Samsung မော်တော်ယာဉ်သုံး ချစ်ပ်များ တိုးချဲ့ ထုတ်လုပ်


Samsung မော်တော်ယာဉ်သုံး ချစ်ပ်များ တိုးချဲ့ ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Samsung သည် မော်တော်ယာဉ်သုံး ချစ်ပ်များ တိုးချဲ့ ထုတ်လုပ်သွားမည် ဖြစ်သည်။ ယာဉ်မောင်းထောက်ကူစနစ်များအတွက် Samsung ၏ ချစ်ပ်များကို သုံးစွဲမည်။
ချစ်ပ်များ ထုတ်လုပ်သည့် Samsung Foundry သည် မော်တော်ယာဉ်သုံး ချစ်ပ်များတိုးချဲ့ ထုတ်လုပ်ခြင်းဖြင့် လုပ်ငန်းကြီးထွားအောင် လုပ်ဆောင်သွားမည် ဖြစ်သည်။
ပင်ကိုမောင်းနှင် ကားများအတွက် ထုတ်လုပ်သည့် ချစ်ပ်များသည် ပြင်းထန်ဆိုးရွာသော ပတ်ဝန်းကျင် ရာသီဥတုဒဏ် ခံနိုင်ရည် ရှိဖို့ လိုအပ်သည်။
အအေးချိန် အနုတ် ၄၀ ဒီဂရီ စဲစီးယပ်စ်၊ အပူချိန် ရေဆူမှတ်အထိ ခံနိုင်ရည်ရှိနေပြီး ပုံမှန် အလုပ်လုပ်နေနိုင်ရမည် ဖြစ်သည်။

 

Mobileye ၏ ပင်ကိုမောင်းနှင်ကား

 

Samsung Electronics ၏ တောင်ကိုရီးယားမှ 
Pyeongtaek Campus ချစ်ပ်စက်ရုံကြီး


ကမ္ဘာ့အကြီးဆုံး မန်မိုရီ ချစ်ပ်ထုတ်လုပ်သည့် Samsung Electronics ကုမ္ပဏီသည် အစ္စရေးအခြေစိုက် Mobileye Global Inc ထံမှ ချစ်ပ်အမှာစာ လက်ခံ ရရှိခဲ့သည်။

Mobileye သည် အမေရိကန်မှ ကမ္ဘာ့ ချစ်ပ်အများဆုံးထုတ်လုပ်သူ Intel Corp ၏ ကုမ္ပဏီတွင်း လုပ်ငန်းတစ်ခု ဖြစ်ပြီး မော်တော်ယာဉ် ပင်ကိုမောင်းနှင်နည်းပညာလုပ်ငန်းတစ်ခု ဖြစ်သည်။
Samsung Electronics ၏ လက်အောက်ခံချသိပ်လုပ်ငန်း Samsung Foundry  က အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ်  advanced driver assistance systems (ADAS) အတွက် ချစ်ပ်များ ထုတ်လုပ်ပေးမည်။ 
ADAS သည် ပင်ကိုမောင်းနှင်ကားများ၏ အခရာကျသည့် စနစ် ဖြစ်သည်။ 
 
 Mobileye သည် ၎င်း၏ ချစ်ပ်စနစ် EyeQ 5 အတွက် Samsung ၏ ချစ်ပ်များကို အသုံးပြုမည်။ 
EyeQ1-5 ကို Volvo, BMW, Tesla, Audi, Nissan,  Geely အစရှိသည့် ကားအမှတ်တံဆိပ်များ၏ ကားများတွင် အသုံးပြုသည်။

၁၉၉၉ ခုနှစ်တွင် ထူထောင်ခဲ့သော Mobileye သည် မော်တော်ယာဉ် ပင်ကိုမောင်းနှင်နည်းပညာ၏ အမြင်အာရုံပိုင်းတွင် ကမ္ဘာ့ဦးဆောင်သူနေရာကို ရရှိထားသည်။

Intel သည် Mobileye ကုမ္ပဏီကို ကန်ဒေါ်လာ ၁၅.၃ ဘီလီယံဖြင့် ၂၀၁၇ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင်  စတော့ရှယ်ယာဈေးကွက်တွင် Mobileye ၏ ရှယ်ယာများ ရောင်းချပြီး အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ကုမ္ပဏီဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၃၃.၄ ဘီလီယံ ဖြစ်ပါသည်။

Mobileye သည် Taiwan Semiconductor Manufacturing Company Ltd (TSMC) မှ ထုတ်လုပ်သည့် ချစ်ပ်များကို သုံးစွဲခဲ့သည်။ ယခု Samsung ၏ ချစ်ပ်များကို သုံးစွဲမည် ဖြစ်သည်။

Source kedglobal
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 184 times