MG အီးဗီ ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှု စတင်


MG အီးဗီ ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှု စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံမှ SAIC Motor မှ ပိုင်ဆိုင်သော MG Motor သည် ထိုင်းနိုင်ငံတွင် အီးဗီများကို စတင်ထုတ်လုပ်နေပြီဖြစ်သည်။

MG သည်  ထိုင်းနိုင်ငံ၌ ပထမဆုံး ထုတ်လုပ်သည့် New MG4 Electric Thailand Edition ကို နိုဝင်ဘာလ ၄ ရက်နေ့တွင်  ထုတ်လုပ်မှုလိုင်းမှ စတင် ထုတ်လုပ်‌ကြောင်း SAIC မှ နိုဝင်ဘာ ၅ ရက်တွင် ကြေညာပါသည်။
.

၎င်းသည် MG ၏ ထိုင်းနိုင်ငံတွင် ပထမဆုံးထုတ်လုပ်သည့် အီးဗီကားဖြစ်ပြီး MG ၏ အရှေ့တောင်အာရှဈေးကွက်တွင် လျှပ်စစ်ကားများအတွက် အနာဂတ်အစီအစဉ်များထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း SAIC ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ MG ၏ ထိုင်းနိုင်ငံတွင် ပထမဆုံးဖြစ်သော အီးဗီ စတင်ထုတ်လုပ်လိုက်သည့် အခမ်းအနားသို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် တက်ရောက်ခဲ့ပါသည်။
အဆိုပါ အီးဗီစက်ရုံကို  ထိုင်းနိုင်ငံမှ Charoen Pokphand Group (C.P. Group) နှင့် SAIC တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း SAIC Motor-CP မှ လုပ်ကိုင်ပါသည်။

MG အမှတ်တံဆိပ်သည် ထိုင်းနိုင်ငံသို့ ၂၀၁၉ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပါသည်။ ယခုအထိ အစီးရေ ၂ သိန်းကျော် ရောင်းချခဲ့ပြီး ဖြစ်ပါသည်။ 

MG4 မော်ဒယ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စတင်ရောင်းချပါသည်။ အရွယ်အစားငယ်သော ခရော့စ်အိုဗာ ကိုယ်ထည်အမျိုးအစား ဖြစ်ပြီး တရုတ်ပြည်တွင် ရာဇဝင်ထဲမှ အမျိုးသမီး စစ်သည် သူရဲကောင်း မုလန်ကို အစွဲပြုပြီး MG Mulan မော်ဒယ်အမည်ဖြင့် ရောင်းချပါသည်။
ပြည်ပဈေးကွက်များတွင် MG4 Electric မော်ဒယ်အမည်ဖြင့် ရောင်းချပါသည်။

MG4 ကို စတင်ရောင်းချသည့် အခမ်းအနားတွင် SAIC က MG4 သည် ကမ္ဘာ့ဈေးကွက်အတွက်လလျှပ်စစ်ကား ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည်။ တရုတ်ပြည်တွင်း ဈေးကွက်သာမက နိုင်ငံပေါင်း ၂၀ ခန့်သို့ တင်ပို့မည်ဟု ပြောကြားခဲ့ပါသည်။

MG4 အရွယ်အစားမှာ
• အလျား 4,287 millimeters
• အကျယ် 1,836 millimeters
• အမြင့် 1,516 millimeters
• ခါးအလျား 2,705 millimeters 
ဖြစ်ပါသည်။
ဗားရှင်း ၆ မျိုး ထုတ်လုပ်ပါသည်။
ဈေးနှုန်းများမှာ ယွမ် ၁၃၉,၈၀၀ မှ ယွမ် ၁၈၆,၈၀၀ အထိ ဖြစ်ပါသည်။

SAIC သည် ထိုင်းနိုင်ငံတွင် MG ထုတ်လုပ်ခြင်းအပြင် ဘက်ထရီများလည်း စတင်ထုတ်လုပ်နေပြီ ဖြစ်ပါသည်။

 

အောက်တိုဘာလ ၃၁ ရက်နေ့တွင် SAIC Motor-CP သည် ထိုင်းနိုင်ငံတွင် ပါဝါဘက်ထရီ စက်ရုံကို ဖွင့်လှစ်ခဲ့သည်။ တစ်နှစ်လျှင် ဘက်ထရီထုပ် ၅ သောင်းအထိ ထုတ်လုပ်နိုင်သည့် စက်ရုံ ဖြစ်ပါသည်။

Source  CnEVPost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1464 times