Samsung က Galaxy S23 Ultra ကို BMW နှင့် ပူးပေါင်းထုတ်လုပ်


Samsung က Galaxy S23 Ultra ကို BMW  နှင့် ပူးပေါင်းထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

ပြီးခဲ့သည့်နှစ်က Samsung သည်  Galaxy S22 Ultra Mercedes Benz edition ကို ထုတ်လုပ်ခဲ့သည်။

ယခုနှစ်တွင် Samsung Galaxy S23 Ultra BMW M Edition ကို ဖန်တီးရန် ဂျာမန်ကားထုတ်လုပ်သူ BMW နှင့် ပူးပေါင်းခဲ့သည်။

 

အထူးသီးသန့် ထုတ်လုပ်သော Galaxy S23 Ultra BMW M Edition ကို အလုံးရေ ၁၀၀၀ သာ ကန့်သတ် ထုတ်လုပ်သည်။ တောင်ကိုရီးယားတွင်သာ ရရှိနိုင်မည်ဖြစ်သည်။

 

SK Telecom ၏ အွန်လိုင်းစတိုးတွင် ကြိုတင်အမှာစာ စာရင်းပေးသွင်းရပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် စာရင်းပိတ်သည်။

ဈေးနှုန်းမှာ 12/512GB အတွက် ကိုရီးယားဝမ် ၁,၇၂၇,၀၀၀  ဖြစ်သည်။

ပုံမှန် Galaxy S23 Ultra ရောင်းဈေးနှုန်းမှာ ဝမ် ၁,၆၀၀,၄၀၀ ဖြစ်သည်။

BMW M3 ၏ ပထမမျိုးဆက် BMW M3 E30 မော်ဒယ်အတွက် Galaxy S23 Ultra BMW M Edition ကို ထုတ်လုပ်ထားသည်။

BMW အမှတ်အသားပါ အသုံးအဆောင် ပစ္စည်းများ ပါဝင်သည်။ 

အင်ချုံမြို့တွင် တည်ရှိသော BMW Driving Center တွင် အခမဲ့ယာဉ်မောင်းသင်ရန် Starter Pack Voucher ပါသည်။ 

 

 

 

Source koreatimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 341 times