SAIC စွမ်းအင်သစ်ကားစီးရေ ၁၀,၀၀၀ ပြည်ပတင်ပို့


SAIC စွမ်းအင်သစ်ကားစီးရေ ၁၀,၀၀၀ ပြည်ပတင်ပို့

တရုတ်နိုင်ငံမှ စွမ်းအင်သစ်ကားစီးရေ ၁၀,၀၀၀ ပြည်ပတင်ပို့ခဲ့တဲ့ သတင်းမှတ်တမ်းကို South China Morning Post က တင်ပြပါတယ်။ တရုတ်နိုင်ငံမှ စွမ်းအင်သစ်မော်တော်ယာဉ် New Energy Vehicle(NEV) များ စီးရေအများဆုံးအသုတ်ကို သင်္ဘောတင်ခဲ့တာ ဖြစ်ပါတယ်။


 NEV လို့ ဆိုရာမှာ ဘက်ထရီပါဝါသုံး ကားများ၊ ပလပ်ထိုး ဟိုက်ဘရစ်ကားများနှင့် လောင်စာဆဲလ် လျှပ်စစ်ကား မော်ဒယ်များကို ဆိုလိုပါတယ်။ အပြည့်အဝလျှပ်စစ်ကား MG4 ကားစီးရေ ၁၀,၀၀၀ ကို  SAIC Motor Corporation က ဥရောပ ဈေးကွက်သို့ ပေးပို့ရန်အတွက်  ရှန်ဟိုင်း ဟိုင်တွန်ဆိပ်ကမ်းမှာ သင်္ဘောတင်ခဲ့ပါတယ်။ 

 

MG4 EV  ကို Mulan လို့လည်း အမည်ပေးထားပါတယ်။ ယခုအခါ  နိုင်ငံပေါင်း ၈၀ ထံမှ ကားများ ဝယ်ယူဖို့ မှာကြားထားကြပါတယ်။  စတီယာရင် ဝဲနှင့် ယာ ၂ မျိုးစလုံး ထုတ်လုပ်ပါတယ်။ Nebula MSP (Modular Scalable Platform) ပေါ်မှာ တည်ဆောက်ထားပါတယ်။ ဘက်ထရီ နှစ်မျိုး ရွေးစရာ စီစဉ်ပေးထားပါတယ်။

51 kWh ဘက်ထရီက ခရီးတာ  350 km ရရှိပြီး  64 kWh ဘက်ထရီက ခရီးတာ 450 km  ရရှိပါတယ်။  ပါဝါ  330 kW အထိရနိုင်ပါတယ်။ ရုန်းအား  600 Nm အထိ ထုတ်ပေးနိုင်ပါတယ်။ သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်းသို့ အရှိန်တင်ပေးဖို့ ၃.၈ စက္ကန့် ကြာပါတယ်။ အများဆုံး အမြန်နှုန်း ကို အီလက်ထရွန်းနစ် နည်းလမ်းဖြင့်  159 km/h. အထိသာ မောင်းနိုင်အောင် စီမံပေးထားပါတယ်။ 

 

၂၀၂၂ ပထမနှစ်ဝက်မှာ ယခင်နှစ် ပထမနှစ်ဝက်တင်ပို့ခဲ့တဲ့ NEV စီးရေထက် ၁၃၀%  တိုးခဲ့ပါတယ်။ နော်ဝေးလို နိုင်ငံမျိုးတွေမှာ NEV  ဈေးကွက်က လျင်မြန်စွာ ကြီးထွားနေပါတယ်။ ၂၀၂၂ ခုနှစ်မှာ နော်ဝေပြည်တွင်းဈေးကွက်ထဲ ရောင်းချတဲ့ ကားများအားလုံးထဲမှာ ၈၀% ဟာ NEV တွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

 

 

နယူးဇီလန်၊ ဩစတြေးလျ၊ မက္ကဆီကို၊ တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်း ဈေးကွက်များသို့ Mulan ကို ၂၀၂၃ ပထမ၃လပတ်မှာ စတင်ပေးဖို့မှာ ဖြစ်ပါတယ်။ 


Source SCMP

 

#MyanmarAutomobileGuide  

Read 4790 times