SAIC-GM-Wuling သည် မီနီအီးဗီအသစ် Yep အသစ်ကို ဒေါ်လာ ၁၁,၂၉၀ ဖြင့် စတင်ရောင်းချ


SAIC-GM-Wuling သည် မီနီအီးဗီအသစ် Yep အသစ်ကို ဒေါ်လာ ၁၁,၂၉၀ ဖြင့် စတင်ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 မီနီအီးဗီအသစ် Baojun Yep ကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး ဈေးပိုမြင့်သည့် ဗားရှင်းတွင်  ဒရုန်းထုတ်လုပ်သူ DJI နှင့် SAIC-GM-Wuling တို့ တီထွင်ထားသော စမတ်မောင်းနှင်မှုစနစ် ထည့်ပေးထားပါသည်။

Yep ကို SAIC-GM-Wuling ၏ Baojun အမှတ်တံဆိပ်အောက်တွင် ယွမ် ၇၉,၈၀၀ ($11,290) နှင့် ယွမ် ၈၉,၈၀၀  ဗားရှင်းနှစ်မျိုးဖြင့် ရနိုင်ပါသည်။

SAIC-GM-Wuling က ၎င်းမော်ဒယ်သည် ငယ်ရွယ်သော ဖောက်သည်များ၏ လိုအပ်ချက်များကို ပစ်မှတ်ထားရန် Square Box ဒီဇိုင်းကို အသုံးပြုထားကြောင်း ပြောကြားခဲ့သည်။

 

အရွယ်အစားမှာ
အလျား 3,381 mm
အကျယ် 1,685 mm
အမြင့် 2,110 mm
ဖြစ်ပါသည်။

SAIC-GM-Wuling ၏ Hongguang Mini EV ထက် ပိုကြီးပါသည်။
Hongguang Mini EV အရွယ်အစားမှာ
အလျား 3,059 mm
အကျယ် 1,521 mm
အမြင့် 1,614 mm
ဖြစ်ပါသည်။

Baojun Yep တွင် မော်တာတစ်လုံး တပ်ဆင်ပေးထားပြီး ပါဝါ 50 kW အထိ ရနိုင်သည်။ ရုန်းအား 140 Nm အထိ ရနိုင်သည်။
28.1 kWh ဘက်ထရီထုပ် သုံးစွဲထားပြီး ခရီးတာ 303 km ရသည်။

 

အမြန်အားသွင်းနိုင်ပြီး ဘက်ထရီအား ၃၀%မှ ၈၀%သို့ ရောက်ရန် ၃၅ မိနစ်ကြာသည်။


Baojun Yep ဈေးအမြင့်ဗားရှင်းတွင် Lingxi ဉာဏ်ရည်သုံး မောင်းနှင်စနစ် ပါသည်။ Lingxi သည် ဒရုန်းထုတ်လုပ်သူ DJI နှင့် SAIC-GM-Wuling တို့ တီထွင်ထားသော စမတ်မောင်းနှင်မှုစနစ် ဖြစ်ပါသည်။ 2023 Baojun KiWi EV မော်ဒယ်တွင်လည်း ၎င်းစနစ်ပါသည်။

 

SAIC-GM-Wuling သည် SAIC Group၊ General Motors နှင့် Liuzhou Wuling Automobile တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Liuzhou တွင် ရုံးချုပ်ထားရှိသည်။
Source CNEV
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 349 times