ရှန်ဟိုင်းအခြေစိုက် SAIC Motor သည် ၎င်း၏ ပထမဆုံးသော ဥရောပရေကြောင်းပို့ဆောင်ရေး ၀ န်ဆောင်မှုကို မော်တော်ယာဉ်များသာ သီးသန့်တင်သည့် ကားတင်သင်္ဘောဖြင့် စတင်လိုက်သည်။
သင်္ဘော အမည်မှာ SAIC Anji Phoenix ဖြစ်ပြီး SAIC Motor ပိုင်ဆိုင်သည့် ကားတင်သင်္ဘောများတွင် အကြီးဆုံး ဖြစ်သည်။
ကုမ္ပဏီ၏ လက်အောက်ခံ Anji Logistics မှ လုပ်ကိုင်လည်ပတ်သည်။ သင်္ဘောသည် မော်တော်ယာဉ်စီးရေ ၄၃၀၀ အထိ သယ်ဆောင်နိုင်ပြီး ကားတင်သင်္ဘောအများစုးနှင့်နှိုင်းယှဉ်လျှင် လောင်စာဆီသုံးစွဲမှု ၁၀% လျော့နည်းသည်။
SAIC Anji Phoenix ၏ ဗွေဆော်ဦး ခရီးစဉ်ဖြစ်သော တရုတ်-ဥရောပခရီးစဉ်တွင် MG အမှတ်တံဆိပ် ကားစီးရေ ၁၈၀၀ ကို တင်ဆောင်ထားသည်။ ၎င်းကားများ အားလုံးသည် လျှပ်စစ်ကားများ ဖြစ်ကြသည်။
SAIC Motor သည် ပြည်ပသို့ ရေကြောင်းမှာ ကားများတင်ပို့လျက် ရှိရာ၌ ခရီးစဉ် လေးခုကို ကားတင်သင်္ဘာများဖြင့် ပြေးဆွဲနေသည်။ အရှေ့တောင် အာရှ၊ မက္ကဆီကို၊ တောင်အာမေရိကနှင့် ဥရောပတို့ ဖြစ်သည်။
SAIC Motor သည် ကားများ ပြည်ပတင်ပို့ရောင်းချရာ၌ နံပါတ် (၁) နေရာတွင် ရှိနေသည်။ ပြည်ပသို့ ကားစီးရေ ၂၂၁ ၀၀၀ တင်ပို့ရောင််းချခဲ့သည်။ ယခု ဥရောပဈေးကွက်သို့ ၂၀၂၅ ခုနှစ် မတိုင်ခင်တွင် စီးရေ ၁၀၀ ၀၀၀ တင်ပို့ရောင်းချရန် ရည်မှန်းထားသည်။