SAIC-GM-Wuling မီနီအီးဗီ ဒေါ်လာ ၁,၈၅၀ အထိ ဈေးလျှော့ပေး


SAIC-GM-Wuling မီနီအီးဗီ ဒေါ်လာ ၁,၈၅၀ အထိ ဈေးလျှော့ပေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

SAIC-GM-Wuling သည် ၎င်း၏ ဘတ်ဂျက်အီးဗီများကို လူအများအပြားတို့အဖို့ ဝယ်စီးဖို့ ငွေကြေးအင်အားအရ ပိုမိုတတ်နိုင်စေရန်အတွက် Mini EV မော်ဒယ်များ၏ စျေးနှုန်းများကို လျှော့ချပေးလိုက်သည်။
.
Hongguang Mini EV မော်ဒယ်များကို ယွမ် ၁၃,၀၀၀ ($1,850) အထိ ဈေးချပေးကြောင်း မေလ ၂၂ ရက်တွင် ကြေညာသည်။
.
တရုတ်အစိုးရက ကျေးလက်ဒေသတွင် အီးဗီ သုံးစွဲမှု မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည့်အတွက် ယခုလို ဈေးလျှော့ချပေးလိုက်ကြောင်း Wuling က ပြောကြားသည်။
.
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်အစုိးရသည် ကျေးလက်ဒေသများတွင် စွမ်းအင်သစ်မော်တော်ယာဉ် သုံးစွဲမှုကို ပံ့ပိုးပေးမည့် မူဝါဒတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး မော်တော်ကားထုတ်လုပ်သူများအား ကျေးလက်ဒေသများရှိ စားသုံးသူများ၏ စရိုက်လက္ခဏာများကို ပစ်မှတ်ထားပြီး ဈေးသက်သာသော မော်ဒယ်များ ထုတ်လုပ်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
.
SAIC-GM-Wuling မှ ထုတ်ပြန်သော ဈေးနှုန်းဇယားတွင် မူလက ယွမ် ၈၂,၈၀၀ ဈေးနှုန်း သတ်မှတ်သည့် Air EV ကို ယွမ် ၁၃,၀၀၀(၁၅.၇၀%) ဈေးလျှော့ချပြီး ယွမ် ၆၉,၈၀၀ ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။
Mini EV များတွင် ဈေးအများဆုံး လျှော့ပေးထားခြင်း ဖြစ်သည်။
.
အခြား Air EV မော်ဒယ် ၃ မျိုးကို ယွမ် ၁၀,၀၀၀ စီ လျှော့ပေးသည်။ ယွမ် ၆၆,၈၀၀၊ ယွမ် ၆၅,၈၀၀၊ ယွမ် ၅၇,၈၀၀ ဟု အသီးသီး သတ်မှတ်သည်။
.
Mini EV စီးရီးမှ မော်ဒယ် ၄ မျိုးစလုံးကိုလည်း ဈေးလျှော့ချသည်။ ယွမ် ၆,၀၀၀ စီ လျှော့လိုက်သည်။ ယွမ် ၆၃,၈၀၀၊ ယွမ် ၆၁,၈၀၀၊ ယွမ် ၅၁,၈၀၀၊ ယွမ် ၄၉,၈၀၀ ဟု အသီးသီး သတ်မှတ်သည်။
.
SAIC-GM-Wuling သည် 
• SAIC Group
• General Motors 
• Liuzhou Wuling Automobile တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။
တရုတ်ပြည် အနောက်တောင်ပိုင်း Guangxi Zhuang Autonomous Region မှ Liuzhou တွင် ရုံးချုပ် ထားရှိသည်။
.
GSEV (Global Small Electric Vehicle) ဗိသုကာဖြင့် အီးဗီအသေးစား မော်ဒယ်များ ထုတ်လုပ်သည်။
• Mini EV, 
• KiWi EV, 
• Nano EV
• Air EV
တို့ ပါဝင်သည်။
အားလုံးသည် လျှပ်စစ်ကားစစ်စစ်များ ဖြစ်ပါသည်။ 
 .
SAIC-GM-Wuling ဓာတ်ဆီသုံး SUV များ၊ MPV များ၊ ဗင်များကိုလည်း ထုတ်လုပ်ပါသည်။
.
Air EV ကို တရုတ်ဈေးကွက်တွင် ၂၀၂၂ ဒီဇင်ဘာလ ၁၂ ရက်တွင် ယွမ် ၆၇,၈၀၀-၈၂,၈၀၀ ဖြင့် စတင်ရောင်းချခဲ့ပါသည်။
Air EV သည် ကမ္ဘာ့ဈေးကွက်အတွက် SAIC-GM-Wuling ၏ ပထမဆုံးမော်ဒယ်ဖြစ်ပြီး ၂၀၂၃ ဩဂုတ်လတွင် အင်ဒိုနီးရှားမှာ စတင်ရောင်းချခဲ့ပါသည်။

 

Hongguang Mini EV ကို ဘက်ထရီမပါ ရောင်းချပေးပြီး ဘက်ထရီကို လစဉ်ကြေးဖြင့် ငှားရမ်းပေးသည့် အစီအစဉ်ကိုလည်း ကြေညာခဲ့ပါသည်။ ကားအတွက် ယွမ် ၁၉,၈၀၀ မျှသာ ပေးချေရပါသည်။ ဘက်ထရီ ၅ နှစ်အငှား လစဉ်ကြေးမှာ ၁၉၈ ယွမ် ဖြစ်ပါသည်။ ယခင်က ဘက်ထရီအပါ ကားဈေးနှုန်းမှာ ယွမ် ၃၂,၈၀၀ ဖြစ်ပါသည်။ 

($1 = RMB 7.0218)
Source cnevpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 424 times