Satellite Aided Transmission (SAT) နည်းပညာ


အော်တိုဂီယာ ရှစ်ချက် ပြောင်းလဲမောင်းနှင်းနိုင်သည့် ကားအတွက် အလိုအလျောက် ဂီယာပြောင်းလဲနိုင်ရန် ဂျီပီအက်စ်(GPS receiver) နှင့် ချိတ်ဆက်ထားသည်။

ယင်းကားသည် ဂြိုလ်တု(satellites) စနစ်ကိုအသုံးပြုပြီး အချက်အလက်များ ပုံမှန်ရယူကာ ဘယ်အခြေအနေမှာ ဘယ်လမ်းကိုအသုံးပြုပြီး မောင်းနှင်ရမည်ဆိုသည်ကို ပုံမှန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

ထို့အတွက် ရရှိသည့်အချက်အလက်များအသုံးပြုပြီး ဘယ်အချိန်တွင် ဂီယာကိုဘယ်လို အလိုအလျောက် ပြောင်းလဲရမည် ဆိုသည်ကို ကြိုတင်မျှော်မှန်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ယာဉ်မောင်းသူထက် အော်တိုဂီယာ ပတ်ဝန်းကျင် အခြေအနေများကို အလိုအလျောက် သိရှိပြောင်းလဲ ပေးနိုင်သည်ကအံ့မခန်း နည်းပညာ ဖြစ်ပါသည်။

ထိုနည်းပညာမှာ Satellite Aided Transmission(SAT) နည်းပညာဖြစ်ပါသည်။

ဥပမာအနေဖြင့် ယာဉ်မောင်းသူသည် လမ်းကြောင်းနှစ်ခုထဲမှာ တစ်ခုကို ရွေးချယ်တော့မည်ဆိုပါက သွားမည့် ခရီးအတွက် အသင့်တော်ဆုံးလမ်းကြောင်းကို SAT ကဆုံးဖြတ်ပေးသည်။

သွားရမည့် လမ်းကြောင်းနှင့် ကိုက်ညီသည့် ဂီယာပြောင်းလဲမှုကို သူကသိနေခြင်းဖြစ်သည်။

ယင်းနညး်ပညာကို ၂၀၁၃ ခုနှစ်က ဂျီနီဗာ ကားပြပွဲတွင် Rolls Royce Wraith Coupe အသစ်စက်စက်ကားတွင် ထည့်သွင်းပြိး စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

ရိုးရွိုက်စ်(Rolls Royce)သည် တံခါးလေးပေါက်ပါရှိပြီး direct-injected, twin-turbocharg V12 အင်ဂျင်ဖြစ်သည်။

မြင်းကောင်ရေ ၆၂၄ ကောင်အားရှိပြီး ရပ်တည်နေရာကနေ ၄.၄ စက္ကန့်အတွင်း တစ်နာရီ ၆၀ မိုင်နှုန်းအထိ မြှင့်တင်နိုင်ပါသည်။

ဆယ်လက်မ Touch screen ပါရှိပြီး ယာဉ်လမ်းကြောင်း စနစ်အတွက် အချက်အလက်များရယူနိုင်ပါသည်။

အချိန်တိုင်းအတွက် ယာဉ်လမ်းကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို လမ်းကြောင်းပေါ်တွင်ရှိ သည့်ယာဉ်များက အချက်အလက်များကို ပေးပို့ခြင်းများကိုလည်း ရယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့်သုံးမိနစ်အတွင်း ခရီးလမ်းကြောင်းတွင် ဖြစ်ပျက်နေသည့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ်ရရှိနေခြင်း ဖြစ်ပါသည်။

 

Read 676 times