တရုတ်ထိပ်တန်း ကားလုပ်ငန်းကြီး SAIC က ကားတင်သင်္ဘောများ ထပ်မံမှာကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်သူ SAIC ၏ အလျင်အမြန်ကြီးထွားလာနေသော ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းခွဲ SAIC Anji က နောက်ထပ် ကားတင်သင်္ဘောအသစ်များ တည်ဆောက်ရန် သင်္ဘောကျင်းများမှာ အမှာစာ ပေးအပ်ထားကြောင်း အတည်ပြုပြောကြားပါသည်။ ကားစီးရေ ၈,၉၀၀ တင်ဆောက်နိုင်သော ကားတင်သင်္ဘော ၇ စီး ထပ်မံမှာယူလိုက်ပါသည်။
သင်္ဘောကျင်းနှစ်ခုမှာ မှာကြားထားခြင်း ဖြစ်ပြီး Jinling သင်္ဘောကျင်းမှာ ၄ စင်း၊ Jiangnan သင်္ဘောကျင်းမှာ ၃ စင်း မှာကြားထားပါသည်။
ဈေးနှုန်းကို ထုတ်ပြန်ကြေညာခြင်း မပြုပါ။
လက်ရှိပေါက်ဈေးများအရ ခန့်မှန်းထားသည်မှာ အဆိုပါအရွယ်အစားနှင့် အမျိုးအစား ကားတင်သင်္ဘော တစ်စင်းလျှင် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကျသင့်ပါသည်။
၎င်းကားတင်သင်္ဘောများအားလုံး မက်သနောဖြင့် ခုတ်မောင်းသည့် သင်္ဘောများ ဖြစ်ပါသည်။
၂၀၂၅ နှင့် ၂၀၂၆ တို့တွင် တည်ဆောက်မှု ပြီးစီးပါမည်။
SAIC Anji သည် ယမန်နှစ်က ကားတင်သင်္ဘော အသစ် ၅ စင်း မှာကြားခဲ့ပါသည်။
SAIC မှ ပြည်ပသို့ တင်ပို့သည့် ကားများ ပို့ဆောင်ရန်အတွက် အသုံးပြုသွားမည် ဖြစ်ပါသည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U