သင့်ကားအတွက် ဆီကို ပုံမှန်စစ်ဆေးပေးပါ
သင့်ရဲ့ကားမှာသုံးတဲ့ စက်ဆီတွေကို ပုံမှန် (သို့) ၆ လ တစ်ကြိမ် စစ်ဆေးပေးပြီး လိုအပ်ပါကလဲထားသင့်ပါတယ်။
အထူးသဖြင့် အင်ဂျင်အွိုင်တွေဟာ ကြာလာတာနဲ့အမျှ မစစ်ဆေးရင် ကားရဲ့ အင်ဂျင်တွေကို ထိခိုက်စေပါတယ်။
ကားအပိုဘီးများကို စစ်ဆေးပါ
ကားဘီးပေါက်တဲ့အခါမျိုးမှာ အသုံးပြုဖို့ အပိုထည့်ဆောင်ထားတဲ့ ကားတာယာတွေကိုလည်း လေလျော့နေတာမျိုး မရှိရလေအောင် စစ်ဆေးဖို့မမေ့ပါနဲ့။
အရေးတကြီးလိုတဲ့အချိန်မျိုးမှာ သုံးလို့မရင် စိတ်အနှောက်အယှက်ဖြစ်မှာပါ။
ကားကို သန့်ရှင်းနေအောင် ပုံမှန် ထိန်းသိမ်းပါ
ကားဟာဆိုရင် အပြင် နေ၊ မိုး၊ ဖုန်မှုန့်အစရှိတဲ့ အပြင်က သက်ရောက်မှုတွေကြောင့် သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့လိုပါတယ်။
အနည်းဆုံးတော့ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ ဖယောင်းတင်ပေးပါ။
နေရောင်ခြည်အောက်မှာ ကားကို တိုက်ရိုက် ရပ်ထားတာမျိုးကိုလည်း ရှောင်ပါ။ ခရမ်းလွန်ရောင်ခြည်တွေဟာ ကားရဲ့အတွင်းအပြင်နှစ်ဘက်စလုံးမှာ ကျရောက်နေပါက လူတွေကို ထိခိုက်စေပါတယ်။
ကားဘက်ထရီ ပြန်ဖြည့်ပါ
သင့်ရဲကားကို စက်မနှိုးထားရင်တောင် ကားရဲ့ဘက်ထရီစွမ်းအင်အနည်းငယ်ဟာ နာရီ၊ ရေဒီယိုနဲ့ ကွန်ပျူတာမှတ်ဉာဏ်အတွက် အသုံးပြုနေရပါတယ်။
တကယ်လို့သင့်ရဲ့ ကားကို ကြာမြင့်စွာ ရပ်ထားမယ်ဆိုရင်တော့ ဖုန်းအားသွင်းတဲ့ charger တွေ၊ GPS တွေနဲ့ power port မှာ အသုံးပြုတာတွေအကုန်လုံးကို ဖြုတ်ထားခဲ့ပါ။
ဂရုစိုက်ပါ
သင့်ရဲ့ကားနဲ့ပတ်သက်ပြီးတော့ သင်ကလွဲပြီး ပိုသိတဲ့သူမရှိပါဘူး။
သင်ကိုယ်တိုင် မောင်းနှင်တဲ့အချိန်၊ ခံစားချက်၊ ကားအသံတွေကို ပိုသိတာပါ။
ကားက ပုံမှန်မဟုတ်ဘူးလို့ အာရုံရတာနဲ့ စစ်ဆေးပါ။
တကယ်လို့ ကားလက်စွဲစာအုပ်မှာ ရှာမတွေ့ဘူးဆိုရင်၊ သေသေချာချာသိရအောင် ကားပြင်ဆိုင်တွေမှာ သွားရောက် စစ်ဆေးမှုပြုလုပ်ပါ။
car lover