အီးဗီလုပ်ငန်းကဏ္ဍတွင် ဆော်ဒီအာရေဗျ ဘီလီယံချီ ရင်းနှီးမြှုပ်နှံ


အီးဗီလုပ်ငန်းကဏ္ဍတွင် ဆော်ဒီအာရေဗျ ဘီလီယံချီ ရင်းနှီးမြှုပ်နှံ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဆော်ဒီအာရေဗျသည် လျှပ်စစ်ကာ;လုပ်ငန်းကဏ္ဍတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံလျက် ရှိသည်။ 

ပြည်တွင်းမှာ အီးဗီ ထုတ်လုပ်နိုင်ရန်အတွက်လည်း  ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ 

 

ယင်းသို့ကြိုးပမ်းမှုသည် ဆော်ဒီအိမ်ရှေ့စံမင်းသား Mohammed bin Salman  က ရေနံတခုတည်းအပေါ် မှီခိုအားထားနေရခြင်းအစား လုပ်ငန်းကဏ္ဍ အမျိုးမျိုး ဖြန့်ကျက်လုပ်ကိုင်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

 

ဆော်ဒီအာရေဗျသည် အီးဗီ ထုတ်လုပ်သည့် အမေရိကန်အခြေစိုက် Lucid Motors တွင် အနည်းဆုံး ကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါသည်၊၊ 

ဆော်ဒီအာရေဗျတွင် အီးဗီကုမ္ပဏီ Ceer ကို ထူထောင်ထားသည်။ 

 

နိုင်ငံပိုင် ရန်ပုံငေွဖြင့် ရပ်တည်သည့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း Public Investment Fund (PIF) သည် ရန်ပုံငွေ ကန်ဒေါ်လာ ၇၀၀ ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက် ရှိပြီး ၎င်းရန်ပုံငွေဖြင့် အီးဗီလုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပါသည်။ 

 

ဆော်ဒီအာရေဗျ ရည်မှန်းချက်မှာ ပြည်တွင်းမှာ အီးဗီများ ၂၀၂၆ ခုနှစ်တွင် အစီးရေ တစ်သိန်းခွဲ ထုတ်လုပ်ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် အစီးရေ ၅ သိန်း ထုတ်လုပ်ရန် ဖြစ်ပါသည်။ 

 

ဆော်ဒီအာရေဗျသည် ပြည်ကားလုပ်ငန်းများကို ပြည်တွင်းမှာ ကားထုတ်လုပ်ရန် စည်းရုံးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။

 တိုယိုတာသည် ဆော်ဒီအာရေဗျ ကမ်းလှမ်းထားသည့် သဘောတူညီချက်ကို ၂၀၁၉ ခုနှစ်တွင် ငြင်းပယ်ခဲ့ပါသည်။ ငြင်းပယ်ရသည့် အဓိက အကြောင်းရင်းများတွင် လုပ်သားခ အလွန်ဈေးကြီးနေခြင်း၊ ပြည်တွင်းမှာ ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ပေးမည့် လုပ်ငန်း အလွန် နည်းပါးနေခြင်း၊ ဆော်ဒီအာရေဗျ၏ ပြည်တွင်း ကားဈေးကွက်သည် အလွန် သေးငယ်နေခြင်းတို့ ပါဝင်ပါသည်။ 

 

အီဗီးခေတ်ဦးသို့ ရောက်လာသောအခါ ဆော်ဒီအာရေဗျသည် အီးဗီ ထုတ်လုပ်နိုင်ရန် စတင်ကြိုးပမ်းခဲ့ပါသည်။ 

 

ဆော်ဒီအာရေဗျတွင် ကားအစိတ်အပိုင်းများ တံခါးမှ အစ အင်ဂျင်အဆုံး ထုတ်လုပ်သည့်လုပ်ငန်းများ မရှိချေ။ ထိုသို့ ထုတ်လုပ်ပေးနိုင်မည့် စက်မှုလုပ်ငန်းကဏ္ဍလည်း မရှိသေးချေ။

သို့ဖြစ်ရာ ကားတစ်စီးလုံးအတွက် ယာဉ်အစိတ်အပိုင်းများ တင်သွင်းပြီး ဆော်ဒီအာရေဗျတွင် တပ်ဆင်ထုတ်လုပ်မှသာ ကားထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ တပ်ဆင်ထုတ်လုပ်မည်ဆိုလျှင် ဆော်ဒီအာရေဗျတွင် လုပ်သားခ မြင့်မားနေသဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်ချေ။ ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်မည့် ကားအစီးရေသည် စက်ရုံထူထောင်ပြီး အမြောက်အမြား ထုတ်လုပ်ဖို့ မဖြစ်နိုင်အောင် နည်းလွန်းနေပါသည်။ 

 

ထိုင်ဝမ်မှ Foxconn နှင့် PIF တို့သည့်  ဆော်ဒီအာရေဗျတွင် အီးဗီများ ထုတ်လုပ်ရန်အတွက် ဖက်စပ်လုပ်ငန်း Ceer ကို ထူထောင်ထားသည်။ အီးဗီများကို ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဟု ဆိုသော်လည်း ယခုအထိ စက်ရုံဆောက်လုပ်ရေး မစတင်သေးပါ။ 

Ceer  သည် ယာဉ် အစိတ်အပိုင်းများကို ဂျာမန်ကားလုပ်ငန်း BMW  ထံမှ ဝယ်ယူသုံးစွဲမည်ဟု ဆိုပါသည်။ 

Source BMW


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 201 times