ကားတစ်စီး၏စက်သုံးဆီသုံးစွဲနှုန်းချွေတာနိုင်မည့်နည်းလမ်းကောင်းများကိုအောက်တွင်ဖော်ပြပေးလိုက် ပါသည်။
အင်ဂျင်စွမ်းဆောင်ရည်ထိန်းသိမ်းခြင်း
အင်ဂျင်စွမ်းဆောင်ရည်အပြည့်သုံးစွဲခြင်းမှာဆီစားစေသည့်အဓိကအချက်ဖြစ်ပါသည်။
ထို့ကြောင့်မလိုအပ်ပဲအရှိန်မြင့်မောင်းနှင်ခြင်းကိုလျော့ချမည်ဆိုပါကမိမိကား၏ဆီစားနှုန်းကို ၄ ရာခိုင်နှုန်းလျော့ချပေးမည်ဖြစ်သည်။
တာယာလေဖိအားကိုထိန်းသိမ်းခြင်း
တာယာလေဖိအားနည်းလာပါကကား၏အင်ဂျင်မှာပိုရုန်းကန်ရသောကြောင့်ဆီစားနှုန်းပိုများလာစေပါသည်။
ထို့ကြောင့်တာယာ၏လေဖိအားနှင့်ဆီစားနှုန်းမှာပြောင်းပြန်အချိုးကျစေသောကြောင့် တာယာလေဖိအားကိုအမြဲစစ်ဆေးထိန်းသိမ်းခြင်းဖြင့်ဆီစားနှုန်းကို ၃.၃ ရာခိုင်နှုန်းလျော့ချနိုင်ပါသည်။
သတ်မှတ်ထားသည့်အင်ဂျင်ဝိုင်သုံးခြင်း
ကားအင်ဂျင်အမျိုးအစား၊ အင်ဂျင်အရွယ်အစားအလိုက်သတ်မှတ်ထားသည့်အင်ဂျင်ဝိုင်ကိုသုံးစွဲသင့်ပါသည်။
အင်ဂျင်ဝိုင်မကောင်းပါကဆီပိုကုန်သောကြောင့်မိမိကားနှင့်သင့်တော်သည့်အင်ဂျင်ဝိုင်ကိုရွေးချယ်သုံးစွဲခြင်းဖြင့် ဆီစားနှုန်းကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိလျော့ချနိုင်ပါသည်။
လေစစ်ကိုသန့်စင်ပေးခြင်း
လေစစ်ထဲတွင်ဖုန်မှုန့်နှင့်အမှိုက်များရှိနေပါကအင်ဂျင်မှလေရှိုက်အားပိုသုံးရသောကြောင့်ဆီပိုကုန်စေပါသည်။
ထို့ကြောင့်လေစစ်ကိုအနည်းဆုံးတစ်ပတ်တစ်ခါသန့်စင်ပေးခြင်းဖြင့်ဆီစားနှုန်းကိုလျော့ချနိုင်မည်ဖြစ်ပါသည်။
ဆီတိုင်ကီကိုလုံခြုံစွာပိတ်ထားခြင်း
စက်သုံးဆီဖြည့်ပြီးပါကဆီတိုင်ကီအဖုံးကိုလုံခြုံအောင်ပိတ်ထားရန်လိုအပ်ပါသည်။
လောင်စာဆီများအငွေ့ပြန်ပျောက်ကွယ်နိုင်သည့်စွမ်းရည်ရှိသည့်အတွက်ဆီတိုင်ကီအဖုံးများကိုလုံခြုံအောင် ပိတ်ထားခြင်းဖြင့်ဆီစားနှုန်းလျော့ပေးနိုင်ပါသည်။
နောက်ဆုံးသိထားသင့်သည့်အချက်မှာ Oxygen Sensor ပါသည့်ကားများသည်မပါသည့်ကားများထက်ဆီစားနှုန်း ၄၀ ရာခိုင်နှုန်းသက်သာပါသည်။
ထို့ကြောင့်Oxygen Sensor ကိုဖြုတ်မပစ်သင့်ပဲ Sensor လုပ်ဆောင်ချက်မှန်၊မမှန်ကိုလည်းအမြဲမပြတ်စစ်ဆေး ပေးသင့်ပါသည်။