၂၀၂၀ အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ နယ်စပ်မှ လုပ်ငန်းသုံးယာဥ်တင်သွင်းခြင်းအတွက် အရောင်းစင်တာ လိုင်စင်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုမည်


၂၀၂၀ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့မှစတင်ကာ နယ်စပ်မျ လုပ်ငန်းသုံးယာဥ်များ တင်သွင်းခြင်းကို ဆောင်ရွက်လိုပါက

မော်တော်ယာဥ် အရောင်းစင်တာ၊ အ‌ရောင်းပြခန်းလိုင်စင်ဖြင့်သာ ဆောင်ရွက်ပေး တော့မည်ဖြစ်ကြောင်း မော်တော်ယာဥ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၀ ခုနှစ် ဇန်နဝါရီ တစ်ရက်နေ့မှစတင်ကာ နယ်စပ်ကုန်သွယ်‌ရေး စခန်းများမှ လုပ်ငန်းသုံး Brand New များကို သာ တင်သွင်းခွင့်ပြုပြီး၊

 

သို့သော်လည်း ပို့ကုန်သွင်းကုန်ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် လုပ်ငန်းသုံးယာဥ် တင်သွင်းခြင်းအစား ကားအရောင်းစင်တာ၊ အရောင်းပြခန်းလိုင်စင်ဖြင့်သာ တင်သွင်းခြင်းကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ဖြေလျှော့မှုအနေဖြင့် ကားအရောင်းစင်တာ၊ အရောင်းပြခန်း ဖွင့်လှစ်မှု ဆောင်ရွက်နေစဥ်ကာလအတွင်း အဆင် ပြေစေရေးအတွက် တစ်ပတ်လျှင် လုပ်ငန်းသုံးယာဥ် ၅ စီး တင်သွင်းခြင်းကို ခွင့်ပြုခဲ့သော်လည်း

 

၂၀၂၀ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့မှ စတင်ကာ နယ်စပ်ဂိတ်မှ လုပ်ငန်းသုံးယာဥ် တင်သွင်းမှုအတွက် ကားအရောင်းစင်တာ၊ အရောင်းပြခန်း လိုင်စင်ရှိမှသာ ဆောင်ရွက်ပေးသွားတော့မည် ဖြစ်ကြောင်း သိရသည်။

 

ယင်းအတွက်ကြောင့် နယ်စပ်ဂိတ်များမှ Brand New လုပ်ငန်းသုံးယာဥ်အသစ်များ တင်သွင်းခွင့်ပြုသော်လည်း ယခင်လို သွင်းကုန်၊ ပို့ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့် ရတော့မည်မဟုတ်ဘဲ ကားအရောင်းစင်တာ၊

 

အရောင်းပြခန်း လိုင်စင်ဖြင့်သာ တင်သွင်းခွင့် ရတော့မည် ဖြစ်ခြင်းကြောင့် လုပ်ငန်းသုံးကားစျေးနှုန်း မြင့်တက်လာနိုင်ကြောင်း သိရသည်။

 

Car Journal

Read 641 times