှာ စီးရေ ၃၃၁,၃၆၆၊ ဗီယက်နမ်မှာ စီးရေ ၂၀၁,၈၄၀ ရောင်းချခဲ့ပါတယ်။

စင်ကာပူမှာ ကားရောင်းအား လျော့နည်းခဲ့ပြီး စီးရေ ၂၁,၉၆၅  ရောင်းချခဲ့ပါတယ်။

မော်တော်ဆိုင်ကယ်နှင့် စကူတာ ရောင်းအားကို ကြည့်ရင် ၄ နိုင်ငံ စုစုပေါင်းရောင်းအား စီးရေ ၁,၉၉၁,၁၁၆ ရှိပါတယ်။

ထိုင်းမှာ ၉၀၆,၆၂၅ စီး၊ ဖိလစ်ပိုင်မှာ ၇၆၃,၁၁၇ စီး၊ မလေးရှားမှာ ၃၁၅,၂၃၅ စီး၊ စင်ကာပူမှာ ၆,၁၃၉ စီး ရောင်းချခဲ့ပါတယ်။

အာဆီယံနိုင်ငံများအနက် ၃ နိုင်ငံသာ ထုတ်လုပ်မှု စာရင်း ပေးပို့ထားပါတယ်။

ထိုင်းက ၉၃၅,၄၅၅ စီး၊ ဖိလစ်ပိုင်က ၄၃၁,၅၂၄ စီး၊ မလေးရှားက ၃၁၆,၂၆၀ စီး၊ စုစုပေါင်း ၁,၆၈၂,၂၃၉ စီး ထုတ်လုပ်ခဲ့ပါတယ်။

#MyanmarAutomobileGuide

Telegram Channel  https://t.me/Guid4U

Source: ASEAN AUTOMOTIVE FEDERATION

MAG

Read 3453 times