SAIC-GM တရုတ်ပြည်မှ Tesla စူပါအားသွင်းကွန်ရက် သုံးစွဲရန် သဘောတူညီချက် ရယူ


SAIC-GM တရုတ်ပြည်မှ Tesla စူပါအားသွင်းကွန်ရက် သုံးစွဲရန် သဘောတူညီချက် ရယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်ပြည်မှ နိုင်ငံပိုင်လုပ်ငန်း SAIC Motor နှင့် အမေရိကန်မှ ကားလုပ်ငန်းကြီး General Motors (GM) တို့ ပူးပေါင်းထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း SAIC-GM က Tesla ၏ တရုတ်ပြည်မှ Supercharger Network ကို ယခုနှစ် ၂၀၂၃ နှစ်ကုန်မှစ၍ အသုံးပြုခွင့် ရရှိရန် တက်စလာနှင့် သဘောတူညီမှု ရယူထားပြီးဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါသည်။

SAIC-GM သည် တရုတ်ပြည်တွင် Supercharger Network သုံးစွဲခွင့်အတွက် တက်စလာနှင့် သဘောတူညီမှု ပထမဆုံး ရယူသည့် ကားလုပ်ငန်း ဖြစ်ပါသည်။

 

 အဆိုပါ သဘောတူညီမှုသည် SAIC-GM မှ ထုတ်လုပ်သည့်  Cadillac နှင့် Buick လျှပ်စစ်ကားများအားလုံး၏ ကားပိုင်ရှင်များကို Tesla ၏ စူပါအားသွင်းစခန်းများတွင် အားသွင်းခွင့် ရရှိမည် ဖြစ်သည်။

ထို့ပြင် Tesla China မှ တာဝန်ယူ လုပ်ကိုင်သည့် destination charging station ဟု ခေါ်တွင်သော ကုန်တိုက်များ၊ လုပ်ငန်းခွင်များ၊ ရုံးခန်းများ၊ ကားပါကင်များ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် ထားရှိပေးသည့် Tesla Superchargers အားသွင်းစက်များတွင်လည်း အားသွင်းခွင့် ရရှိမည်ဖြစ်သည်။
ထို့ပြင် ကားပိုင်ရှင်များသည် မိုဘိုင်းအက်ပ်ကိုလည်း အသုံးပြုခွင့် ရရှိကြမည်ဖြစ်ရာ အက်ပ်မှတဆင့် အားသွင်းစခန်းတည်နေရာ၊ အားလပ်နေသည့် အားသွင်းစက် စသည့် အချက်အလက်များကို တက်စလာကားပိုင်ရှင်များနည်းတူ  ကြည့်ရှုနိုင်မည် ဖြစ်သည်။

 

 

တရုတ်နိုင်ငံရှိ Tesla ၏ အားသွင်းကွန်ရက်တွင် လက်ရှိတွင် စူပါအားသွင်းစခန်းပေါင်း ၁,၈၀၀ ကျော် ရှိသည်။ Supercharger အားသွင်းစက် ၁၁,၀၀၀ တပ်ဆင်ပေးထားသည်။

Tesla China သည် destination charging station များ ၇၀၀ ကျော် ထားရှိပေးထားပြီး Supercharger အားသွင်းစက် ၂,၀၀၀ ကျော် တပ်ဆင်ပေးထားသည်။ 

 Supercharger Network သည် ယခင်က Tesla ကားပိုင်ရှင်များကိုသာ အားသွင်းရန် ခွင့်ပြုခဲ့ပါသည်။၂၀၂၃ ခုနှစ် ဧပြီလမှစ၍ အခြား အီးဗီအမှတ်တံဆိပ်များကို အားသွင်းရန် စမ်းသပ်အဆင့် အနေဖြင့် ခွင့်ပြုခဲ့သည်။ ထို့သို့ အားသွင်းနိုင်ရန် Supercharger Network တွင် Tesla မဟုတ်သော အီးဗီများအတွက် Supercharger စခန်း ၁၀ ခု၊ destination charging stations ၁၂၀ ခု ဖွင့်လှစ်ပေးထားပါသည်။


SAIC-GM တွင် အားသွင်းစခန်း ၅၂ ခု ရှိပြီး အားသွင်းတိုင် ၂၄၆ ခု တပ်ဆင်ပေးထားပါသည်။ 

SAIC-GM သည် အခြား အားသွင်းစခန်း ဝန်ဆောင်မှုလုပ်ငန်း ၆ ခုတို့ထံမှလည်း သဘောတူ ခွင့်ပြုချက် ရယူထားပါသည်။

 Source teslarati
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 882 times